လက်သုံးချောင်း ထောင်ခဲ့တာကြောင့် မြန်မာပြည် ပြန်ရင် မလုံခြုံနိုင်တော့တဲ့ ကိုပြည့်လျှံအောင်ကို သူ့ရဲ့အိမ်ခေါ် ထားပါမယ် ဆိုတဲ့ ဂျပန်ရောက် မြန်မာလူမျိုးတစ်ဦး

Posted on

မြန်မာနိုင်ငံအတွင်းမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ကို ပြည်သူလူထု က နိုင်ငံတကာသိမြင် အောင် လို့ နည်း လမ်း အမျိုးမျိုးနဲ့ ဖော်ထုတ်နေကြတာဖြစ်ပါတယ်။မနေ့ညက ဂျပန်နိုင်ငံ၊Chiba မြို့မှာကျင်းပတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို မြန်မာအသင် းက ကစားခဲ့တာဖြစ်ပါတယ်။ ပွဲမစခင်မှာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကနိုင်ငံတော်သီချင်းလိုက်မဆိုခဲ့ကြတဲ့ အပြင် ဘောလုံ းအားကစားသမား ကိုပြည့်လျှံအောင်ကလည်း လက်သုံးချောင်း ထောင်ကာ သူ့ရဲ့ဆန္ဒကိုထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းက ဂျပန်အသင်းကို (၁၀)ဂိုးပြတ် နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် မြန်မာပြည်သူလူထုကတော့ သူတို့ရဲ့ရဲစွမ်းသတ္တိကို အသိအမှတ်ပြုခဲ့ကြတာဖြစ်ပါတယ်။ကိုပြည့်လျှံအောင်ကလည်း ဖန်သားပြင်ပေါ်မှာ သူ့ရဲ့မျက်နှာပါလာမယ်မှန်းသိတာတောင် လက်သုံးချောင်းထောင် ခဲ့လို့ မြန်မာပြည်ပြန်လာရင် သူ့အတွက်မလုံခြုံတော့တာ ဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာနေထိုင်တဲ့ မြန်မာလူမျိုးတစ်ဦးကတော့ ပြန်ဖို့အဆင်မပြေတော့တဲ့ ကိုပြည့်လျှံအောင်ကို တတ်နိုင်သလောက် ကူညီပေးဖို့စီစဉ်နေတာဖြစ်ပါတယ်။

စေတနာရှင်မြန်မာလူမျိုးက မြန်မာအသင်း တစ်ဖွဲ့လုံး မြန်မာ့နွေဦးပါမယ်ဆိုရင်လည်း အားလုံးကို သူ့ရဲ့အိမ်ခေါ်ထာ းပြီး တာဝန်ယူစောင့် ရှောက်ပေးမှာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာ လူ့အခွင့်အရေးအပြည့်အဝရှိတာကြောင့် နီးစပ်ရာဂျပန် လူမျိုးတွေ နဲ့ ရဲ တပ် သား တွေဆီ အကူ အညီတောင်းပြီး သူ့ကိုဆက်သွယ် ဖို့အတွက် ဖုန်းနံပါတ်ပါ တင်ပေးလာတာဖြစ်ပါတယ်။အခုလိုမျိုး ရဲရဲရင့်ရင့်နဲ့ မိမိရဲ့ဆန္ဒကိုထုတ်ဖော်ခဲ့တဲ့ ကိုပြည့်လျှံအောင်အပြင် တစ်ဖွဲ့လုံးကိုပါတာဝန်ယူပေးမယ့်အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder

zawgyi

ျမန္မာႏိုင္ငံအတြင္းမွာ လက္ရွိ ျဖစ္ေပၚေနတဲ့ အေျခအေနေတြ ကို ျပည္သူလူထု က ႏိုင္ငံတကာသိျမင္ ေအာင္ လို႔ နည္း လမ္း အမ်ိဳးမ်ိဳးနဲ႔ ေဖာ္ထုတ္ေနၾကတာျဖစ္ပါတယ္။မေန႔ညက ဂ်ပန္ႏိုင္ငံ၊Chiba ၿမိဳ႕မွာက်င္းပတဲ့ ကမာၻ႔ဖလားေျခစစ္ပြဲကို ျမန္မာအသင္ းက ကစားခဲ့တာျဖစ္ပါတယ္။ ပြဲမစခင္မွာ ျမန္မာ့လက္ေ႐ြးစင္ ေဘာလုံးအသင္းကႏိုင္ငံေတာ္သီခ်င္းလိုက္မဆိုခဲ့ၾကတဲ့ အျပင္ ေဘာလုံ းအားကစားသမား ကိုျပည့္လွ်ံေအာင္ကလည္း လက္သုံးေခ်ာင္း ေထာင္ကာ သူ႔ရဲ႕ဆႏၵကိုထုတ္ေဖာ္ခဲ့တာျဖစ္ပါတယ္။

ျမန္မာအသင္းက ဂ်ပန္အသင္းကို (၁၀)ဂိုးျပတ္ နဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္ ျမန္မာျပည္သူလူထုကေတာ့ သူတို႔ရဲ႕ရဲစြမ္းသတၱိကို အသိအမွတ္ျပဳခဲ့ၾကတာျဖစ္ပါတယ္။ကိုျပည့္လွ်ံေအာင္ကလည္း ဖန္သားျပင္ေပၚမွာ သူ႔ရဲ႕မ်က္ႏွာပါလာမယ္မွန္းသိတာေတာင္ လက္သုံးေခ်ာင္းေထာင္ ခဲ့လို႔ ျမန္မာျပည္ျပန္လာရင္ သူ႔အတြက္မလုံၿခဳံေတာ့တာ ျဖစ္ပါတယ္။ဂ်ပန္ႏိုင္ငံမွာေနထိုင္တဲ့ ျမန္မာလူမ်ိဳးတစ္ဦးကေတာ့ ျပန္ဖို႔အဆင္မေျပေတာ့တဲ့ ကိုျပည့္လွ်ံေအာင္ကို တတ္ႏိုင္သေလာက္ ကူညီေပးဖို႔စီစဥ္ေနတာျဖစ္ပါတယ္။

ေစတနာရွင္ျမန္မာလူမ်ိဳးက ျမန္မာအသင္း တစ္ဖြဲ႕လုံး ျမန္မာ့ေႏြဦးပါမယ္ဆိုရင္လည္း အားလုံးကို သူ႔ရဲ႕အိမ္ေခၚထာ းၿပီး တာဝန္ယူေစာင့္ ေရွာက္ေပးမွာျဖစ္ပါတယ္။ဂ်ပန္ႏိုင္ငံမွာ လူ႔အခြင့္အေရးအျပည့္အဝရွိတာေၾကာင့္ နီးစပ္ရာဂ်ပန္ လူမ်ိဳးေတြ နဲ႔ ရဲ တပ္ သား ေတြဆီ အကူ အညီေတာင္းၿပီး သူ႔ကိုဆက္သြယ္ ဖို႔အတြက္ ဖုန္းနံပါတ္ပါ တင္ေပးလာတာျဖစ္ပါတယ္။အခုလိုမ်ိဳး ရဲရဲရင့္ရင့္နဲ႔ မိမိရဲ႕ဆႏၵကိုထုတ္ေဖာ္ခဲ့တဲ့ ကိုျပည့္လွ်ံေအာင္အျပင္ တစ္ဖြဲ႕လုံးကိုပါတာဝန္ယူေပးမယ့္အေၾကာင္းေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Source&Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *