လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံ ရဲ့ အခြေအနေတွေကို INTERNATIONAL LIVE CHAT မှာ ပြော ပြပြီး ကမ္ဘာက သိ အောင်လုပ် နိုင်ခဲ့တဲ့ အလှမယ် ဟန်လေး

Posted on

အလှမယ်ဟန်လေးကတော့ “Miss Universe Myanmar 2020” ရဲ့ “1st Runner Up” ဆုရှင်ဖြစ်သလို “Miss Grand Myanmar 2020 ” ရဲ့သရဖူပိုင်ရှင်လည်း ဖြစ်ပါတယ် ။ အခုဆိုရင် ဟန်လေးက မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် တစ်ဦးအဖြစ် ပြည်ပမှာ သွားရောက် ယှဥ်ပြိုင်နေရတာ ဖြစ်ပါတယ် ။ “Miss Grand International ” ပြိုင်ပွဲကြီး မှာ အကောင်းဆုံး ကြိုးစားယှဥ်ပြိုင်နေတဲ့ ဟန်လေးက အခု လ ည်း ယကိုယ့်နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်ကျေပွန်ခဲ့တာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ရက်က “Miss Grand International” ရဲ့ Live Chat မှာ အလှမယ်ဟန်လေးက မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ လက်ရှိအ ခြေ အနေတွေကို တင်ပြခဲ့တာ ဖြစ်ပါတယ် ။ ဟန်လေးက ကျဆုံးသွားတဲ့ပြည်သူ တွေရဲ့အကြောင်းကို ပြောပြနေရင်းနဲ့ စိတ်မကောင်းဖြစ်ပြီး မျက်ရည်ပါကျခဲ့ရတာလည်း ဖြစ်ပါတယ် ။ မြန်မာ ဝတ်စုံကို အမြတ်တနိုးဝတ်ဆင်ပြီး တာဝန်ကျေခဲ့တဲ့ ဟန်လေးကတော့ သူမရဲ့အသံက တစ် ဆင့် ကိုယ့်နိုင်ငံအကြောင်းကိုကမ္ဘာကပါစိတ်ဝင်စားလာအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ဟန်လေးက Live Chat အပြီးမှာ တစ်ခြာ းနိုင်ငံက Miss တွေက သူမကိုမြန်မာနိုင်ငံအကြောင်း စိတ်ဝင်တစားလာမေးခဲ့ ကြော င်းနဲ့ သူမဆီကိုဖုန်းတွေဆက်လာကြကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။

ဟန်လေးကတော့ “ကျွန်မရဲ့သေးငယ်တဲ့ Voice တစ်ခုက နေ တစ်ဆင့် ကျွန်မတို့နိုင်ငံက ပြည်သူတွေအတွက် ကြီးမားတဲ့ Effective attention တခု ကျွန်မပေးနိုင်ခဲ့ပြီ.. ကျွန်မကို Supportingအပြည့် ဝ ပေးနေကြတဲ့ ကျွန်မ ရဲ့ Fansတွေအတွက် ကျွန်မတာဝန်ကျေနိုင်ခဲ့ပြီ..မြန်မာပြည်ကြီးအတွက် တစ်ထောင့် တစ်နေရာကနေ ကျွန်မတတ်နို င်တဲ့ဘက်က Speak Outလုပ်နိုင်ခဲ့ပြီ 🙏 အားလုံးကိုကျေးဇူးတင်ပါတယ် ဟန်လေးပိုကြိုးစားခဲ့ပါ့မယ် ❤️” ဆို ပြီး သူမရဲ့လူမှုကွန်ယက်စာ မျ က် နှာထက်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ် ။ ကဲ မြန်မာနိုင်ငံအတွက် ခွန်အားရှိသလောက် ကြိုးစားပေးခဲ့ တဲ့ အလှမယ်ဟန်လေးရဲ့ပုံ ရိပ်တွေ ကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Source & Photo Credit-Han Lay’s FB Acc

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *