ရွှေတိဂုံ ဘုရား လက်ရှိ အခြေအနေ ကို မျှဝေ လာ တဲ့ ပြည်သူ တစ်ဦး

Posted on

ရွှေတိဂုံစေတီတော်အကြောင်း မြန်မာနိုင်ငံကိုလာရောက်လည်ပတ်သူတိုင်း ရွှေတိဂုံ စေတီတော် သို့ အလည်တစ်ခေါက် မရောက် ခဲ့ပါလျှင် လည်ပတ်ရကျိုးမနပ်ဟု ပြောနိုင်ပေသည်။ ရွှေတိဂုံစေတီကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်ခန့်က မြတ်စွာဘုရား၏ ဆံတော်နှင့် အခြားဓါတ်တော်များ ကိုဌာပနာ၍ တည်ထားကိုးကွယ်တော်မူခြင်းခဲ့ဖြစ်သည်။

ကန်တော်ကြီးပန်းခြံ၏ အနောက်ဘက် အကျယ် ၁၁၄ ဧက ရှိသော သိင်္ဂုတရကုန်းတော်ပေါ်တွင် တည်ရှိပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ ကိုးကွယ်ရာ စေတီတစ်ဆူဖြစ်သည်။ စေတီတော်မှာ အစပိုင်းတွင် ၈.၂ မီတာအမြင့်သာရှိခဲ့ပြီး ယနေ့အချိန်အခါတွင် ၁၁၀ မီတာအမြင့်ထိ တည်ထား ကိုးကွယ် တော်မူခဲ့သည်။

စေတီတော်ကိုရွှေပြားများဖြင့် ရွှေချထားပြီးအပေါ်ဆုံးပိုင်း စိန်ဖူးတော်တွင် စိန်အလုံးပေါင်း ၄၅၃၁ လုံးဖြင့် မြုှပ်သွင်းစီခြယ်ကာပူဇော်ထားသည်။ အကြီးဆုံးစိန်မှာ ၇၂ ကာရတ် အလေးချိန်ရှိသည်။ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ထားရာ နေရာတစ်ခုဟုဆိုလျှင်လည်း မမှားပေ။ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သော ပန်းချီ၊ ပန်းပု နှင့် ဗိသုကာပညာများ သိုမှီးထားရာ နေရာတစ်ခုလည်းဖြစ်သည်။

အရောင်အသွေး စုံလင်လှသည့် စေတီပုထိုးများ၊ဘုရားရုပ်ပွားတော်များကို ဖူးတွေ့နိုင်ပြီး လွန်ခဲ့သော နှစ်ပေါင်း၂၅၀၀ခန့်က လက်ရာမြောက်လှသည့် အနုပညာ လက်ရာများကိုလည်းပြန်လည်ဖော်ပြသည့် နေရာ တစ်ခုဖြစ်သည်။

ဘုရားဖူးဧည့်သည်များအဖို့ ဤမျှခန့်ညားထည်ဝါ လှသည့် ဗိသုကာပညာ အနုပညာများကိုနားလည်ရန်၊ ဗုဒ္ဓဘာသာ၏ အထွတ်အမြတ်ဖြစ်သောစေတီတော်၏ အံ့ချီးဖွယ်အကြောင်းအရာများမှသည် မြန်မာလူမျိုးတို့၏ ဘ၀နှင့် နေထိုင်မှု ပုံစံများကို ဒေသခံ များထံမှ သိရှိရမည်ဖြစ်သည်။

😔ခေါင်းလောင်းမှောက်အောက်ပိုင်းက ရွှေပြားတွေ အားလုံးခွာယူလိုက်ပြီးပါပြီ၊ ခုအပေါ်ပိုင်းကို ဆက်ခွာဖို့ လုပ်နေပါတယ်၊ ခွာပြီး ရွှေဆေးပြန်သုတ်ထားပါတယ်၊ ပြည်သူတွေသတိမထားမိအောင်လို့ပါ၊ ဒီနေ့ပဲ သေသေချာချာသွားကြည့်ခဲ့ပါတယ်

ခိုင်လုံတိကျတဲ့ အချက်အလက်တွေအရရွှေတိဂုံစေတီတော်ကြီးမှာ ဆပ်ကပ်လှူဒါန်းထားတဲ့ ရွှေသက်န်း ဟာ။ 20,000 ကနေ 22,000 gold bars ရှိပါတယ်။ တစ်ချပ်ချင်းစီကွာလတီ အရ ပျှမ်းမျှတွက်ရင် 9 ton ကနေ 60 tonnes အလေးချိန်ရှိတဲ့ စုစုပေါင်း ရွှေ ပမာဏ ပါ။ 1 ton of gold ဟာ 46.5 million US$ တန်ပါတယ်။

