ရှေ့တန်းမှာ တိုက်ပွဲဝင် နေကြတဲ့ ပြည်သူတွေ အတွက် ဦးထုပ် နဲ့ မျက်လုံးကာ လှူဒါန်းသွားဖို့ ပြင်ဆင် နေတဲ့ သဇင်ထူးမြင့်

Posted on

လွတ်လပ်မျှတတဲ့ ဒီမီုကရေစီအရေး ကို ပြန်လည် တည်ဆောက်နိုင်ဖို့အတွက် အမှန်တရားကိုလိုလားကြတဲ့ ပြည်သူတွေက အားကြိုးမာန်တက် နေ့စဥ်ဆိုသလို လူထု လှုပ်ရှားမှုတွေ ပြုလုပ်နေခဲ့ပါတယ်။ ဒီလိုလူထုလှုပ်ရှားမှုမှာ ပြည်သူတွေ နဲ့အတူ အနုပညာတွေကလည်း တစ်သားတည်း ရပ်တည်ပေးခဲ့ကြပါတယ်။ စိတ်ရော ကိုယ်ပါ တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင်ပေးကြသလို တက်နိုင်တဲ့ ဘက်ကနေ အလှူ အတန်းတွေ ကိုလည်း လှူဒါန်းပေးတာတွေ့ရပါတယ်။

ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်တွေ ထဲမှာ တက်သစ်စ မင်းသမီး သဇင်ထူးမြင့် ကတော့ လမ်းမပေါ်ထွက်ပြီး လှုပ်ရှားမှုတွေမှာ ပါဝင် ခဲ့ပါတယ်။ လတ်တလောမှာလည်း ပြည်သူတွေအတွက် စားသောက် စရာလေးတွေ မိသားစုနဲ့အတူ လှူဒါန်းပေးခဲ့သလို ယခုမှာလည်း နောက်ထပ်မွန်မြတ်တဲ့ အလှူလေး တစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒီအလှူလေးက မိမိအသက်ကို ပဒါနမထားဘဲ ရဲဝံ့စွာနဲ့ အရှေ့တန်း မှာ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေအတွက် လိုအပ်တာလေးတွေကို fanတွေနဲ့ စုပေါင်းပြီး လှူဒါန်းပေးမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာ နဲ့ ပတ်သက်ပြီး ပြောထားရာမှာ ” သဲနဲ့ အတူ we love gpက Hearties လေးတွေရဲ့အလှူ ဦးထုပ်အလုံး(၁၀၀)နဲ့မျက်လုံးအကာအခု (၁၀၀) လှူဒါန်းသွားပါမယ်ရှင်လိုအပ်တဲ့သူများcomment မှာ ဘယ်နေရာကဆိုတာလေး မန့်ပေးပါနော် …သဲcbကနေ ဆက်သွယ်ပေးပါ့မယ်..အဓိကလိုအပ်နေတဲ့ နေရာတွေ ကို ဒီပထမအခေါက်မှာ ဦးစားပေးလှူဒါန်းသွားပါ့မယ်ရှင်…” ဆိုပြီး ရေးသားပါတယ်။ ကဲ..ပရိသတ်တွေလည်း တက်နိုင်တဲ့ဘက်ကနေ အလှူလေးကို ပြုလုပ်ခဲ့တဲ့ သဇင်ထူးမြင့်ကို ဂုဏ်ပြုစကားလေးပြောပေးခဲ့ပါဦး။

crd

zawgyi

လြတ္လပ္မွ်တတဲ့ ဒီမီုကေရစီအေရး ကို ျပန္လည္ တည္ေဆာက္ႏိုင္ဖို႔အတြက္ အမွန္တရားကိုလိုလားၾကတဲ့ ျပည္သူေတြက အားႀကိဳးမာန္တက္ ေန႔စဥ္ဆိုသလို လူထု လႈပ္ရွားမႈေတြ ျပဳလုပ္ေနခဲ့ပါတယ္။ ဒီလိုလူထုလႈပ္ရွားမႈမွာ ျပည္သူေတြ နဲ႔အတူ အႏုပညာေတြကလည္း တစ္သားတည္း ရပ္တည္ေပးခဲ့ၾကပါတယ္။ စိတ္ေရာ ကိုယ္ပါ တက္တက္ႂကြႂကြနဲ႔ ပူးေပါင္းပါဝင္ေပးၾကသလို တက္ႏိုင္တဲ့ ဘက္ကေန အလႉ အတန္းေတြ ကိုလည္း လႉဒါန္းေပးတာေတြ႕ရပါတယ္။

ျပည္သူေတြနဲ႔ တစ္သားတည္း ရပ္တည္ေပးခဲ့ၾကတဲ့ အႏုပညာရွင္ေတြ ထဲမွာ တက္သစ္စ မင္းသမီး သဇင္ထူးျမင့္ ကေတာ့ လမ္းမေပၚထြက္ၿပီး လႈပ္ရွားမႈေတြမွာ ပါဝင္ ခဲ့ပါတယ္။ လတ္တေလာမွာလည္း ျပည္သူေတြအတြက္ စားေသာက္ စရာေလးေတြ မိသားစုနဲ႔အတူ လႉဒါန္းေပးခဲ့သလို ယခုမွာလည္း ေနာက္ထပ္မြန္ျမတ္တဲ့ အလႉေလး တစ္ခုကို ထပ္မံျပဳလုပ္ခဲ့ပါတယ္။ ဒီအလႉေလးက မိမိအသက္ကို ပဒါနမထားဘဲ ရဲဝံ့စြာနဲ႔ အေရွ႕တန္း မွာ တိုက္ပြဲဝင္ေနၾကတဲ့ ျပည္သူေတြအတြက္ လိုအပ္တာေလးေတြကို fanေတြနဲ႔ စုေပါင္းၿပီး လႉဒါန္းေပးမွာ ျဖစ္ပါတယ္။

ဒီအေၾကာင္းအရာ နဲ႔ ပတ္သက္ၿပီး ေျပာထားရာမွာ ” သဲနဲ႔ အတူ we love gpက Hearties ေလးေတြရဲ႕အလႉ ဦးထုပ္အလုံး(၁၀၀)နဲ႔မ်က္လုံးအကာအခု (၁၀၀) လႉဒါန္းသြားပါမယ္ရွင္လိုအပ္တဲ့သူမ်ားcomment မွာ ဘယ္ေနရာကဆိုတာေလး မန္႔ေပးပါေနာ္ …သဲcbကေန ဆက္သြယ္ေပးပါ့မယ္..အဓိကလိုအပ္ေနတဲ့ ေနရာေတြ ကို ဒီပထမအေခါက္မွာ ဦးစားေပးလႉဒါန္းသြားပါ့မယ္ရွင္…” ဆိုၿပီး ေရးသားပါတယ္။ ကဲ..ပရိသတ္ေတြလည္း တက္ႏိုင္တဲ့ဘက္ကေန အလႉေလးကို ျပဳလုပ္ခဲ့တဲ့ သဇင္ထူးျမင့္ကို ဂုဏ္ျပဳစကားေလးေျပာေပးခဲ့ပါဦး။

crd

Leave a Reply

Your email address will not be published. Required fields are marked *