ရှေ့တန်းကနေ ကာကွယ် ခုခံပေးနေတဲ့ သူရဲကောင်း တွေ အတွက် လိုအပ်တဲ့ ပစ္စည်း များစွာ လှူဒါန်းပေး ခဲ့တဲ့ “မေ”

Posted on

နွေဦးတော်လှန်ရေး လို့ အမည်ပေးထား တဲ့ မြန်မာနိုင်ငံ ရဲ့ ဆန္ဒ ထုတ်ဖော်ပွဲကြီးဟာ အရှိန်အဟုန်ကောင်းလာတာတာနဲ့အမျှ ပြည်သူတွေရဲ့ အသက်အဆုံးအရှုံးမှုတွေလည်း များစွာထွက်ပေါ်လျက်ရှိပါတယ်။အသက်ပေးသွားကြတဲ့ လူငယ်အများစု ကိုလည်း အားလုံးကနှမျောတသ ဖြစ်ကာဝမ်းနည်းကြေကွဲကြသလို ကူညီကာလှူဒါန်းမှုတွေလည်း ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုအဆုံးအရှုံးတွေကြားကနေပဲ ပြည်သူ အားလုံးက နောက်မဆုတ်ဘဲ ရှေ့ဆက်တိုးကာ ရဲရဲဝင့်ဝင့်လှုပ်ရှားမှုတွေမှာပါဝင်နေကြတာ လည်း ဖြစ်ပါတယ်။ ရှေ့တန်းကနေ အသက်ဆုံးရှုံးမှာ ကိုမမူဘဲ ဖြိုခွင်းခုခံပေးနေတဲ့ သူရဲကောင်းတွေ ကိုလည်း အနုပညာရှင်တွေအပြင် နီးစပ်ရာ ပြ ည်သူတွေကလည်း တတ်နိုင် သလောက် အကူအညီထောက်ပံ့မှုတွေများစွာပေးကာ စည်းလုံးညီညွတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ အခုလည်းမေက ရှေ့တန်းကနေတိုက်ပွဲဝင်နေတဲ့ သူရဲကောင်းလေး အန္တရာယ်ကင်းစေရန် လိုအပ်တဲ့ကာကွယ်ရေးပစ္စည်းများ ကိုလှူ ဒါန်း ဖြစ်ခဲ့ကြောင်းပုံလေးတွေ နဲ့တကွ” မနေ့က frontliner တွေ အတွက် ကာကွယ်ရေးသုံးပစ္စည်းလေးတွေ လှူဖြစ်ခဲ့ပါတယ်.. မြောက်ဥက္ကလာ လှိုင် နဲ့ တာမွေ အတွက် အယောက် ၄၀စာ လှူဖြစ်ခဲ့ပါတယ်.. ပါဝင် လှူဒါန်းပေး ကြသူများကို ကျေးဇူးတင်ပါတယ်..

မြောက်ဥက္ကလာက ကျဆုံးသွားတဲ့သူတွေ အတွက် အလှူငွေ စာရင်းလဲ ပိတ်လိုက်ပါပြီ.. အခြေအနေတွေအရ သွားလို့မရသေးလို့ အဆင် ပြေ မယ့်တစ်ရက် သွားလှူပါမယ်.. တကယ်ချို့တဲ့ပြီး လိုအပ်မယ် ထင်တဲ့သူတွေကို comment မှာမေ့ကို ပြောထားပေးပါနော်.. အားလုံးပဲ ဂရုစိုက်ကြပါ…အရေးတော်ပုံ အောင်မည်”ဆိုတဲ့စာလေးကိုဖော်ပြထားရာပရိသတ်ကြီးအတွက်ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – May

zawgyi




Yuan – Cele Zone

Photo – May

Leave a Reply

Your email address will not be published. Required fields are marked *