လက်ရှိ အခြေအနေမှာ သမီးတွေက သတ္တိအပြည့်နဲ့ တစ်တပ်တစ်အား ပါဝင်နေကြလို့ မွေးရကျိုး နပ်ပြီးဂုဏ်ယူနေ တဲ့ အေးသောင်း တို့ရဲ့ မေမေ

Posted on

နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်းနဲ့ဆွိဝတ်ရည်သောင်းတို့ ညီအစ်မ သုံးယောက်ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်ကိုယ်စီနဲ့ရပ်တည်နေကြတာဖြစ်ပါတယ်။အေးသောင်းကအနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီး နှင်းသောင်းကတော့ အနုပညာအလုပ်တွေနဲ့ဝေးကွာနေကာ နိုင်ငံရပ်ခြားမှာနေထိုင်နေတာဖြစ်ပါတယ်နော်။ ပရိသတ်တွေကတော့ အနုပညာ လမ်းကြောင်းပေါ်မှာ နှင်းသောင်းကို မတွေ့ရတော့ပေမယ့်အမြဲ ထာဝရအားပေးချစ်ခင်နေကြတာပဲဖြစ်ပါတယ်။

နှင်းဝတ်ရည်သောင်းက လက်ရှိမှာဆိုရင် နိုင်ငံ ရပ်ခြားမှာနေထိုင်နေပေမယ့် မိသားစုနဲ့တော့ အမြဲအဆက်အသွယ်ရှိပြီး အဝေးကနေဂရုစိုက်ပေးနေတာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ကိစ္စမှာဆိုရင်လည်း နှင်းသောင်းက နိုင်ငံအတွက်တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်နော်။နှင်းသောင်းကလည်း သူမနေ ထိုင်ရာလန်ဒန်မှာပဲ Liveတွေလွှင့်ပြီး မြန်မာပြည်သူ၊ပြည်သားတွေနဲ့အတူ တစ်သွေးတည်း၊တစ်သားတည်းရှိပြီး ခိုင်ခိုင်မာမာရပ်တည်ပေးနေတာဖြစ်ပါတယ်။

အေးသောင်းကတော့ မန္တလေးရောက်ရှိနေတာဖြစ်လို့ မန္တလေးကပြည်သူတွေနဲ့အတူ တက်တက်ကြွကြွနဲ့ပါဝင်လှုပ်ရှားပြီး ဆွိသောင်းကလည်း ရန်ကုန်မှာ အားတက်သရောစွမ်းဆောင်နေတာဖြစ်ပါတယ်။နှင်းသောင်းတို့ရဲ့မိခင်ကတော့ သမီးသုံးယောက်လုံးက သတ္တိအပြည့်ရှိကြလို့ မွေးရကျိုးနပ်ပြီး ဂုဏ်ယူနေတာဖြစ်ပါတယ်။နှင်းသောင်းတို့ညီအစ်မသုံးယောက်လုံးကလည်း တစ်ယောက်တစ်နေရာစီ ရောက်နေကြပေမယ့် စိတ်တူကိုယ်တူရှိကြပြီး နိုင်ငံအတွက် တစ်ဖက်တစ်လမ်းကနေ တာဝန်ကျေပွန်နေကြတာပဲဖြစ်ပါတယ်နော်။

Source&Photo Credit:Phyu Phyu Soe’s Facebook Acc

zawgyi

ႏွင္းဝတ္ရည္ေသာင္း၊ ေအးဝတ္ရည္ေသာင္းနဲ႔ဆြိဝတ္ရည္ေသာင္းတို႔ ညီအစ္မ သုံးေယာက္ကေတာ့ အႏုပညာလမ္းေၾကာင္းေပၚမွာ ပရိသတ္ကိုယ္စီနဲ႔ရပ္တည္ေနၾကတာျဖစ္ပါတယ္။ေအးေသာင္းကအႏုပညာအလုပ္ေတြကို တစိုက္မက္မက္လုပ္ေဆာင္ေနၿပီး ႏွင္းေသာင္းကေတာ့ အႏုပညာအလုပ္ေတြနဲ႔ေဝးကြာေနကာ ႏိုင္ငံရပ္ျခားမွာေနထိုင္ေနတာျဖစ္ပါတယ္ေနာ္။ ပရိသတ္ေတြကေတာ့ အႏုပညာ လမ္းေၾကာင္းေပၚမွာ ႏွင္းေသာင္းကို မေတြ႕ရေတာ့ေပမယ့္အၿမဲ ထာဝရအားေပးခ်စ္ခင္ေနၾကတာပဲျဖစ္ပါတယ္။

ႏွင္းဝတ္ရည္ေသာင္းက လက္ရွိမွာဆိုရင္ ႏိုင္ငံ ရပ္ျခားမွာေနထိုင္ေနေပမယ့္ မိသားစုနဲ႔ေတာ့ အၿမဲအဆက္အသြယ္ရွိၿပီး အေဝးကေနဂ႐ုစိုက္ေပးေနတာျဖစ္ပါတယ္။လက္ရွိျဖစ္ေပၚေနတဲ့ကိစၥမွာဆိုရင္လည္း ႏွင္းေသာင္းက ႏိုင္ငံအတြက္တစ္ေထာင့္တစ္ေနရာကေန ပါဝင္လႈပ္ရွားေနတာျဖစ္ပါတယ္ေနာ္။ႏွင္းေသာင္းကလည္း သူမေန ထိုင္ရာလန္ဒန္မွာပဲ Liveေတြလႊင့္ၿပီး ျမန္မာျပည္သူ၊ျပည္သားေတြနဲ႔အတူ တစ္ေသြးတည္း၊တစ္သားတည္းရွိၿပီး ခိုင္ခိုင္မာမာရပ္တည္ေပးေနတာျဖစ္ပါတယ္။

ေအးေသာင္းကေတာ့ မႏၲေလးေရာက္ရွိေနတာျဖစ္လို႔ မႏၲေလးကျပည္သူေတြနဲ႔အတူ တက္တက္ႂကြႂကြနဲ႔ပါဝင္လႈပ္ရွားၿပီး ဆြိေသာင္းကလည္း ရန္ကုန္မွာ အားတက္သေရာစြမ္းေဆာင္ေနတာျဖစ္ပါတယ္။ႏွင္းေသာင္းတို႔ရဲ႕မိခင္ကေတာ့ သမီးသုံးေယာက္လုံးက သတၱိအျပည့္ရွိၾကလို႔ ေမြးရက်ိဳးနပ္ၿပီး ဂုဏ္ယူေနတာျဖစ္ပါတယ္။ႏွင္းေသာင္းတို႔ညီအစ္မသုံးေယာက္လုံးကလည္း တစ္ေယာက္တစ္ေနရာစီ ေရာက္ေနၾကေပမယ့္ စိတ္တူကိုယ္တူရွိၾကၿပီး ႏိုင္ငံအတြက္ တစ္ဖက္တစ္လမ္းကေန တာဝန္ေက်ပြန္ေနၾကတာပဲျဖစ္ပါတယ္ေနာ္။

Source&Photo Credit:Phyu Phyu Soe’s Facebook Acc

Leave a Reply

Your email address will not be published. Required fields are marked *