လက်ရှိ အခြေအနေ ကတော့ တောင်းမစားရရုံတမယ်ပါပဲ လို့ Covid ကာလ စီးပွားရေး အခြေအနေ ကို ပြောပြလာတဲ့ သင်ဇာဝင့်ကျော်

Posted on

မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ အမြောက်အများ ရို က်ကူးခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် သင်ဇာဝင့်ကျော်က ပုရိသတွေကြားမှာ အရမ်းကို ရေပန်းစား နာမည်ကြီးနေသူလေးအဖြစ် အရင်ကထက်တောင် ပိုမိုအောင်မြင် လာတာ ဖြစ်ပါတယ်။ အမြဲတမ်း လိုလို အလန်းစားဖက်ရှင်တွေနဲ့ အပြတ်အသတ်ဂေါ်နေတတ်တဲ့ သင်ဇာက အားလုံးရဲ့စိတ်ဝင်တစား စောင့်ကြည့်ခြင်းခံနေရတာလည်း ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့လက်ရှိမှာ အနုပညာလုပ်ငန်းတွေကို ကိုဗစ်ကာလ ဖြစ်တာကြောင့် ရပ်နားထားရတာဖြစ်ပြီး ယခုကာလသူမရဲ့ စီးပွားရေး အခြေအနေကိုတော့ “ဝင်ငွေ မရှိဘူး ၊ ထွက်ငွေတွေချည်းပဲဆိုတော့ ဒါက သိတဲ့ အတိုင်းပဲ ထွေထွေ ထူးထူး ပြောနေဖို့မလိုပါဘူး ၊တောင်းစားမရရုံတမယ်ပါပဲ “လို့ ဆိုလာခဲ့တာဖြစ်ပါတယ်..

ကိုဗစ်ကာလမှာ အနုပညာလုပ်ငန်းတွေနားထားရတာကြောင့် အနုပညာရှင်တော်တော်များများ အွန်လိုင်း ကနေတဆင့် အစားအသောက်ရောင်းချခြင်းများ live sale များပြုလုပ်လာကြတဲ့အပေါ် သင်ဇာဝင့်ကျော်က သူမရဲ့ အမြင်ကို အခုလိုပြောပါတယ်။ ကောင်းတာပေါ့ လူတွေဆိုတာကလေ ဘယ်လောက်ပဲ အခက်အခဲ ကြုံနေ ကြုံနေ နောက်ဆုံးမရရတဲ့ နည်းနဲ့ လုပ်ကြရတယ်ဆိုတာ ဒီကိုဗစ်ကာလမှာပေါ်လာတာပဲ အစကတော့ ဒီလိုမျိုးကြီးဖြစ်လို့ ဘယ်လို အလုပ်လုပ်ကြမလဲ မသိဘူး စဉ်းစားတာပေါ့ နောက်တော့လည်း လုပ်လို့ဖြစ်နေတာပဲလေ .. ဘာပဲဖြစ်ဖြစ် လူဆိုတဲ့အရာက ဘယ်လောက်ပဲ အခက်အခဲရှိရှိ ဒါကို ရအောင်ကျော်ဖြတ်နိုင်တယ်ဆိုတာ သင်ဇာ သိလိုက်တယ် .. အဲ့ဒီအတွက်အကြောင့်လည်းအခု ရောဂါ ဘယ်လိုပဲ ပျံ့နှံပစေ ဒါကြီးကို ကိုယ်တွေ တိုက်ထုတ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပဲ ရှေ့ဆက်နေရတာပေါ့ “ လို့ သူမကဆိုလာခဲ့တာဖြစ်ပါတယ်

၂၀၂၀ မှာ ဘာတွေပြောင်းလဲ လာသလဲဆိုရင် အသက် တစ်နှစ်ပိုကြီးသွားတယ် ၊ အိမ်ထဲမှာနေရတာ ကြာ လို့ အသားတွေ ပိုဖြူလာတယ် ၊ ပြီးတော့ ဝင်ငွေ မရှိဘူး ၊ ထွက်ငွေတွေချည်းပဲဆိုတော့ ဒါက သိတဲ့ အတိုင်းပဲ ထွေထွေ ထူးထူး ပြောနေဖို့မလိုပါဘူး ၊တောင်းစားမရရုံတမယ်ပါပဲ “ လို့လည်း သူမကဆိုပါတယ် ဒါ့အပြင် ကိုဗစ်ကာလကြီးလွန်မြောက်သွားပါက ခရီးတွေထွက်မည့်အပြင် မနားရရင် နေပါစေ လုပ်ချင်တဲ့ အရာတွေအကုန်လုံး တန်းစီပြီး လုပ်ပစ်မှာ လို့လည်း ဆက်လက်ပြောပြသွားခဲ့ပါသေးတယ်။သင်ဇာဝင့်ကျော်ကတော့ ယခုကိုဗစ်ကာမှာ သူမအနေနဲ့ ဝင်ငွေကင်းမဲ့နေတဲ့အကြောင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် သင်ဇာ့ရဲ့ ပြောဆိုမှုအပေါ် ပရိသတ်ကြီးရဲ့ အမြင်ကိုလည်း ပြောခဲ့ကြပါအုန်းနော်

