လက်ရှိ ကြုံတွေ့နေရတဲ့ စိတ်ညစ်စရာ များကို ထွက်ပေါက်တစ်ခုအနေနဲ့ ပရိသတ် တွေ ကို ရင်ဖွင့် ပြောပြလာတဲ့ ခြူးလေး

Posted on

မြန်မာနိုင်ငံတွင် ကပ်ရောဂါဆိုးတွေ ကူးစက်ပြန့်ပွားနေရုံသာမက အချို့နေရာဒေသ များတွင် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလျက်ရှိနေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ သံတွဲမြို့နယ်တွင် အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေပြည့်ရေလျှံကာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပြီ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က သရုပ်ဆောင် ခြူးလေးရဲ့ လူမှုကွန်ယက်တွင် သံတွဲမြို့မှာနေထိုင်တဲ့ အဖေ့အိမ်တွင် (၅) ပေခွဲ ရေတက်

နေတာကြောင့် စိတ်ညစ်နေရကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် တခြားစိတ်ရှုပ်စရာ ကိစ္စများ လည်း ရှိသေးတာကြောင့် ပရိသတ်တွေကို အခုလို ရင်ဖွင့်ရေးသားလာတာဖြစ်ပါတယ်။ ဒုက္ခတွေကြားထဲမှာ ရယ်စရာလေးတွေကို မချိတင်ကဲ ရယ်ရင်းနဲ့ပဲ စိတ်နှလုံးကျန်းမာအောင် ကုစားနေခဲ့ရတာ ဖြစ်ပါတယ်။ နယ်က မိဘ၊ဘိုးဘွား များကို စိတ်ပူနေရရုံသာမကဘဲ အိမ်တွင် ကိုဗစ်ရောဂါကူးစက်ခံနေရသူတွေ အတွက်လည်း စိတ်ပူနေရကြောင်း ရေးသားထားပါတယ်။ သူမကိုယ်တိုင် စိတ်ရှုပ်

စရာတွေ ရှိနေတာကြောင့် သူငယ်ချင်းမိတ်ဆွေတွေရဲ့ အပူသောကတွေ ကိုတောင် ဖေးမကူညီလို့ မရနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်နေရတာပါ။ ဒီကြားထဲ ထထရယ်မိတာက လောကကြီးကို တော်ပြီလားလို့ လှောင်ရယ်ခြင်း ဖြစ်တယ်လို့လည်း ဖွင့်ဟပြောပြ ထားပါသေးတယ်။ ဒီကာလမှာ လူတိုင်းလိုလို စိတ်ညစ်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ အားလုံးလည်း ကပ်ကြီး(၃) ပါးဘေးကနေ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

crd

zawgyi

ျမန္မာႏိုင္ငံတြင္ ကပ္ေရာဂါဆိုးေတြ ကူးစက္ျပန႔္ပြားေန႐ုံသာမက အခ်ိဳ႕ေနရာေဒသ မ်ားတြင္ မိုးသည္း ထန္စြာ ႐ြာသြန္းမႈေၾကာင့္ ေရႀကီးေရလွ်ံမႈေတြ ျဖစ္ပြားလ်က္ရွိေနတာ ျဖစ္ပါတယ္။ ရခိုင္ျပည္နယ္မွာရွိတဲ့ သံတြဲၿမိဳ႕နယ္တြင္ အခုရက္ပိုင္းအတြင္း မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေရျပည့္ေရလွ်ံကာ စိုးရိမ္ေရအမွတ္ထက္ ေက်ာ္လြန္ေနၿပီ ျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္က သ႐ုပ္ေဆာင္ ျခဴးေလးရဲ႕ လူမႈကြန္ယက္တြင္ သံတြဲၿမိဳ႕မွာေနထိုင္တဲ့ အေဖ့အိမ္တြင္ (၅) ေပခြဲ ေရတက္

ေနတာေၾကာင့္ စိတ္ညစ္ေနရေၾကာင္း ေရးသားထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ တျခားစိတ္ရႈပ္စရာ ကိစၥမ်ား လည္း ရွိေသးတာေၾကာင့္ ပရိသတ္ေတြကို အခုလို ရင္ဖြင့္ေရးသားလာတာျဖစ္ပါတယ္။ ဒုကၡေတြၾကားထဲမွာ ရယ္စရာေလးေတြကို မခ်ိတင္ကဲ ရယ္ရင္းနဲ႔ပဲ စိတ္ႏွလုံးက်န္းမာေအာင္ ကုစားေနခဲ့ရတာ ျဖစ္ပါတယ္။ နယ္က မိဘ၊ဘိုးဘြား မ်ားကို စိတ္ပူေနရ႐ုံသာမကဘဲ အိမ္တြင္ ကိုဗစ္ေရာဂါကူးစက္ခံေနရသူေတြ အတြက္လည္း စိတ္ပူေနရေၾကာင္း ေရးသားထားပါတယ္။ သူမကိုယ္တိုင္ စိတ္ရႈပ္

စရာေတြ ရွိေနတာေၾကာင့္ သူငယ္ခ်င္းမိတ္ေဆြေတြရဲ႕ အပူေသာကေတြ ကိုေတာင္ ေဖးမကူညီလို႔ မရႏိုင္တဲ့အတြက္ စိတ္မေကာင္းျဖစ္ေနရတာပါ။ ဒီၾကားထဲ ထထရယ္မိတာက ေလာကႀကီးကို ေတာ္ၿပီလားလို႔ ေလွာင္ရယ္ျခင္း ျဖစ္တယ္လို႔လည္း ဖြင့္ဟေျပာျပ ထားပါေသးတယ္။ ဒီကာလမွာ လူတိုင္းလိုလို စိတ္ညစ္စရာ အေျခအေနေတြနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနရတာ ျဖစ္ပါတယ္။ အားလုံးလည္း ကပ္ႀကီး(၃) ပါးေဘးကေန အျမန္ဆုံး လြတ္ေျမာက္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *