ရှောင်တိမ်းရတဲ့ အခြေအနေ နဲ့ ကြုံရတဲ့ အခါမှာ အင်္ကျီ သုံးထည်ပဲ ယူနိုင်ခဲ့ပြီး အဆင်မပြေ ဖြစ်နေရတဲ့ အကြောင်းလေး ရင်ဖွင့်လာတဲ့ ကျော်ကျော်နန္ဒ

Posted on

ကျော်ကျော်နန္ဒကတော့ တော်လှန်ရေး တိုက်ပွဲ ကြီးမှာ လမ်းပေါ်ထွက် လှုပ်ရှားမှုတွေပြုလုပ်ပြီး ပြည်သူတွေနဲ့အတူ အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ခဲ့သူပဲ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ ကျော်ကျော်နန္ဒ ဟာ ၅၀၅(က)နဲ့ ဖမ်းဝရမ်း ထုတ်ခံထားရပြီး လက်ရှိမှာတော့ ဘေးလွတ်ရာမှာတိမ်းရှောင်နေရတယ်လို့သိရပါတယ်….။

ကျော်ကျော်နန္ဒက ကျန်းမာရေးချို့တဲ့သူတစ်ယောက် လည်းဖြစ်တာကြောင့် ယခင် ရက်ပိုင်းတွေက ဆေးခန်းပြဖို့တောင်အခက်အခဲရှိခဲ့တယ်လို့လည်းသိရပါတယ်။ ဒါ့ပြင်သူရှောင်ပုန်းနေရတဲ့ နေရာလေးမှာမိုးမလုံတာကြောင့် မိုးရေတွေယိုကာ ဒုက္ခမျိုးစုံနဲ့ကြုံနေရကြောင်းကိုလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေထားတာလည်းတွေ့ရပါတယ်။ ကျော်ကျော်နန္ဒက သူ့ရဲ့အနုပညာဖန်တီးမှုအချို့ကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုတွေခံခဲ့ရပေမယ့်လည်း လက်ရှိအခြေအနေမှာအမှန်တရားဘက်ကရပ်တည်ခဲ့တာကြောင့် ပရိသတ်တွေရဲ့အားပေး၀န်းရံမှုရရှိနေတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကျော်ကျော်နန္ဒကသူ့ရဲ့Facebook စာမျက်နှာလေးကနေ ခံစားချက် အချို့ကိုရင်ဖွင့်လာခဲ့ပါတယ်။ “တကယ်ပြေးရတော့ အင်္ကျီတောင် သုံးထည်ဘဲပါတာ တရားလည်းရပါတယ် ဖြစ်ပြီးရင်ပျက်တာပါဘဲ ဘားမှ စွဲလန်းမနေတော့ပါဘူးဗျ အားလုံးတနေ့ထားခဲ့ရမှာ……” ‌ဆိုပြီး ချို့ချို့တဲ့တဲ့နေရတဲ့သူ့ရဲ့ ပုံရိပ်လေးနဲ့အတူ တင်ပေးထားတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-​ ​ Kyaw Kyaw Nanda’s Facebook page

zawgyi

ေက်ာ္ေက်ာ္နႏၵကေတာ့ ေတာ္လွန္ေရး တိုက္ပြဲ ႀကီးမွာ လမ္းေပၚထြက္ လႈပ္ရွားမႈေတြျပဳလုပ္ၿပီး ျပည္သူေတြနဲ႔အတူ အေရးေတာ္ပုံႀကီး ေအာင္ျမင္ဖို႔အတြက္ တစ္ေထာင့္တစ္ေနရာကေန ပါဝင္အားျဖည့္ခဲ့သူပဲ ျဖစ္ပါတယ္။ ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကေန မားမားမတ္မတ္ရပ္တည္ခဲ့တဲ့ ေက်ာ္ေက်ာ္နႏၵ ဟာ ၅၀၅(က)နဲ႔ ဖမ္းဝရမ္း ထုတ္ခံထားရၿပီး လက္ရွိမွာေတာ့ ေဘးလြတ္ရာမွာတိမ္းေရွာင္ေနရတယ္လို႔သိရပါတယ္….။

ေက်ာ္ေက်ာ္နႏၵက က်န္းမာေရးခ်ိဳ႕တဲ့သူတစ္ေယာက္ လည္းျဖစ္တာေၾကာင့္ ယခင္ ရက္ပိုင္းေတြက ေဆးခန္းျပဖို႔ေတာင္အခက္အခဲရွိခဲ့တယ္လို႔လည္းသိရပါတယ္။ ဒါ့ျပင္သူေရွာင္ပုန္းေနရတဲ့ ေနရာေလးမွာမိုးမလုံတာေၾကာင့္ မိုးေရေတြယိုကာ ဒုကၡမ်ိဳးစုံနဲ႔ႀကဳံေနရေၾကာင္းကိုလည္း သူ႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ မွ်ေဝထားတာလည္းေတြ႕ရပါတယ္။ ေက်ာ္ေက်ာ္နႏၵက သူ႔ရဲ႕အႏုပညာဖန္တီးမႈအခ်ိဳ႕ေၾကာင့္ ပရိသတ္ေတြရဲ႕ေဝဖန္မႈေတြခံခဲ့ရေပမယ့္လည္း လက္ရွိအေျခအေနမွာအမွန္တရားဘက္ကရပ္တည္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕အားေပး၀န္းရံမႈရရွိေနတာျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ ေက်ာ္ေက်ာ္နႏၵကသူ႔ရဲ႕Facebook စာမ်က္ႏွာေလးကေန ခံစားခ်က္ အခ်ိဳ႕ကိုရင္ဖြင့္လာခဲ့ပါတယ္။ “တကယ္ေျပးရေတာ့ အက်ႌေတာင္ သုံးထည္ဘဲပါတာ တရားလည္းရပါတယ္ ျဖစ္ၿပီးရင္ပ်က္တာပါဘဲ ဘားမွ စြဲလန္းမေနေတာ့ပါဘူးဗ် အားလုံးတေန႔ထားခဲ့ရမွာ……” ‌ဆိုၿပီး ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ေနရတဲ့သူ႔ရဲ႕ ပုံရိပ္ေလးနဲ႔အတူ တင္ေပးထားတာျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Photo credit-​ ​ Kyaw Kyaw Nanda’s Facebook page

Leave a Reply

Your email address will not be published. Required fields are marked *