ရှုတင် မှာ မတော်တဆ ထိခိုက် ဒဏ်ရာ ရ ရှိခဲ့ တဲ့ စူပါ မော်ဒယ်လ် J NAW

Posted on

မြစ်ကြီးနားသူလေး မော်ဒယ် J Naw ကတော့ သူမရဲ့ အမိုက်စား Pose တွေ၊ အကြည့်တွေ ကြောင့် နာမည်ကြီးနေတဲ့ စူပါမော်ဒယ်လ်တစ်ယောက်ပါ ။ သူမရဲ့အမိုက်စား ဘော်ဒီကောက်ကြောင်းတွေနဲ့ မော်ဒယ်လ်ပီသတဲ့ အရပ်အမောင်း ကြောင့် ပုရိသ ပရိသတ်တွေကြားမှာ ရေပန်းစား သူလေးပါ ။

သူမရဲ့ ဓာတ်ပုံ ရိုက်ကူးမှုတွေကလည်း အရမ်းကို ဆွဲဆောင်မှု ရှိသလို ထူးထူးခြားခြားလေးတွေ ရှိတာကိုလည်း ပရိသတ်တွေသတိထားမိကြမှာပါ ။ လတ်တလောမှာတော့ မော်ဒယ်လ် J Naw တစ်ယောက် ရှုတင်မှာ ကြောင်နဲ့ ဓာတ်ပုံရိုက်ကူးမှု ပြုလုပ်ရင်း ကြောင်ကုတ်ခံ လိုက်ရတဲ့အတွက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့သိရပါတယ် ။ အနုပညာညီအစ်ကိုမောင်နှမတွေ ကတော့ သူမအတွက် စိုးရိမ်တကြီး သတင်းမေးနေကြတာကိုလည်းတွေ့ရပါတယ် ။

J Naw ကတော့ သူမက မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် လက်ခံရမှာပေါ့လို့ မိုင်ဒေးမှာ ရေးသားဖော်ပြထားတာလည်းတွေ့ရပါတယ် ။ J naw ရဲ့ ပရိသတ်တွေကတော့ သူမအတွက် စိုးရိမ်နေကြပြီး အမြန်ဆုံးသက်သာပါစေဆိုတဲ့ ဆုမွန်ကောင်းလေးတွေ တောင်းပေးခဲ့ကြပါတယ် ။

Source : J Naw

zawgyi




Source : J Naw

Leave a Reply

Your email address will not be published. Required fields are marked *