ရှောင်တိမ်း နေရချိန်လေး မှာ ရန်ကုန် ကိုလွမ်းမိတဲ့ အကြောင်းလေး နဲ့ ခံစားချက်အချို့ကို မျှဝေလာတဲ့ မင်းမော်ကွန်း

Posted on

လတ်တလော မြန်မာနိုင်ငံရဲ့ ဒီမီုကရေစီအရေးမှာ အမှန်တရား ကို လိုလားကြတဲ့ ပြည်သူတွေ နဲ့အတူ အနုပညာရှင် များစွာကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒီလို ပြည်သူတွေနဲ့အတူ တစ်သားတည်း ပါဝင်လှုပ်ရှားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် မင်းမော်ကွန်း လည်း အပါအဝင်ပါပဲ။ မင်းမော်ကွန်းက လူထုလှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေကို ဘေးချိတ်ပြီး လူငယ်တွေ ရဲ့အနာဂတ်အိမ်မက်တွေ မပျောက်အောင် တာဝန်သိ ပြည်သူတစ်ယောက်အနဲ့ စိတ်အားထက်သန်စွာ ပါဝင်ခဲ့တဲ့အနုပညာရှင် တစ်ယောက်ပါ။

မင်းမော်ကွန်းကတော့ ကိုယ်တိုင်လည်း လမ်းမထွက်ကာ လှုပ်ရှားမှုတွေမှာ စိတ်ရော ကိုယ်ပါနှစ်ပြီး ပါဝင်သလို ဖြိုခွင်းမှု တွေကြောင့် ထိခိုက်နစ်နာသူတွေကိုလည်း စာနာ နားလည်မှုလေးတွေနဲ့ အတူ ဖေးမကူညီမှုလေးတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း မင်းမော်ကွန်းက ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။ မင်းမော်ကွန်းရဲ့ဖခင်ဦးဇင်ဝိုင်း လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ယမန်နေ့ကမှပြန်လည်လွတ်မြောက်

မင်းမော်ကွန်းက ရှောင်တိမ်းနေရပေမယ့်လည်း သူ့ရဲ့ လူမှုကွန် ယက်စာမျက်နှာကနေပြည်သူတွေအတွက် ခွန်အားဖြစ်စေနိုင်တဲ့စာလေးတွေ နဲ့ သတင်းအချက်လေးတွေကိုလည်းမျှဝေပေးနေတာဖြစ်ပါတယ်။ မကြာသေးမီကတော့ မင်းမော်ကွန်းက သူ့ရဲ့ Facebookစာမျက်နှာမှာ “ရန်ကုန်မှာ​မွေး ရန်ကုန်မှာကြီး​တော့ ရန်ကုန်ကိုလဲ သိပ်လွမ်းတယ်ဗျာ ခုထိ​ရော ည၈နာရီဆိုရင် ရန်ကုန်မှာ သံဗုံး​တွေ တီးကြ​သေးလား ကျွန်​တော့်အိမ်မက်က ရန်ကုန်ကိုအမြန်ဆုံးပြန်လိုချင်တာ……” ဆိုပြီးရေးသားထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Min MawKunn’s Facebook acc

zawgyi

လတ္တေလာ ျမန္မာႏိုင္ငံရဲ႕ ဒီမီုကေရစီအေရးမွာ အမွန္တရား ကို လိုလားၾကတဲ့ ျပည္သူေတြ နဲ႔အတူ အႏုပညာရွင္ မ်ားစြာကလည္း ပူးေပါင္းပါဝင္ခဲ့ၾကပါတယ္။ ဒီလို ျပည္သူေတြနဲ႔အတူ တစ္သားတည္း ပါဝင္လႈပ္ရွားတဲ့ အႏုပညာရွင္ေတြထဲမွာ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္း လည္း အပါအဝင္ပါပဲ။ မင္းေမာ္ကြန္းက လူထုလႈပ္ရွားမႈေတြမွာ ေအာင္ျမင္မႈေတြကို ေဘးခ်ိတ္ၿပီး လူငယ္ေတြ ရဲ႕အနာဂတ္အိမ္မက္ေတြ မေပ်ာက္ေအာင္ တာဝန္သိ ျပည္သူတစ္ေယာက္အနဲ႔ စိတ္အားထက္သန္စြာ ပါဝင္ခဲ့တဲ့အႏုပညာရွင္ တစ္ေယာက္ပါ။

မင္းေမာ္ကြန္းကေတာ့ ကိုယ္တိုင္လည္း လမ္းမထြက္ကာ လႈပ္ရွားမႈေတြမွာ စိတ္ေရာ ကိုယ္ပါႏွစ္ၿပီး ပါဝင္သလို ၿဖိဳခြင္းမႈ ေတြေၾကာင့္ ထိခိုက္နစ္နာသူေတြကိုလည္း စာနာ နားလည္မႈေလးေတြနဲ႔ အတူ ေဖးမကူညီမႈေလးေတြကိုလည္း ေဆာင္႐ြက္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း မင္းေမာ္ကြန္းက ၅၀၅(က)နဲ႔အမႈဖြင့္အေရးယူခံထားရၿပီး ထြက္ေျပးတိမ္းေရွာင္ေနရတာျဖစ္ပါတယ္။ မင္းေမာ္ကြန္းရဲ႕ဖခင္ဦးဇင္ဝိုင္း လည္း ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး ယမန္ေန႔ကမွျပန္လည္လြတ္ေျမာက္

မင္းေမာ္ကြန္းက ေရွာင္တိမ္းေနရေပမယ့္လည္း သူ႔ရဲ႕ လူမႈကြန္ ယက္စာမ်က္ႏွာကေနျပည္သူေတြအတြက္ ခြန္အားျဖစ္ေစႏိုင္တဲ့စာေလးေတြ နဲ႔ သတင္းအခ်က္ေလးေတြကိုလည္းမွ်ေဝေပးေနတာျဖစ္ပါတယ္။ မၾကာေသးမီကေတာ့ မင္းေမာ္ကြန္းက သူ႔ရဲ႕ Facebookစာမ်က္ႏွာမွာ “ရန္ကုန္မွာ​ေမြး ရန္ကုန္မွာႀကီး​ေတာ့ ရန္ကုန္ကိုလဲ သိပ္လြမ္းတယ္ဗ်ာ ခုထိ​ေရာ ည၈နာရီဆိုရင္ ရန္ကုန္မွာ သံဗုံး​ေတြ တီးၾက​ေသးလား ကြၽန္​ေတာ့္အိမ္မက္က ရန္ကုန္ကိုအျမန္ဆုံးျပန္လိုခ်င္တာ……” ဆိုၿပီးေရးသားထားခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Photo credit-Min MawKunn’s Facebook acc

Leave a Reply

Your email address will not be published. Required fields are marked *