ကျွန်တော်ပြောပြမယ် ။ အဓိက ဘုရားကြီးရဲ့ ရွေခွာဖို့ အဓိကမဟုတ်ပါဘူး။ယတျှာ ခြေဖို့လဲ မဟုတ်ပါဘူး။ ရွေ သက္ကန်းကပ်ဖို့လဲ မဟုတ်ပါဘူး။ ရွေတိ့ဂုံဘုရားကြီးရဲ့ ထီးတော် ဘုံ ခုနှစ်ဆင့်နဲ့ ပန်းလည်တိုင် ငှက်မျက်နား စိန်ဖူးတော် တို့မှာ ကပ်လှူထားတဲ့ တန်ဖိုးကြီး ရတနာ စိန် ပတ္တမြား အစ တန်ဖိုးကြီးတဲ့ ရတနာ ပေါင်စုံ ကပ်လျု ပူဇော်ထားပါတယ်

ကျွန်တော်ကိုယ်တိုင် ဘုရားကြီးထီးတော် ကြီးပြုပြင်တုန်းက အရပ်ဘက်က အနေနဲ့ လုပ်အားပေးဒါန ပြုခဲ့ဖူးပါတယ်။နေ့စဉ် ဘုရားကြီးထီးတော်ပေါ်ကို တက်ပီး ကုသိုလ်ဒါနပြုခဲ့ရပါတယ်။ ရွှေခေါင်းလောင်းတွေဆို ရာချီပီး ရှိ့ပါတယ်။

ရင်ထဲ တစ်စိမ့်စိမ့် နာကျင်ခဲ့ရပါတယ်။ လက်လှမ်းမှီသလောက် ဆရာတော်င်္တွေ ကို စာတွေပို့ပီး ပြောပေးခဲ့ပါတယ် ။ဘယ်သူမှ ပြန်စာ မလာကြပါဘူး ။ပိုပီးတော့ ဝမ်းနဲ့ ကြေကွဲရခဲ့ပါတယ်။
ဘုရားကြီးရဲ့ သက်တန်းဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပါပီ။

တစ်ကယ်တမ်းတော့ သားသနာကို ပြုနေသော သာသနာ့ ဆရာတော်ကြီးတွေမှာ အပြည့်အဝ တာဝန်ရှိ့နေပါတယ်။ ဒီကွန့်မန်းမှာရှိ့နေကြသော မိတ်ဆွေများအနေနဲ့ နီးစပ်ရာ သာသနာ့ဝန်ထမ်းနေကြသော ရဟန်းသံဃာ များကို copy လေးလုပ်ပီး ဖြန့်ဝေစေချင်ပါတယ်။ ဒီလုပ်ရပ်ဟာ သာသနာတော် အတွက် မှေးမှိန်သွားစေနိုင်ပါတယ်။

ကိုယ်လုံးတော်မှာကပ်ထားတဲ့ ရွေတွေကလည်း ၁ကျပ်သား ၂ ကျပ်သား ၃ကျပ်သား၅ကျပ်သားရွှေပြားတွေကို တစ်ပေပတ်လည် ပြုလုပ်ပီး စတီး စတိမ်းလတ်စတီး ပြားပေါ်မှာ မူလီစုပ်ပီးပြန်လည် ကပ်လှုထားခဲ့တာပါ။ အရင်က ကြေးပြားတွေမှာမူလီစုပ်ပီး ကပ်လျူတာပါ။ အခုတော့ ပြည်ပရောက်နေတဲ့အတွက် မြင်ရကြားရတာတွေက ကြေကွဲ ဝမ်းနဲ့စရာတွေ အပြည့်ပါ။ ရင်ထဲနာကျည်းရပါတယ်။

ရွှေတိ့ဂုံဘုရားကြီးရဲ့ ဘက်စုံ မွန်းမံ ပြင်စဉ် ရွေသက္ကန်းကပ် လျူတာက ၄ နှစ်တစ်ကြီမ် ပြုလုပ် တာပါ။ နီးစပ်ရာ သိ့ကျွမ်းသော သာသနာပြုနေကြသော ဘုရားသာတော် သံဃာတော်တွေကို copy လေး လုပ်ပီး သာသနာတော်ကို ကာကွယ်ဖို့ ပေးပို့စေချင်ပါတယ်။
တားနိုင်သူတွေ တားပေးရင် ကောင်းမယ်ဗျာ။

Crd

Leave a Reply

Your email address will not be published. Required fields are marked *