ရှောင်တိမ်း ပုန်းခိုနေရပြီး အချိန် အတော်ကြာ အိမ်မပြန်ရတာ ကြောင့် မိသားစုကို လွမ်းနေတဲ့ စိတ်ဇော နဲ့ သူ့ရဲ့အိပ်မက်အကြောင်း ပြောပြလာတဲ့ ညီနန္ဒ

Posted on

သရုပ်ဆောင်မင်းသား ညီနန္ဒကတော့ တော်လှန်ရေ းတိုက်ပွဲကြီးမှာ ပြည်သူတွေ နဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်နဲ့ အင်တိုက်အားတိုက်ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပါပဲ..။

ညီနန္ဒကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှုဖွင့် အရေးယူ ခြင်းခံထား ရတာကြောင့် လတ်တလောမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားက ရှောင်တိမ်းပုန်းခိုနေရသူလည်း ဖြစ်ပါတယ်..။

လတ်တလောအခြေအနေတွေမှာ အိမ်မပြန်နိုင်တာ အတော်လေးကြာ နေပြီဖြစ်တဲ့အတွက် ချစ်ရတဲ့မိသားစုကို လွမ်းနေရပြီး အိမ်ပြန်ချင်တဲ့စိတ်ဇောတွေကြောင့် အိပ်မက် မက်ခဲ့တဲ့အကြောင်းတွေ ပြောပြလာပါတယ်..။

​မိသားစုကို နေ့နေ့ညည သတိရလွမ်းဆွတ်နေရပြီး အခုချိန် မှာ လက်တွေ့ အကောင်အထည်မဖော်နိုင်သေးတဲ့ အိမ်ပြန်ခြင်းကို အိပ်မက်ထဲမှာ ပြုလုပ်ခဲ့တဲ့အကြောင်းတွေကို လွမ်းလွမ်းဆွေးဆွေးလေး ပြောပြထားတာ ဖြစ်ပါတယ်..။

“အလွမ်း… ပြန်ချင်စိတ်ကြောင့်…

အလွမ်း… ပြန်ချင်ဇောကြောင့်…

နေ့ခင်း… အိပ်မက်ထဲမှာ

အတွေး… အိပ်မက်ထဲမှာ

အိမ်ပြန်ဖြစ်တယ်..” ဆိုပြီး သူ့ရဲ့ အဖြစ်တွေကို ညီနန္ဒက ပြောပြထားတာ ဖြစ်ပါတယ်..။

တော်လှန်ရေးအတွက် လူထု လှုပ်ရှားမှုတွေပြုလုပ်ကာ အရေးတော်ပုံကြီးမှာ တတ်နိုင်သလောက် ကြိုးစားပါဝင် အားဖြည့်ခဲ့ပြီး မိသားစုတွေနဲ့ ခွဲခွာနေ နေရတဲ့ ညီနန္ဒကို ပြည်သူပရိသတ်တွေကလည်း အားပေးစကားတွေပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – Nyi Nanda’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *