လက်ရှိ အခြေအနေ မပြီးမချင်း အိမ်ပြန် မအိပ်ဘူး ဆိုပြီး လမ်းမပေါ် မှာပဲ အဆင်ပြေ သလိုလေး အိပ်နေကြတဲ့ ပြည်သူ တချို့

Posted on

Gen Zတွေကတော့ အခုလိုအချိန်မျိုးမှာ သူတို့ရဲ့ ရဲစွမ်းသတ္တိတွေကို ထုတ်ပြနေပြီး ရှေ့ဆုံး ကနေ ပါဝင်ဆောင်ရွက်နေကြတာပဲဖြစ်ပါတယ်။ပြည်သူလူထုကလည်း ဒီနေ့အချိန်ထိတိုင် မလျော့သော ဇွဲ၊လုံ့လ၊ဝီရိယတို့နဲ့ ရင်ဆိုင်နေကြဆဲဖြစ်ပြီး မိမိတို့စွမ်းဆောင်နိုင် သလောက်တာဝန်တွေကို ကိုယ်စီ ထမ်းရွက်နေကြတာ ဖြစ်ပါတယ်။Gen X,Y,Zတွေကို Gen Alphaလေးတွေကပါ တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနေကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေတွေ ကတော့ နှစ်လပြည့်သွားသည့်တိုင်အောင် လူထုလှုပ်ရှားမှုတွေကို ဆက်လက်ပြုလုပ်နေကြတာ ကိုတွေ့မြင်နေရဆဲဖြစ်ပါတယ်။

လူငယ်တွေကလည်း နေ့စဉ်ရက်ဆက်ရင်ဆိုင်နေ ရပေမယ့် မမောမပန်း နိုင်ကြဘဲ ခွန်အားအပြည့်ရှိနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း တချို့လူငယ်တွေက “လက်ရှိအခြေအနေမပြီးမချင်း အိမ်ပြန်မအိပ်ဘူး”ဆိုပြီး လမ်းမပေါ်မှာပဲ အိပ်နေကြတာဖြစ်ပါတယ်။ နေ့ဘက်တွေမှာ ပင်ပင်ပန်းပန်းလှုပ်ရှားနေကြတဲ့ လူငယ်တွေကတော့ ညဘက်ဆိုလည်း လမ်းပေါ်မှာအခင်းလေးတွေခင်းပြီး ခဏတာအိပ်စက်အနားယူနေကြတာဖြစ်ပါတယ်။ရှေ့တန်းကနေအသက်ပေးပြီးကာကွယ်နေကြတဲ့လူငယ်တွေကိုလည်း ပြည်သူတွေကလေးစားနေကြတာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာဆိုရင် ပြည်သူလူထုကလည်း အပြန်အလှန်ကာကွယ် စောင့်ရှောက်ပေးကြတာဖြစ်လို့ ကြုံဆုံလာရတဲ့အခက်အခဲတွေကို အတူတူမျှဝေခံစားပေးနေကြတာ ဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ လမ်းပေါ်ထွက်ရင်အသက်အန္တရာယ်မလုံခြုံဘူးဆိုတာကို သိပေမယ့်လည်း လူငယ်တွေကတော့ နေ့ဘက်တင်မကဘဲ ညဘက်တွေပါလမ်းပေါ်မှာနေကြတာဖြစ်ပါတယ်။လမ်းပေါ်မှာ အဆင်ပြေသလိုလေးအိပ်နေကြတဲ့ ပြည်သူတချို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder

zawgyi

Gen Zေတြကေတာ့ အခုလိုအခ်ိန္မ်ိဳးမွာ သူတို႔ရဲ႕ ရဲစြမ္းသတၱိေတြကို ထုတ္ျပေနၿပီး ေရွ႕ဆုံး ကေန ပါဝင္ေဆာင္႐ြက္ေနၾကတာပဲျဖစ္ပါတယ္။ျပည္သူလူထုကလည္း ဒီေန႔အခ်ိန္ထိတိုင္ မေလ်ာ့ေသာ ဇြဲ၊လုံ႔လ၊ဝီရိယတို႔နဲ႔ ရင္ဆိုင္ေနၾကဆဲျဖစ္ၿပီး မိမိတို႔စြမ္းေဆာင္ႏိုင္ သေလာက္တာဝန္ေတြကို ကိုယ္စီ ထမ္း႐ြက္ေနၾကတာ ျဖစ္ပါတယ္။Gen X,Y,Zေတြကို Gen Alphaေလးေတြကပါ တစ္ေထာင့္တစ္ေနရာကေနပါဝင္ကူညီေပးေနၾကတာျဖစ္ပါတယ္။လက္ရွိအေျခအေနေတြ ကေတာ့ ႏွစ္လျပည့္သြားသည့္တိုင္ေအာင္ လူထုလႈပ္ရွားမႈေတြကို ဆက္လက္ျပဳလုပ္ေနၾကတာ ကိုေတြ႕ျမင္ေနရဆဲျဖစ္ပါတယ္။

လူငယ္ေတြကလည္း ေန႔စဥ္ရက္ဆက္ရင္ဆိုင္ေန ရေပမယ့္ မေမာမပန္း ႏိုင္ၾကဘဲ ခြန္အားအျပည့္ရွိေနၾကတာျဖစ္ပါတယ္။အခုဆိုရင္လည္း တခ်ိဳ႕လူငယ္ေတြက “လက္ရွိအေျခအေနမၿပီးမခ်င္း အိမ္ျပန္မအိပ္ဘူး”ဆိုၿပီး လမ္းမေပၚမွာပဲ အိပ္ေနၾကတာျဖစ္ပါတယ္။ ေန႔ဘက္ေတြမွာ ပင္ပင္ပန္းပန္းလႈပ္ရွားေနၾကတဲ့ လူငယ္ေတြကေတာ့ ညဘက္ဆိုလည္း လမ္းေပၚမွာအခင္းေလးေတြခင္းၿပီး ခဏတာအိပ္စက္အနားယူေနၾကတာျဖစ္ပါတယ္။ေရွ႕တန္းကေနအသက္ေပးၿပီးကာကြယ္ေနၾကတဲ့လူငယ္ေတြကိုလည္း ျပည္သူေတြကေလးစားေနၾကတာျဖစ္ပါတယ္။

လက္ရွိအေျခအေနမွာဆိုရင္ ျပည္သူလူထုကလည္း အျပန္အလွန္ကာကြယ္ ေစာင့္ေရွာက္ေပးၾကတာျဖစ္လို႔ ႀကဳံဆုံလာရတဲ့အခက္အခဲေတြကို အတူတူမွ်ေဝခံစားေပးေနၾကတာ ျဖစ္ပါတယ္။အခုလိုအခ်ိန္မ်ိဳးမွာ လမ္းေပၚထြက္ရင္အသက္အႏၲရာယ္မလုံၿခဳံဘူးဆိုတာကို သိေပမယ့္လည္း လူငယ္ေတြကေတာ့ ေန႔ဘက္တင္မကဘဲ ညဘက္ေတြပါလမ္းေပၚမွာေနၾကတာျဖစ္ပါတယ္။လမ္းေပၚမွာ အဆင္ေျပသလိုေလးအိပ္ေနၾကတဲ့ ျပည္သူတခ်ိဳ႕ရဲ႕ပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Photo Credit:Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *