လက် ရှိ အမေစု ရဲ့ ကျန်းမာ ရေး အခြေအနေ

Posted on

ဒေါ်အောင်ဆန်းစုကြည် သည် ကျန်းမာရေးကောင်းမွန် လျက် ရှိကာ ပုဂ္ဂိုလ်ရေး လိုအပ်ချက် များကိုလည်း ဖြည့်ဆည်းပေးထားကြောင်း ရုရှားသတင်းဌာန RIA News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြန်ကြားရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဇော်မင်းထွန်းက…

ဖြေကြားခဲ့ကြောင်း ဧပြီ ၂၅ ရက် ကြေး မုံသတင်း စာ ၏ဖော်ပြချက် အရ သိရသည်။”ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ နေအိမ်မှာပဲ နေအိမ်အကျယ်ချုပ် နည်းလမ်းအတိုင်း ထိန်းသိမ်းထားတာဖြစ်ပါတယ်။နေအိမ်အ ကျယ် ချု ပ်ကျခံသူတစ်ဦး ရသင့်ရထိုက်တဲ့..

အခွင့် အရေးအားလုံးကို သူ့အနေနဲ့ ရရှိမှာ ဖြစ်ပါတယ်။ ကျန်းမာရေးလည်း ကောင်းမွန်လျက်ရှိပါတယ်။ ပုဂ္ဂိုလ်ရေးလိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးထားပါတယ်။ ဒီအကြောင်းအရာတွေကိုလည်း သူ့ရဲ့ ရှေ့နေနဲ့ Video Call ပြောခဲ့တဲ့အချိန်မှာ အတည်ပြုထားပြီး..

ဖြစ်ပါတယ်။ ရှေ့နေကိုယ်တိုင် ဒီအရာအားလုံးကို မြင်တွေ့ခဲ့ ရပြီး ဖြစ်ပါတယ်။ သူမရဲ့ ကျန်းမာရေးကောင်းမွန်ကြောင်းကို အတည်ပြုပေးနိုင်ပါလိမ့်မယ်”ဟု ဇော်မင်းထွန်းက ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မခြောက်ခုဖြင့် တရားစွဲဆိုထားကြောင်း၊..

လက်ရှိအခြေအနေတွင် ၎င်း၏ရှေ့နေဖြင့် တွေ့ဆုံရေး အခွင့်အရေး ပေးရန် ဆုံးဖြတ်သွားမည် မဟုတ်ကြောင်း၊ ကျန်းမာရေးသည် မိမိတို့၏ တာဝန်ယူမှုအောက်တွင်ရှိ ကြောင်း၊ ထို့ကြောင့် ကူးစက်ရောဂါရှိ၊မရှိ အပြည့်အဝအာမခံမပေးနိုင်သောအပြင် လူများနှင့်တွေ့ဆုံပေးရန်..

မဖြစ်နိုင်ကြောင်း ဇော်မင်းထွန်းကပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်ကို အကျ ယ် ချု ပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည်မှာ သုံးလနီးပါးရှိလာပြီဖြစ်သည်။..

crd

Leave a Reply

Your email address will not be published. Required fields are marked *