လက်ရှိ ဖြစ်ပေါ်နေ တဲ့ မြန်မာ့ အရေး နဲ့ ပက်သတ်ပြီးကမ႓ာကြီးက စောင့်ကြည့်ပြီး နားစွင့် ပေးကြပါလို့ မေတ္တာရပ်ခံခဲ့တဲ့ နေခြည်ဦး

Posted on

သရုပ်ဆောင်၊ Blogger နေခြည်ဦးကတော့ စစ်တပ် မိသားစု အသိုင်းအဝိုင်းမှာ မွေးဖွားခဲ့သူ တစ်ယောက်ဖြစ်ပေမယ့် လက်ရှိပြည်တွင်းရေးမှာတော့ စစ်အာဏာရှင်စနစ်ကို ရှုံ့ချကြောင်း ရဲရဲဝံ့ဝံ့ထုတ်ဖော်ခဲ့သူတစ်ယောက်ပါ။ နေခြည်ဦးက သူမဖခင်ရဲ့ ရာထူးအခြေအနေတွေကို မေ့ထားပြီး ပြည်သူလူထုနဲ့ ရပ်တည်ကာ မြန်မာ့ပြည်တွင်းရေးမှာ ထိခိုက် သေဆုံးခဲ့ရတဲ့ ပြည်သူတွေကိုကြည့်ပြီး စိတ်ထိခိုက်ကြေကွဲရကြောင်း အင်စတာဂရမ် စာမျက်နှာမှာရေးသားလာတာကို တွေ့ ရပါတယ်။

နေခြည်ဦးက “ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဖြစ်ပျက်ခဲ့သမျှတွေကို ကြည့်ရပြီး နေခြည်အရမ်းကို စိတ်ထိခိုက်ဝမ်းနည်းရပါတယ်။ မနေ့ကဆိုရင် စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ပြည်သူတွေကို လက်နက်နဲ့ ပစ်ခတ်တာမျိုးတွေ ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ (၂) ယောက်သေဆုံး ကာ အယောက်(၄၀) ကျော် ထိခိုက်မှုတွေ ဖြစ်ခဲ့ရပါတယ်။ စစ်တပ်က ပရဟိတကားတွေ ကိုသာမကပဲ ထိခိုက်ဒဏ်ရာရရှိတဲ့ ဆန္ဒပြပြည်သူတွေကို ကူညီနေတဲ့ ပရဟိတလုပ်သားတွေကိုပါ ပစ်ခတ် ခဲ့တာဖြစ်ပါတယ်။ ”

“နေခြည်က ဒီလို လက်နက်တွေပစ်ခတ်ကိုင်ခြောက်ပြီးနဲ့ လက်နက် မဲ့ပြည်သူအပေါ် မတရားဖိနှိပ် တာမျိုးကို ရှုံ့ချပါတယ်။ ကျေးဇူးပြုပြီး ကျွန်မတို့ မြန်မာပြည်ကြီးမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို ကမ္ဘာက နားစွင့်ပေးကြပါရှင် နေခြည်လည်း ဆန္ဒပြပွဲမှာ ထိခိုက်သွားရတဲ့ ပြည်သူတွေနဲ့တကွ သူတို့ရဲ့ဆုံးရှုံးသွားရတဲ့ ဘဝတွေအတွက် စိတ်ထိခိုက်ဝမ်းနည်းရင်း အားလုံးအတွက် ဆုတောင်းပေး နေပါတယ်။ “ဆိုပြီး သူမရဲ့ အင်စတာဂရမ်စာမျက်နှာမှာ ပြောလာပါ တယ်။ နေခြည်ဦးကတော့ သူမ တတ်နိုင်တဲ့ အင်အားနဲ့ ပြည်သူတွေအတွက် ရပ်တည်ပေး ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါ တယ်နော်။

Source: Nay Chi Oo’s ig
Credit – Cele Connections

zawgyi

သ႐ုပ္ေဆာင္၊ Blogger ေနျခည္ဦးကေတာ့ စစ္တပ္ မိသားစု အသိုင္းအဝိုင္းမွာ ေမြးဖြားခဲ့သူ တစ္ေယာက္ျဖစ္ေပမယ့္ လက္ရွိျပည္တြင္းေရးမွာေတာ့ စစ္အာဏာရွင္စနစ္ကို ရႈံ႕ခ်ေၾကာင္း ရဲရဲဝံ့ဝံ့ထုတ္ေဖာ္ခဲ့သူတစ္ေယာက္ပါ။ ေနျခည္ဦးက သူမဖခင္ရဲ႕ ရာထူးအေျခအေနေတြကို ေမ့ထားၿပီး ျပည္သူလူထုနဲ႔ ရပ္တည္ကာ ျမန္မာ့ျပည္တြင္းေရးမွာ ထိခိုက္ ေသဆုံးခဲ့ရတဲ့ ျပည္သူေတြကိုၾကည့္ၿပီး စိတ္ထိခိုက္ေၾကကြဲရေၾကာင္း အင္စတာဂရမ္ စာမ်က္ႏွာမွာေရးသားလာတာကို ေတြ႕ ရပါတယ္။

ေနျခည္ဦးက “ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းမွာ ျဖစ္ပ်က္ခဲ့သမွ်ေတြကို ၾကည့္ရၿပီး ေနျခည္အရမ္းကို စိတ္ထိခိုက္ဝမ္းနည္းရပါတယ္။ မေန႔ကဆိုရင္ စစ္တပ္က ၿငိမ္းခ်မ္းစြာဆႏၵျပေနၾကတဲ့ ျပည္သူေတြကို လက္နက္နဲ႔ ပစ္ခတ္တာမ်ိဳးေတြ ျပဳလုပ္ခဲ့ၿပီး အျပစ္မဲ့ျပည္သူ (၂) ေယာက္ေသဆုံး ကာ အေယာက္(၄၀) ေက်ာ္ ထိခိုက္မႈေတြ ျဖစ္ခဲ့ရပါတယ္။ စစ္တပ္က ပရဟိတကားေတြ ကိုသာမကပဲ ထိခိုက္ဒဏ္ရာရရွိတဲ့ ဆႏၵျပျပည္သူေတြကို ကူညီေနတဲ့ ပရဟိတလုပ္သားေတြကိုပါ ပစ္ခတ္ ခဲ့တာျဖစ္ပါတယ္။ ”

“ေနျခည္က ဒီလို လက္နက္ေတြပစ္ခတ္ကိုင္ေျခာက္ၿပီးနဲ႔ လက္နက္ မဲ့ျပည္သူအေပၚ မတရားဖိႏွိပ္ တာမ်ိဳးကို ရႈံ႕ခ်ပါတယ္။ ေက်းဇူးျပဳၿပီး ကြၽန္မတို႔ ျမန္မာျပည္ႀကီးမွာ ဘာေတြျဖစ္ပ်က္ေနတယ္ဆိုတာကို ကမာၻက နားစြင့္ေပးၾကပါရွင္ ေနျခည္လည္း ဆႏၵျပပြဲမွာ ထိခိုက္သြားရတဲ့ ျပည္သူေတြနဲ႔တကြ သူတို႔ရဲ႕ဆုံးရႈံးသြားရတဲ့ ဘဝေတြအတြက္ စိတ္ထိခိုက္ဝမ္းနည္းရင္း အားလုံးအတြက္ ဆုေတာင္းေပး ေနပါတယ္။ “ဆိုၿပီး သူမရဲ႕ အင္စတာဂရမ္စာမ်က္ႏွာမွာ ေျပာလာပါ တယ္။ ေနျခည္ဦးကေတာ့ သူမ တတ္ႏိုင္တဲ့ အင္အားနဲ႔ ျပည္သူေတြအတြက္ ရပ္တည္ေပး ခဲ့ၿပီပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုကၸါ တယ္ေနာ္။

Source: Nay Chi Oo’s ig
Credit – Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *