ယခုအခါတွင် မြန်မာပြည်သူ ပြည်သားတို့၏ စိတ် နှလုံးသားထဲ၌ ရဲဆိုလျှင်
အင်မတန် ရွံမုန်းသောစိတ်များ စတင်သန္ဓေ တည်လျက် ရှိနေ ပါသည်။
မြန်မာနိုင်ငံတွင်လည်း ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာမှာ အလွန် ညှိုးနွမ်း ကျဆင်းလျက်ရှိနေပါသည်။
ကလေးငယ်လေးတစ်ဦးက ” ဖေဖေ ရဲတွေက လူဆိုးတွေလားဟင် ” ဟု ေ
မးရာ ဖခင်ဖြစ်သူမှာ အဖြေရှာမရခဲ့ပါ။
ရဲတပ်ဖွဲ့ဝင်များသတိပြုရန်မှာ တပ်မတော် သားများ သည် မိမိတို့၏
သားသမီးများကို တပ်တွင်းစာသင်ကျောင်းများ၌ ပညာ သင်ယူ စေနိုင်သော်လည်း ရဲဝန်ထမ်းများ၏
သားသမီးများမှာမူ ပြည်သူနှင့် ရောနှောကာ စာသင်ကျောင်း များ၌ ပညာသင်ကြားနေရပါသည်။
နောင်အခါ စာသင်ကျောင်း အခန်းဖော် များကြားတွင် ” သူ့အဖေကရဲလေ ”
ဆိုသည်နှင့် သူငယ်ချင်းများ၏ ရှောင်ဖယ်ခြင်း၊ အထင်သေးခြင်း၊
ဆရာ / ဆရာမများ၏ စိတ်နာကျင်ခြင်း များကို ရဲဝန်ထမ်းတို့၏ သားသမီးများက ခံစားရရှိနိုင်ပါသည်။
သို့ပါ သောကြောင့် ရဲအမှုထမ်းများအနေဖြင့် မိမိ တို့၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော အမှုများကို မပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ပြည်သူတစ်ဦး
CRD_GreenJade
zawgyi
ယခုအခါတြင္ ျမန္မာျပည္သူ ျပည္သားတို႔၏ စိတ္ ႏွလုံးသားထဲ၌ ရဲဆိုလွ်င္
အင္မတန္ ႐ြံမုန္းေသာစိတ္မ်ား စတင္သေႏၶ တည္လ်က္ ရွိေန ပါသည္။
ျမန္မာႏိုင္ငံတြင္လည္း ရဲတပ္ဖြဲ႕၏ ဂုဏ္သိကၡာမွာ အလြန္ ညႇိဳးႏြမ္း က်ဆင္းလ်က္ရွိေနပါသည္။
ကေလးငယ္ေလးတစ္ဦးက ” ေဖေဖ ရဲေတြက လူဆိုးေတြလားဟင္ ” ဟု ေ
မးရာ ဖခင္ျဖစ္သူမွာ အေျဖရွာမရခဲ့ပါ။
ရဲတပ္ဖြဲ႕ဝင္မ်ားသတိျပဳရန္မွာ တပ္မေတာ္ သားမ်ား သည္ မိမိတို႔၏
သားသမီးမ်ားကို တပ္တြင္းစာသင္ေက်ာင္းမ်ား၌ ပညာ သင္ယူ ေစႏိုင္ေသာ္လည္း ရဲဝန္ထမ္းမ်ား၏
သားသမီးမ်ားမွာမူ ျပည္သူႏွင့္ ေရာေႏွာကာ စာသင္ေက်ာင္း မ်ား၌ ပညာသင္ၾကားေနရပါသည္။
ေနာင္အခါ စာသင္ေက်ာင္း အခန္းေဖာ္ မ်ားၾကားတြင္ ” သူ႔အေဖကရဲေလ ”
ဆိုသည္ႏွင့္ သူငယ္ခ်င္းမ်ား၏ ေရွာင္ဖယ္ျခင္း၊ အထင္ေသးျခင္း၊
ဆရာ / ဆရာမမ်ား၏ စိတ္နာက်င္ျခင္း မ်ားကို ရဲဝန္ထမ္းတို႔၏ သားသမီးမ်ားက ခံစားရရွိႏိုင္ပါသည္။
သို႔ပါ ေသာေၾကာင့္ ရဲအမႈထမ္းမ်ားအေနျဖင့္ မိမိ တို႔၏ ဂုဏ္သိကၡာကို ညႇိဳးႏြမ္းေစေသာ အမႈမ်ားကို မျပဳၾကပါရန္ ေမတၱာရပ္ခံအပ္ပါသည္။
ျပည္သူတစ္ဦး
CRD_GreenJade