ရှေ့တန်း က လူနာတွေ ကို အရေးပေါ် ကယ်ဆယ်ပြု စုပေးနေကြ တဲ့ လေးစား ဖွယ် မိန်းမချောလေးများ

Posted on

ဒီညီမလေးတေအဖွဲ့က ရှေ့တန်းမှာ ထိတဲ့လူနာတွေကို အရေးပေါ်ကားတွေ အနီးဆုံးထိ မတိုးနိုင်တဲ့ အခြေနေမျိုးမှာ လူနာသယ်ပုံ မှားပြီး မဖြစ်သင့်တာ မဖြစ်ရအောင် ရှေ့တန်း Hot Zone နဲ့ ကယ်ဆယ်ရေး နောက်တန်း ဆရာဝန်တွေရှိတဲ့ Cool Zoneကြား မှာ သွေးလွန်သွားတာမျိုး မဖြစ်ရအောင်အ ရေး ပေါ်ကယ်ဆယ် ပြုစုပေးဖို့ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားတာပါ။🚨ကယ်ဆယ်ရေးနဲ့ အကျွမ်းတဝင်ရှိသလိုနည်းစနစ်တကျ လက်တွေ့ မြေပြင် မာတာဝန်ကျေပွန်နေတာကြောင့် ထိခိုက်သူ အချို့ကိုအချိန် မှီ ကယ် တင်ထားနိုင်ခဲ့ပါတယ်။

မိန်းကလေးတွေဆိုပေမဲ့ ကြောက်စိတ်ကိုဘေးဖယ်ပီး နိုင်ငံပေါ် တာဝန်ကျေချင်တဲ့ စိတ်ကြောင့် Medical Cover Team အနေနဲ့ ဆက်ပြီး တက်နိုင်သမျှအစွမ်းကုန် ကူညီပေးသွားမာဖြစ်ကြောင်း ပြောကြား ရင်းဂုဏ်ပြုတင်ပြခြင်းဖြစ်ပါတယ်ခင်ဗျ🙏 ကျွန်တော့်အနေနဲ့လည်း ကာကွယ်ရေး ပစ္စည်းအပြည့်အစုံကိုအလှူရှင်များကိုယ်စားSupporting ပေးထားပါတယ်ခင်ဗျ🙏 နိုင်ငံရေးအခြေအနေများနှင့်စပ်လျဉ်း၍ပရဟိတကြိုးပမ်းမှုများတွင် ပါဝင်လှူဒါန်းလိုပါက – 09797379989 (Wave/KBZpay) လေး စားပါတယ် မိန်းမချောလေးတွေရေ

အဲဒီလိုစည်းစနှစ်တွေနဲ့စည်းစည်းလုံးလုံး တိုင်တိုင်ပင်ပင်လုပ်ရင်GZ တို့ အောင်ပြီဟေ့ အရေးတော်ပုံအောင်ပါစေထာဝ ရလေးစားလျှက် ပါအလေးပြုပါတယ် ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကယ်တင်ပေး တဲ့ သူတို့တွေလည်းဘာမှ မဖြစ်ပါစေနဲ့။ Gz တွေရဲ့ စိတ်ဓာတ်တွေကို လေးစားဂုဏ်ယူပါတယ် အရေးတော်ပုံ အောင်ရမည်ပြည်သူတွေကို ကူညီပေးတာ လေးစားပါတယ် ရှင် ကျေး ဇူးတင်ပါတယ်ရှင်ကန်းမာကြပါစေရှင်ဘေးရန်ကင်းကြပါစေရှင် တကယ်လေးစား တယ်ဗျာ🙏 အရေးတော်ပုံအောင်တော့မညါ

ဘေးကင်းကြပါစေ🙏အရေးတော်ပုံအောင်ရမည်

Leave a Reply

Your email address will not be published. Required fields are marked *