crd

zawgyi

မင္းသမီးေခ်ာေလး သင္ဇာဝင့္ေက်ာ္ကေတာ့ သ႐ုပ္ေဆာင္အျဖစ္ ဇာတ္ကားေတြ အေျမာက္အမ်ား ႐ို က္ကူးခဲ့ၿပီး ပရိသတ္ေတြရဲ႕အားေပးမႈကို ရရွိခဲ့တာ ျဖစ္ပါတယ္။ အခုဆိုရင္ သင္ဇာဝင့္ေက်ာ္က ပုရိသေတြၾကားမွာ အရမ္းကို ေရပန္းစား နာမည္ႀကီးေနသူေလးအျဖစ္ အရင္ကထက္ေတာင္ ပိုမိုေအာင္ျမင္ လာတာ ျဖစ္ပါတယ္။ အၿမဲတမ္း လိုလို အလန္းစားဖက္ရွင္ေတြနဲ႔ အျပတ္အသတ္ေဂၚေနတတ္တဲ့ သင္ဇာက အားလုံးရဲ႕စိတ္ဝင္တစား ေစာင့္ၾကည့္ျခင္းခံေနရတာလည္း ျဖစ္ပါတယ္။ သင္ဇာဝင့္ေက်ာ္ကေတာ့လက္ရွိမွာ အႏုပညာလုပ္ငန္းေတြကို ကိုဗစ္ကာလ ျဖစ္တာေၾကာင့္ ရပ္နားထားရတာျဖစ္ၿပီး ယခုကာလသူမရဲ႕ စီးပြားေရး အေျခအေနကိုေတာ့ “ဝင္ေငြ မရွိဘူး ၊ ထြက္ေငြေတြခ်ည္းပဲဆိုေတာ့ ဒါက သိတဲ့ အတိုင္းပဲ ေထြေထြ ထူးထူး ေျပာေနဖို႔မလိုပါဘူး ၊ေတာင္းစားမရ႐ုံတမယ္ပါပဲ “လို႔ ဆိုလာခဲ့တာျဖစ္ပါတယ္..

ကိုဗစ္ကာလမွာ အႏုပညာလုပ္ငန္းေတြနားထားရတာေၾကာင့္ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ား အြန္လိုင္း ကေနတဆင့္ အစားအေသာက္ေရာင္းခ်ျခင္းမ်ား live sale မ်ားျပဳလုပ္လာၾကတဲ့အေပၚ သင္ဇာဝင့္ေက်ာ္က သူမရဲ႕ အျမင္ကို အခုလိုေျပာပါတယ္။ ေကာင္းတာေပါ့ လူေတြဆိုတာကေလ ဘယ္ေလာက္ပဲ အခက္အခဲ ႀကဳံေန ႀကဳံေန ေနာက္ဆုံးမရရတဲ့ နည္းနဲ႔ လုပ္ၾကရတယ္ဆိုတာ ဒီကိုဗစ္ကာလမွာေပၚလာတာပဲ အစကေတာ့ ဒီလိုမ်ိဳးႀကီးျဖစ္လို႔ ဘယ္လို အလုပ္လုပ္ၾကမလဲ မသိဘူး စဥ္းစားတာေပါ့ ေနာက္ေတာ့လည္း လုပ္လို႔ျဖစ္ေနတာပဲေလ .. ဘာပဲျဖစ္ျဖစ္ လူဆိုတဲ့အရာက ဘယ္ေလာက္ပဲ အခက္အခဲရွိရွိ ဒါကို ရေအာင္ေက်ာ္ျဖတ္ႏိုင္တယ္ဆိုတာ သင္ဇာ သိလိုက္တယ္ .. အဲ့ဒီအတြက္အေၾကာင့္လည္းအခု ေရာဂါ ဘယ္လိုပဲ ပ်ံ႕ႏွံပေစ ဒါႀကီးကို ကိုယ္ေတြ တိုက္ထုတ္ႏိုင္တယ္ဆိုတဲ့ ယုံၾကည္ခ်က္နဲ႔ပဲ ေရွ႕ဆက္ေနရတာေပါ့ “ လို႔ သူမကဆိုလာခဲ့တာျဖစ္ပါတယ္

၂၀၂၀ မွာ ဘာေတြေျပာင္းလဲ လာသလဲဆိုရင္ အသက္ တစ္ႏွစ္ပိုႀကီးသြားတယ္ ၊ အိမ္ထဲမွာေနရတာ ၾကာ လို႔ အသားေတြ ပိုျဖဴလာတယ္ ၊ ၿပီးေတာ့ ဝင္ေငြ မရွိဘူး ၊ ထြက္ေငြေတြခ်ည္းပဲဆိုေတာ့ ဒါက သိတဲ့ အတိုင္းပဲ ေထြေထြ ထူးထူး ေျပာေနဖို႔မလိုပါဘူး ၊ေတာင္းစားမရ႐ုံတမယ္ပါပဲ “ လို႔လည္း သူမကဆိုပါတယ္ ဒါ့အျပင္ ကိုဗစ္ကာလႀကီးလြန္ေျမာက္သြားပါက ခရီးေတြထြက္မည့္အျပင္ မနားရရင္ ေနပါေစ လုပ္ခ်င္တဲ့ အရာေတြအကုန္လုံး တန္းစီၿပီး လုပ္ပစ္မွာ လို႔လည္း ဆက္လက္ေျပာျပသြားခဲ့ပါေသးတယ္။သင္ဇာဝင့္ေက်ာ္ကေတာ့ ယခုကိုဗစ္ကာမွာ သူမအေနနဲ႔ ဝင္ေငြကင္းမဲ့ေနတဲ့အေၾကာင္းေျပာျပလာခဲ့တာပဲျဖစ္ပါတယ္ေနာ္ သင္ဇာ့ရဲ႕ ေျပာဆိုမႈအေပၚ ပရိသတ္ႀကီးရဲ႕ အျမင္ကိုလည္း ေျပာခဲ့ၾကပါအုန္းေနာ္

crd

Leave a Reply

Your email address will not be published. Required fields are marked *