ရဲ နဲ့ စစ်တပ် အင်အားအပြည့် နဲ့ ဝင်ရောက် ရှာဖွေခြင်း ခံရ တဲ့ အေးဝတ်ရည်သောင်း

Posted on

ဒီကနေ့ ဧပြီလ ၂၂ရက် မနက်ပိုင်း မှာ မန္တလေးက မြရည်နန္ဒာ အိမ်ရာမှာ ရဲ နဲ့ စစ်တပ် အင်အား အပြည့်နဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်း ကို ဝင်ရောက်ရှာဖွေ ခဲ့တယ်လို့ အနီးအနားက ပြည်သူတွေထံက သိရပါတယ်။ သရုပ်ဆောင် အေးဝတ်ရည်သောင်း(ခ)အေးသောင်းကို စစ်တပ်ကို အကြည် ညိုပျက် စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုဝရမ်း ထုတ်ထား တာ ဖြစ်ပါတယ် ။ အဲဒီလို ဝင်ရောက် ရှာဖွေစဉ် မှာ အိမ်ရာအတွင်း နေထိုင်သူ အရပ်သား ၄ ဦးကို စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင် သွားပေမယ့် သရုပ်ဆောင် အေးဝတ်ရည်သောင်း ကို ဖမ်းမိ

သွားလား ဆိုတာကိုတော့ အသေးစိတ်မသိ ရှိရ သေးပါဘူး ။ မနေ့က ဧပြီလ၂၁ရက် ညနေပိုင်း ကလည်း ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်က ကွန်တိုတိုက်ခန်း တစ်ခုကို ရဲနဲ့ စစ်တပ်က ဝင်ရောက် စီးနင်းပြီး သရုပ်ဆောင် ခင်ဝင့်ဝါကို ရှာဖွေ ဖမ်း ဆီးခဲ့ပေမယ့် ဖမ်း ဆီး ခံရခြင်းတော့မရှိခဲ့ပါဘူး ။ စစ်တပ်က

အာဏာသိမ်း ပြီးကတည်းက စတင်ကာ လက်ရှိ အချိန်ထိ မင်းသမီး၊ မင်းသား၊ အဆိုတော်၊ စာရေးဆရာ၊ ဒါရိုက်တာတွေ အပါအဝင် ပြည်သူလူထုကြား ထင်ရှားကျော်ကြား သူတွေကို စစ်တပ်က ပုဒ်မ ၅၀၅ (က) နဲ့ ဝရမ်းထုတ် တရားစွဲ ဆိုတာတွေ၊ ဖမ်းဆီး အရေး ယူတာတွေ လုပ်ဆောင်နေဆဲ ဖြစ် ပါတယ်။

crd

zawgyi

ဒီကေန႔ ဧၿပီလ ၂၂ရက္ မနက္ပိုင္း မွာ မႏၲေလးက ျမရည္နႏၵာ အိမ္ရာမွာ ရဲ နဲ႔ စစ္တပ္ အင္အား အျပည့္နဲ႔ သ႐ုပ္ေဆာင္ ေအးဝတ္ရည္ေသာင္း ကို ဝင္ေရာက္ရွာေဖြ ခဲ့တယ္လို႔ အနီးအနားက ျပည္သူေတြထံက သိရပါတယ္။ သ႐ုပ္ေဆာင္ ေအးဝတ္ရည္ေသာင္း(ခ)ေအးေသာင္းကို စစ္တပ္ကို အၾကည္ ညိဳပ်က္ ေစမႈ ပုဒ္မ ၅၀၅ (က) နဲ႔ တရားစြဲဆိုဝရမ္း ထုတ္ထား တာ ျဖစ္ပါတယ္ ။ အဲဒီလို ဝင္ေရာက္ ရွာေဖြစဥ္ မွာ အိမ္ရာအတြင္း ေနထိုင္သူ အရပ္သား ၄ ဦးကို စစ္တပ္ နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးေခၚေဆာင္ သြားေပမယ့္ သ႐ုပ္ေဆာင္ ေအးဝတ္ရည္ေသာင္း ကို ဖမ္းမိ

သြားလား ဆိုတာကိုေတာ့ အေသးစိတ္မသိ ရွိရ ေသးပါဘူး ။ မေန႔က ဧၿပီလ၂၁ရက္ ညေနပိုင္း ကလည္း ရန္ကုန္ၿမိဳ႕ စမ္းေခ်ာင္းၿမိဳ႕နယ္က ကြန္တိုတိုက္ခန္း တစ္ခုကို ရဲနဲ႔ စစ္တပ္က ဝင္ေရာက္ စီးနင္းၿပီး သ႐ုပ္ေဆာင္ ခင္ဝင့္ဝါကို ရွာေဖြ ဖမ္း ဆီးခဲ့ေပမယ့္ ဖမ္း ဆီး ခံရျခင္းေတာ့မရွိခဲ့ပါဘူး ။ စစ္တပ္က

အာဏာသိမ္း ၿပီးကတည္းက စတင္ကာ လက္ရွိ အခ်ိန္ထိ မင္းသမီး၊ မင္းသား၊ အဆိုေတာ္၊ စာေရးဆရာ၊ ဒါ႐ိုက္တာေတြ အပါအဝင္ ျပည္သူလူထုၾကား ထင္ရွားေက်ာ္ၾကား သူေတြကို စစ္တပ္က ပုဒ္မ ၅၀၅ (က) နဲ႔ ဝရမ္းထုတ္ တရားစြဲ ဆိုတာေတြ၊ ဖမ္းဆီး အေရး ယူတာေတြ လုပ္ေဆာင္ေနဆဲ ျဖစ္ ပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *