ရှေးလူကြီးတွေ ပြောခဲ့တဲ့ သာသနာနှစ် ၂၅ဝဝကျော်လာရင် ဖြစ်လာမယ့်အရာတွေ

Posted on

သာသနာ ( ၂၅ဝဝ ) ကျော်ရင် မမြင်ဘူးတာတွေကို မြင်ကြရလိမ့်မှာ။မကြားဘူးတာတွေ ကြားကြရလိမ့်မယ်တဲ့။ မဖြစ်ဖူးတာတွေ ဖြစ်ကြလိမ့်မယ်။သဘာဝဘေးဆိုးတွေ ဝင်လာလိမ့်မယ်တဲ့။ လက်နက်ဆန်းတွေ ပေါ်လာ လိမ့်မယ်တဲ့။

ရောဂါဆန်းတွေ ဖြစ်ကြလိမ့်မှာ။ စစ်ပွဲတွေ ဖြစ်လာမယ်တဲံ။ အငတ်ဘေးတွေ ကြုံလာမယ်နော်။ ရောဂါ ကပ်ဘေးတွေ ဖြစ်လာမယ်။ သဘာဝဘေးတွေ ဖြစ်လာမယ်တဲ့။ရုပ်ဝတ္ထုတွေ ထွန်းတောက် တိုးတက်လာကြမှာပါ။

လူ့အတတ် နတ်မကလူ့အကြိုက်လည်း နတ် မလိုက်နိုင်တဲ့။ လူတွေ လောဘ အတ္တ အားကြီးလာကြလိမ့်မယ်။ ရုပ်ဝတ္ထု တိုးတက်ရင် လောဘနောက် လိုက်ကြရင်း လူတွေ စိတ်ပိုင်းဆိုင်ရာ အားနည်းလိမ့်မယ်တဲ့။

မလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်ကြလိမ့်မှာ။ မိန်းမတွေ ယောက်ျားနှင့် ရင်ဘောင်တန်း လာလိမ့်မယ်။ မိန်းမတွေ ယောက်ျားနှင့် တူလာမယ်။ ရဟန်းတွေ လူနဲ့တူလာမယ်တဲ့။ ဘုန်းကြီးကျောင်းတွေ အိမ်နှင့် တူလာမယ်။အဆိုး အကောင်း ဒွန်တွဲလာလိမ့်မယ်။

အပျက်တရား ပိုမြန်လာလိမ့်မယ်။ ရုပ်ဝတ္ထုတိုးတက်နေပြီး လူတွေ ကိလေသာအာရုံ လောကီနောက်သာ လိုက်နေကြလိမ့်မယ်နော်။ မိဘကို ပြန်သတ် မိဘကို ပြန်စော်ကား သား သမီးကိုမယားလုပ် လင်လုပ်လာကြလိမ့်မယ်တဲ့။

ဒီလိုအချိန်မှာ ပါရမီရှိတဲ့သူ စိတ်ကောင်းရှိတဲ့သူ သံဝေဂ တရား ရလာကြလိမ့်မယ်တဲ့။ အလိုလို ကြောက်စိတ်ဝင်လာကြလိမ့်မယ်နော်။ တဖက်မှာလည်းဘဲ အရိယာသူတော်ကောင်းတွေ ပေါ်ထွန်းနေလိမ့်မယ်တဲ့။

တရားပြ တရားကျင့်နေကြလိမ့်မယ်။ မသိသူ ကျော်သွား သိသူ ဖော်စားကြလိမ့်မယ်။ဝိမုတ္တိယုဂခေတ် အနတ္တသာသနာ တပါတ်လည်ြ ပန်ပေါ်လာမယ်နော်။ အရိယာတွေ ပေါ်ထွန်းနိုင်တဲ့ခေတ် တရားကျင့်ရင် ကျင့်သလို တရားရကြလိမ့်မယ်။

မကောင်းသူ ပယ် ကောင်းသူ ကယ်မယ် တဲ့။ အရိယာသံဃာ စော်ကားလို့အပါယ်ငရဲ ဆင်းကြလိမ့်မှာ။ သိသူဖော်စားလို့ နတ်ပြည်တက် အရိယာဖြစ်ကြလိမ့်မယ်။ဒီအချိန် သူတော်ကောင်းကို တွေ့အောင် ရှာ။ မတွေ့တွေ့အောင် ရှာပါတဲ့။

သူတော်ဆည်းကပ် မြတ်တရားနာပါတဲ့။ လူ့ဘဝဆိုတာ ရခဲတယ်။ ဘုရားရှင်နဲ့ တွေ့ခဲတယ်။ သာသနာနဲ့ ကြုံကြိုက်ခဲတယ်။ ကြုံနေရင်လည်း လက်ခံခဲတယ်။လက်ခံပါသော်လည်း ကျင့်ကြံခဲတယ်တဲ့။ ကျင့်ကြံသော်လည်း ဆိုက်ရောက်ခဲတယ်။

ယခုအခါမှာကား…လူလည်း ဖြစ်လာ သာသနာနှင့်လည်း ကြုံခိုက် အမြိုက်တရား ဟောကြားမည့်သူက မရှား။ ထိုသို့ဖြစ်ပါလျှက် အမှန်ကို မကြိုက် အမှားကို လိုက်ပြီးအမှားကို ကြိုက်နေကြပါလျှင် အမိုက်တကာ့ ဗိုလ်မင်းထက် မိုက်တဲ့သူ မရှိတဲ့။

သူတော်ကောင်းစကား နားမထောင်တရားကို မကျင့်ကြံကြလျှင် တီထွေးကြီးတွေသာ ဖြစ်ကြရလိမ့်မည်တဲ့။ { ရှေးလူကြီးသူမများစကား }

unicode

Leave a Reply

Your email address will not be published. Required fields are marked *