လက်ရှိ အချိန်တွင် အခက်အခဲ ဖြစ်နေ ကြသော ပြည်သူတွေ အတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီဖို့ အတွက် ပြင်ဆင်နေတဲ့ စူးရှထက် ရဲ့ ဗီဒီယို

Posted on

မော်ဒယ် စူးရှထက်ကတော့ ပရိသတ်တွေ ရဲ့ အားပေးမှုတွေကို သိမ်းပိုက် ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေနဲ့အတူ မှန်ကန်တဲ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးနေသူလည်း ဖြစ်ပါတယ်။ သူမကတော့ မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ် နေတဲ့ လူထု လှုပ်ရှားမှုတွေမှာ ဖေဖော်ဝါရီလ အစကတည်းမှ စတင်ကာ တက်ကြွစွာပူးပေါင်းပါဝင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

လက်ရှိ အခြေအနေတွင် စားဝတ်နေရေး အခက်အခဲများ နဲ့ ရင်ဆိုင် ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် သူမစုဆောင်းထားတဲ့ ငွေကြေးတစ်ချို့နဲ့ စားသောက်ကုန်တစ်ချို့ကို လှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့မွေးနေ့ရက်မှာလည်း အလှူအတန်းတွေ ပြုလုပ်ရင်းနဲ့သာ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပြီး ပရိသတ်တွေ ကလည်း စူးရှထက်ရဲ့ မွန်မြတ်တဲ့အလှူလေးကို သာဓုခေါ်နေကြတာပါ။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း စူးရှထက်ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ပုံရိပ် တစ်ချို့ကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။

သူမကလည်း ” အခုချိန်မှာစားဖို့အခက်အခဲ ဖြစ်နေကြမှာဘဲလေ ကိုယ့်မှ ာရှိတာလေး သိမ်းထားလို့ ကိုယ်ဘယ်လောက်စားနိုင်မှာလည်းနော် ရှိတာလေးနဲ့ ဝေစားမျှစားကြမယ်နော်🙏🙏🙏” ဆိုပြီး လှူဒါန်းဖို့ ပြင်ဆင်နေတဲ့ ပုံရိပ်နဲ့ဗီဒီယိုဖိုင်ကိုပါ တင်ထားတာဖြစ်တာကြောင့် ပရိသတ်တွေလည်း သိရှိနိုင်အောင် စူးရှထက်ရဲ့ သတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Photo Crd-Sue Sha Htet’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *