မျက်ရည်ယိုဗုံးအကြောင်း သိကောင်းစရာနဲ့ ကာကွယ် ရမယ့် နည်းလမ်းများ (အသုံးဝင်တာမို့ ရှယ်ပေးကြပါ)အင်္ကျီကို ၂ထပ်ဝတ်သွားပါ။ ဦးထုတ်အမာဆောင်းပါ သွားလာလှုပ်ရှားလို့ကောင်းတဲ့ အဝတ်အစားဝတ်ပါ။ရေတစ်ဗူးလက်မှာအမြဲကိုင်ထားပါ။ အဝတ်စ/ပဝါ ဆောင်ထားပါ။ မျက်ရည်ယိုဗုံး သုံးခဲ့ရင် ရေဆွတ်ပြီး နှာခေါင်းပေါ်အုပ်ပါ။ ဖုံးကိုရေစိုခံအိပ်ထဲထည့်ပါ။ကိုယ့်ဘေးပတ်ဝန်းကျင်အမြဲသတိရှိပါ။ တလျိုတွေပါနေတတ်ပါတယ်။
Edit: အကယ်၍ မျက်ရည်ယိုဗုံးထိခဲ့လျှင် ….မျက်ရည်ယိုဗုံး သည် အငွေ့ မဟုတ်ပါ အမှုန်အမွှားလေးတွေဖြစ်သည်၁) အကယ်၍ ထိတွေ့ခဲ့လျှင် လက်ဖြင့်အခြားအရာများမထိပါနဲ့ အထူးသဖြင့် မျက်နှာ အမှုန်ဖြစ်သောကြောင့် သင့်လက်နှစ်ဖက်အား ငှက်ပျံသလို ခါချပါ ပြီးမှ ကိုင်တယ်ပါ
၂) မျက်စိအား ဖွင့်လိုက် ပိတ်လိုက်လုပ်ပါ
၃) Tear Gas အငွေ့ထွက်ရာ မပြေးပါနဲ့ ဆန့်ကျင်ဘက်ကို ပြေးပါ (အမှုန်ဖြစ်သောကြောင့် လေကြောင်း ဆန့်ကျင်ရာပြေးပါ)
၄) လက်နဲ့မျက်နှာ လုံးဝထိမရပါ မြေကြီးပေါ်မျက်နှာမူကာ မျက်ရည် တွေ နှာရည်တွေ ထုတ်လိုက်ပါ ချောင်းဆိုးပါလိမ့်မည် မစိုးရိမ်ပါနဲ့ (အဲလိုဖြစ်တာတွေက သက်သာမှုရမှာပါ)
၅) ရေဖြင့် ပလုတ်ကျင်းပါ (ရေမမြိုချရ)၆) အဝတ်အစားများ ချွတ်ပြစ်ပါ (အဝတ်ပေါ်တွင် အမှုန်များရှိနေပါသည်) လည်ပင်းကစချွတ်ပါ အောက်ကလှန်မချွတ်ရ
၇) Tear Gas မထိထားသူ တစ်ယောက်က လက်အိတ်ဝတ်ကာ မျက်စိ ဆေးပေးပါ
၈) လူ့အသားရေ Tear Gas ထိထားလျှင် ဆပ်ပြာ အသုံးပြုကာ ရေသန့်ဖြင့် ဆေးကြေ ာပါ (Tear Gas မထိထားသူကဆေးပေးရပါမယ်)
Crd