လက်ရှိ မြန်မာနိုင်ငံ က အခြေအနေတွေ ကို အားလုံးသိအောင် ရေးဆွဲ ပုံဖော်ပေးခဲ့ ကြတဲ့ တောင်ကိုရီးယား ပန်းချီ ဆရာ တွေ နဲ့ ကာတွန်း ဆရာများ

Posted on

တောင်ကိုရီးယားနိုင်ငံ ကတော့ လက်ရှိမှာ ဆိုရင် မြန်မာနိုင်ငံ ကို နည်းလမ်း မျိုးစုံနဲ့ အားပေးကူညီနေတာပဲ ဖြစ်ပါတယ် ။ သူတို့က မြန်မာနိုင်ငံအတွက် ဆန္ဒဖော်ထုတ်ပေးကြသလို ဓာတ်ပုံပြပွဲတွေ၊ Campaign တွေ၊ ဆုတောင်းပွဲတွေကိုလည်း အဆက်မပြတ် ပြုလုပ်

ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ လူငယ်ကျောင်းသား ကျောင်းသူတွေသာမက ဘုန်းတော်ကြီးတွေ၊ လွှတ်တော်အမတ်တွေကပါ မြန်မာနိုင်ငံကပြည်သူတွေအတွက် အထောက်အကူဖြစ်ပေမယ့် နည်းလမ်းတွေကိုရှာဖွေပြီး အားဖြည့်ပေးနေတာ ဖြစ်ပါတယ် ။ တောင်ကိုရီးယား နိုင်ငံက ကျောင်းသားလေး

တွေကလည်း မြန်မာ ပြည်သူတွေအတွက် အလှူငွေတွေ ကောက်ခံ လှူဒါန်းပေး ခဲ့သလို အားပေးစကားတွေကိုလည်း ရေးသားပြောပြခဲ့ကြတာ ဖြစ်ပါတယ် ။ အခုလည်း ကာတွန်းဆရာတွေနဲ့ ပန်းချီဆရာတွေက မြန်မာနိုင်ငံက ပြည်သူတွေအတွက် သူတို့တတ်ကျွမ်းတဲ့ပညာနဲ့ ကူညီပေးခဲ့ကြတာ

ဖြစ်ပါတယ် ။ သူတို့က မြန်မာနိုင်ငံ မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ရေးဆွဲပုံဖော်ပြီး သေသေချာချာ ဖော်ပြပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် မန္တလေးမြို့မှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းမလေး မကြယ်စင် ရဲ့ပုံကိုလည်း ကာတွန်း ပုံစံနဲ့ ရေးဆွဲ ပုံဖော်ပေး ထားသေးတာ

ဖြစ်ပါတယ် ။ မြန်မာ နိုင်ငံ အတွက်တစ်ဖက်တစ်လမ်း ကနေ အားတက်သရော ကူညီပေးနေတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကတော့ တကယ့်ကို လေးစားချီးကျူးချင်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။ အခုလည်း မြန်မာပြည်သူတွေက တောင်ကိုရီးယားနိုင်ငံက ပန်းချီ ဆရာတွေနဲ့ ကာတွန်းဆရာတွေကို ကျေးဇူးတင်နေကြတာ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *