လက်အကြော ကပ်ပြီး မျက်စိတစ်ဖက် အတွင်း အရည် ကြည်ဖုလေးများ ထသည်အထိ အရောင်း ပို့စ်များ တင်ပေး ခဲ့ကြောင်း ပြောပြ လာတဲ့ နွေးနွေးချစ်ဖွယ်

Posted on

ပရိသတ်ကြီးရေ …..ဂီတလောကမှာ ဆယ်စုနှစ်ကျော် တိုင်အောင် ရပ်တည် အောင်မြင်နေတဲ့ အမျိူးသမီးတေးသံရှင် ကတော့ နွေးနွေးချစ်ဖွယ် ဖြစ်ပါတယ်။ သူမက ဘာသာရေး ကိုင်းရှိုင်းသူတစ်ယောက် ဖြစ်ပြီး မကြာခဏဆိုသလို တရားစခန်းတွေ ကိုလည်း ဝင်ရောက်လေ့ ရှိသူ ဖြစ်ပါတယ်။ မိဘနှစ်ပါးကိုလည်း ကျွေးမွေး ပြုစုနေတဲ့ သမီး အလိမ္မာလေး ဖြစ်တဲ့အပြင် ကိုယ်တိုင်ရှာဖွေစုဆောင်းထားတဲ့ ချွေးနည်းစာများနဲ့ အလှူအတန်း တွေ များစွာကို ပြုလုပ်နေတာ ပဲဖြစ်ပါတယ်။

သူမကတော့ ဖေဖော်ဝါရီလ အစတည်း ကနေ ယခု အချိန်ထိ ပြည်သူတွေနဲ့အတူ လက်တွဲကာ အမှန်တရားဘက်ကနေ ပူးပေါင်းပါဝင် လှုပ်ရှားခဲ့တာ ပဲဖြစ်ပါတယ်။ အခုလို ပြည်သူတွေ ခက်ခဲနေတဲ့ အချိန်တွင် သူမရဲ့ Facebook အကောင့်မှ တစ်ဆင့် ကုန်ပစ္စည်းတွေကို ၁၀ရက်တိတိ မေ တ္တာဖြင့် အခမဲ့ ကြော်ငြာပေးနေတာ ဖြစ်ပါတယ်။မကြာသေးခင် အချိန်ကလည်း နွေးနွေးချစ်ဖွယ်ရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် စျေးရောင်းတဲ့ ပို့စ်တွေ တင်ပေးနေတာ ၅ရက်​ပြည့်ခဲ့ပြီ ဖြစ်ကြောင်းနဲ့ လက်အကြောကပ်ပြီး မျက်စိ တဖက် အတွင်းတွင် အရည်ကြည်ဖုလေးများ ထသည်အထိ တင်ပေးခဲ့ကြောင်းကို ပြောပြပေးလာတာ ဖြစ်ပါတယ်။

“မေတ္တာဖြင့်NNCP Market Town Post များ ၁၀ ရက်တွင် ၅ ရက်ပြည့်ခဲ့ ပြီ post ပေါင်း ၂၀၀ ကျော် တင်ပေးခဲ့ပြီးပါပြီ မေတ္တာဖြင့် အခမဲ့ တင်ရန် ၅ ရက်ကျန်သေးပါတယ် အကျိုးရှိစွာ အသုံးချကြပါ ရောင်းသူ ဝယ်သူ Deli ပို့သောမိသားစုများပါ နွေး၏ နှုတ်၏ ဆောင်မမူကြောင့် အစဉ်ပြေကြပါစေ 🙏 လက်အကြောကပ်သည်ထိတင်ပေးခဲ့ပါသည် မျက်စိ တစ်ဖက် အတွင်းတွင် အရည်ကြည်ဖုလေးများ ထသည်အထိ တင်ပေးခဲ့ပါ၏ စကားသည်မှန်ကန်သောသစ္စာ စကားသာဖြစ်ပါသည် ဤ မှန်ကန်သောသစ္စာစကားကြောင့် တူသောအကျိုးပေး၍ မြန်မာ ပြည်ကြီး အမြန်ဆုံး အေးချမ်းပါစေ 🙏”ဆိုပြီး ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း သူမရဲ့ မွန်မြတ်တဲ့ စိတ်ထားနဲ့ ကူညီပေးနေတာကြောင့် ဆုတောင်းအမြန်ပြည့်ပါစေလို့ ပြောထားကြတာလည်း တွေ့ရပါတယ်။

Photo Credit – Nway Nway Chit Phwel Fb Account

zawgyi

ပရိသတ္ႀကီးေရ …..ဂီတေလာကမွာ ဆယ္စုႏွစ္ေက်ာ္ တိုင္ေအာင္ ရပ္တည္ ေအာင္ျမင္ေနတဲ့ အမ်ိဴးသမီးေတးသံရွင္ ကေတာ့ ေႏြးေႏြးခ်စ္ဖြယ္ ျဖစ္ပါတယ္။ သူမက ဘာသာေရး ကိုင္းရႈိင္းသူတစ္ေယာက္ ျဖစ္ၿပီး မၾကာခဏဆိုသလို တရားစခန္းေတြ ကိုလည္း ဝင္ေရာက္ေလ့ ရွိသူ ျဖစ္ပါတယ္။ မိဘႏွစ္ပါးကိုလည္း ေကြၽးေမြး ျပဳစုေနတဲ့ သမီး အလိမၼာေလး ျဖစ္တဲ့အျပင္ ကိုယ္တိုင္ရွာေဖြစုေဆာင္းထားတဲ့ ေခြၽးနည္းစာမ်ားနဲ႔ အလႉအတန္း ေတြ မ်ားစြာကို ျပဳလုပ္ေနတာ ပဲျဖစ္ပါတယ္။

သူမကေတာ့ ေဖေဖာ္ဝါရီလ အစတည္း ကေန ယခု အခ်ိန္ထိ ျပည္သူေတြနဲ႔အတူ လက္တြဲကာ အမွန္တရားဘက္ကေန ပူးေပါင္းပါဝင္ လႈပ္ရွားခဲ့တာ ပဲျဖစ္ပါတယ္။ အခုလို ျပည္သူေတြ ခက္ခဲေနတဲ့ အခ်ိန္တြင္ သူမရဲ႕ Facebook အေကာင့္မွ တစ္ဆင့္ ကုန္ပစၥည္းေတြကို ၁၀ရက္တိတိ ေမ တၱာျဖင့္ အခမဲ့ ေၾကာ္ျငာေပးေနတာ ျဖစ္ပါတယ္။မၾကာေသးခင္ အခ်ိန္ကလည္း ေႏြးေႏြးခ်စ္ဖြယ္ရဲ႕ လူမူကြန္ယက္ စာမ်က္ႏွာထက္တြင္ ေစ်းေရာင္းတဲ့ ပို႔စ္ေတြ တင္ေပးေနတာ ၅ရက္​ျပည့္ခဲ့ၿပီ ျဖစ္ေၾကာင္းနဲ႔ လက္အေၾကာကပ္ၿပီး မ်က္စိ တဖက္ အတြင္းတြင္ အရည္ၾကည္ဖုေလးမ်ား ထသည္အထိ တင္ေပးခဲ့ေၾကာင္းကို ေျပာျပေပးလာတာ ျဖစ္ပါတယ္။

“ေမတၱာျဖင့္NNCP Market Town Post မ်ား ၁၀ ရက္တြင္ ၅ ရက္ျပည့္ခဲ့ ၿပီ post ေပါင္း ၂၀၀ ေက်ာ္ တင္ေပးခဲ့ၿပီးပါၿပီ ေမတၱာျဖင့္ အခမဲ့ တင္ရန္ ၅ ရက္က်န္ေသးပါတယ္ အက်ိဳးရွိစြာ အသုံးခ်ၾကပါ ေရာင္းသူ ဝယ္သူ Deli ပို႔ေသာမိသားစုမ်ားပါ ေႏြး၏ ႏႈတ္၏ ေဆာင္မမူေၾကာင့္ အစဥ္ေျပၾကပါေစ 🙏 လက္အေၾကာကပ္သည္ထိတင္ေပးခဲ့ပါသည္ မ်က္စိ တစ္ဖက္ အတြင္းတြင္ အရည္ၾကည္ဖုေလးမ်ား ထသည္အထိ တင္ေပးခဲ့ပါ၏ စကားသည္မွန္ကန္ေသာသစၥာ စကားသာျဖစ္ပါသည္ ဤ မွန္ကန္ေသာသစၥာစကားေၾကာင့္ တူေသာအက်ိဳးေပး၍ ျမန္မာ ျပည္ႀကီး အျမန္ဆုံး ေအးခ်မ္းပါေစ 🙏”ဆိုၿပီး ေဖာ္ျပေပးလာတာ ျဖစ္ပါတယ္။ပရိသတ္ေတြကလည္း သူမရဲ႕ မြန္ျမတ္တဲ့ စိတ္ထားနဲ႔ ကူညီေပးေနတာေၾကာင့္ ဆုေတာင္းအျမန္ျပည့္ပါေစလို႔ ေျပာထားၾကတာလည္း ေတြ႕ရပါတယ္။

Photo Credit – Nway Nway Chit Phwel Fb Account

Leave a Reply

Your email address will not be published. Required fields are marked *