လက်ရှိ ရုံးတက်နေကြတဲ့ ဝန်ထမ်းတွေ ကို ပြည်သူတွေ နဲ့ ပူးပေါင်းပေးဖို့ ကိုယ်တိုင် သွားရောက် တောင်းဆိုနေတဲ့ အနုပညာရှင်တွေ ရဲ့ ဗီဒီယို

Posted on

ပရိသတ်ကြီးရေ.. လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ပြည်သူတွေ အများအပြား လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေပြုလုပ်နေကြတာလည်း တော်တော်များများတွေ့မြင်ကြရပါတယ်နော်..။လူမျိုးဘာသာမရွေးပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေပြုလုပ်နေကြသူတွေထဲမှာ တက်သစ်စ အနုပညာရှင်တွေအပြင် အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက ယနေ့အချိန်ထိ ဇာတ်ကားတွေများစွာရိုက်ကူးထားပြီး အကယ်ဒမီ ထူးချွန်ဆုတွေကိုပါ ဆွတ်ခူးထားတဲ့ ဒိတ်ဒိတ်ကြဲအ နုပညာရှင်တွေလည်း ပါဝင်ပါတယ်နော်..။

အခုတစ်ခါမှာလည်း ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်နေကြကာ လှုပ်ရှာ းမှုတွေ ပြုလုပ်နေကြတဲ့ အနုပညာရှင်တွေဟာ ဗဟိုဘဏ်ရှေ့မှာ ကိုယ်တိုင်သွားရောက်ပြီး လက်ရှိရုံးတက်နေကြတဲ့ဝန်ထမ်းတွေကို CDM မှာပါဝင်ပေးကြဖို့ တောင်းဆို တိုက်တွန်းနေတာ တွေ့ရပါတယ်.. ။သရုပ်ဆောင်၊ ဂီတနဲ့ သဘင်အနုပညာရှင်တွေအပြင် အခြားသော နယ်ပယ်အသီးသီးက အနုပညာရှင်တွေ များစွာလည်း ပါဝင်ပြီး ဝန်ထမ်းတွေကို ပြည်သူတွေနဲ့အတူ ပူးပေါင်း ပေးဖို့အတွက် ပူပြင်းလွန်းတဲ့နေပူပူထဲမှာ အပင်ပန်းခံကာ ကြိုးစားတိုက်တွန်းနေကြတာပါ..။

ပြည်သူတွေနဲ့အတူ ရပ်တည်ကြဖို့ တောင်းဆို နေကြတဲ့ သူတို့ အနုပညာရှင် မောင်နှမတွေရဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း လူမင်းက ပရိသတ်တွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။အဲ့ဒီပို့စ်အောက်မှာ ပရိသတ်တွေကလည်း အားလုံးနဲ့အတူ တစ်သားတည်းရပ်တည်ပြီး ကိုယ်တိုင်ပါဝင်လှုပ်ရှားနေကြတဲ့ သူတို့အဖွဲ့ရဲ့ ကြိုးစားမှု လေးတွေကို အားပေးထောက်ခံနေကြတာကိုလည်း တွေ့ရပါတယ်နော်..။

Ayarwady Lu Min’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *