ရွှေ ကွန်း ကွန်ဒို တွင် ရွှေ အရောင်း အဝယ် လုပ် တဲ့ လင်မ ယား နှစ်ဦး ရဲ့ အဖြစ် အပျက်

Posted on

ကမာရွတ်မြို့နယ်စံရိပ်ငြိမ် မှတ်တိုင်အနီး ရတနာမြိုင် လမ်းရှိ ရွှေကွန်း ကွန်ဒို တွင် နေထိုင်သော ရွှေ အရောင်းအဝယ် လုပ်ငန်းရှင်လင်မယားအား သြဂုတ် ၁၀ ရက်ည ၉ နာရီခွဲခန့်အချိန်ကအနုကြမ်းစီးသည့် အမှုဖြစ်ပွားခဲ့ကြောင်း ကမာရွတ်မြို့နယ်ရဲစခန်းက ပြည်မြန်မာ ကိုအတည် ပြုပြောကြားသည်။

အဆိုပါအမှုကို ပ- ၇၇၉/၂၀၂၀ ဖြင့် အမှုဖွင့် ထားကာ စုံစမ်းနေပြီ ဖြစ်ကြောင်း အဆိုပါစခန်း ၏ တာဝန်ကျရဲအရာထမ်းတစ်ဦးကဆိုသည်။ အနုကြမ်းစီးသူများက အိမ်ရှင် အမျိုးသားအား လက်ထိပ်ခတ်ထား၍ ရတနာနှင့် ငွေမရမချင်း ပေါင်ခြံကို ဓားဖြင့်စိတ်ကြိုက် မွှမ်း၍ စိမ်ပြေ နပြေ ပြုလုပ်ပြီးနောက်

အိမ်ရှင်အမျိုးသမီးအားလည်း လက်ထိပ်ခတ် ခြေထောက်ကို ပလပ်စတစ်ကြိုးဖြင့် ချည်နှောင်၍ငွေသားနှင့် လက်ဝတ်ရတနာ အချို့ ယူဆောင်ထွက်ပြေး သွားကြောင်းလည်းသိရသည်။ ကျူးလွန်သူများမှာအမျိုးသမီးတစ်ဦးနှင့် အမျိုးသား သုံးဦးတို့ဖြစ်ကြောင်း ကနဦး သတင်းရရှိသည်။

crd

zawgyi

ကမာ႐ြတ္ၿမိဳ႕နယ္စံရိပ္ၿငိမ္ မွတ္တိုင္အနီး ရတနာၿမိဳင္ လမ္းရွိ ေ႐ႊကြန္း ကြန္ဒို တြင္ ေနထိုင္ေသာ ေ႐ႊ အေရာင္းအဝယ္ လုပ္ငန္းရွင္လင္မယားအား ၾသဂုတ္ ၁၀ ရက္ည ၉ နာရီခြဲခန႔္အခ်ိန္ကအႏုၾကမ္းစီးသည့္ အမႈျဖစ္ပြားခဲ့ေၾကာင္း ကမာ႐ြတ္ၿမိဳ႕နယ္ရဲစခန္းက ျပည္ျမန္မာ ကိုအတည္ ျပဳေျပာၾကားသည္။

အဆိုပါအမႈကို ပ- ၇၇၉/၂၀၂၀ ျဖင့္ အမႈဖြင့္ ထားကာ စုံစမ္းေနၿပီ ျဖစ္ေၾကာင္း အဆိုပါစခန္း ၏ တာဝန္က်ရဲအရာထမ္းတစ္ဦးကဆိုသည္။ အႏုၾကမ္းစီးသူမ်ားက အိမ္ရွင္ အမ်ိဳးသားအား လက္ထိပ္ခတ္ထား၍ ရတနာႏွင့္ ေငြမရမခ်င္း ေပါင္ၿခံကို ဓားျဖင့္စိတ္ႀကိဳက္ မႊမ္း၍ စိမ္ေျပ နေျပ ျပဳလုပ္ၿပီးေနာက္

အိမ္ရွင္အမ်ိဳးသမီးအားလည္း လက္ထိပ္ခတ္ ေျခေထာက္ကို ပလပ္စတစ္ႀကိဳးျဖင့္ ခ်ည္ေႏွာင္၍ေငြသားႏွင့္ လက္ဝတ္ရတနာ အခ်ိဳ႕ ယူေဆာင္ထြက္ေျပး သြားေၾကာင္းလည္းသိရသည္။ က်ဴးလြန္သူမ်ားမွာအမ်ိဳးသမီးတစ္ဦးႏွင့္ အမ်ိဳးသား သုံးဦးတို႔ျဖစ္ေၾကာင္း ကနဦး သတင္းရရွိသည္။

crd

Leave a Reply

Your email address will not be published. Required fields are marked *