လက်ထပ်လက် စွပ်လေး ကို ချပြ ခဲ့ပြီး စိတ်အေးရပြီ လို့ ပြောခဲ့တာ ကြောင့် ပရိသတ်ေ တွကြားမှာ ဝေဖန်မှုတွေမြင့်တတ်နေတဲ့ မင်းသမီးချော မယ်လိုဒီ

Posted on

မယ်လိုဒီကတော့ တစ်ကိုယ်လုံးမှာအပြစ်ဆိုစရာမရှိအောင် လှပနုနယ်ရုံသာမက သရုပ်ဆောင်လည်း ကောင်းမွန်တာကြောင့် တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ မယ်လိုဒီက ပြီးခဲ့တဲ့လပိုင်းကတော့ သူမရဲ့ခင်ပွန်းနဲ့ တရားဝင် ကွာရှင်းပြတ်ဆဲပြီးပြီဖြစ်တဲ့ အကြောင်း ကို ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြခဲ့ပြီး အခုဆိုရင် သားလေး သဒ္ဓိစစ်ကို ခင်ပွန်းဟောင်း နဲ့ တစ်ယောက်တစ်လှည့်စီ စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မယ်လိုဒီက အနုပညာအလုပ်တွေနဲ့အတူတူ ဘာသာရေးနဲ့ ကုသိုလ်ရေ းကို

အချိန်ပေးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အချစ်ရေးနဲ့ ပက်သတ်ပြီး အိမ်ထောင် ကွာရှင်းပြီးကတည်းက ငြိမ်သက်နေခဲ့တဲ့ မယ်လိုဒီက ဒီကနေ့မှာတော့ ပရိသတ်တွေကို စိတ်ဝင်စားစေခဲ့ပြန်တာကို တွေ့ရပါတယ်။ မယ်လိုဒီက သူမရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှ စုံတွဲ လက်ထပ်လက်စွပ်ပုံလေးကို ချပြပြီး “စိတ်အေးပါပြီ💞” လို့ပြောခဲ့ တာကြောင့် ပရိသတ်တွေက မယ်လိုဒီတစ်ယောက် ဘာကိုဆိုလိုချင်တာလဲ ဆိုပြီး စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။ မယ်လိုဒီကနေ့ လက်ထပ်လပ်စွပ်ပုံလေးကို ချပြပြီး “စိတ်အေးပါပြီ💞”လို့ပြောခဲ့တာ သူမကိုယ် သူမအတွက်လား ဒါမှမဟုတ်

အခြားခင်မင်ရသူတစ်ယောက်အတွက်လားဆိုတာ စဉ်းစားစရာပါပဲနော်။ ပရိသတ်ကြီးလည်း မယ်လိုဒီတစ်ယောက် ဘာကို ဆိုလိုချင်လဲ သိချင်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

crd

zawgyi




Leave a Reply

Your email address will not be published. Required fields are marked *