ရဲတိုက် အဖမ်းခံ ရမှု အ တွက် အမှန် တရား ပေါ် ပေါက် ဖို့ မင်းမော်ကွန်း တောင်းဆို

Posted on

စစ်ကောင်စီပိုင် မီဒီယာဖြစ်တဲ့ မြဝတီရုပ်သံ မှာ ဧပြီ ၂ ရက်နေ့က သရုပ်ဆောင် မင်းမော်ကွန်း အပါအဝင် အနုပညာ ရှင်များ၊ Facebook တွင် လူသိများသူများကို ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း ကြေညာခဲ့ပါတယ်။ပုဒ်မ ၅၀၅-ကနဲ့ ဖ မ်း ဝ ရ မ်း..

ထုတ်ခံထားရတဲ့ မင်းမော်ကွန်းက ကိုယ်တိုင် အခုချိန် ထိတော့ ဘေးကင်း နေပြီး၊ မြန်မာ့ ဒီမိုကရေစီအရေး၊ တရားမျှတရေး အတွက် တိုက်ပွဲဝင်ကြသူများ ဘေးရန်ကင်းကြပါစေလို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဆုတောင်းပေးထားပါတယ်။..

“ကျနော် လိုင်းပေါ်မရှိတာ Wifi မရလို့ပါ။ အခုထိ ဘေးကင်း နေပါ တယ်။ ၅၀၅-ကနဲ့ မတရား ဖ မ်း ဝ ရ မ်း ထုတ်ခံရသူများ အပါအဝင် မြန်မာပြည် အရပ်ရပ်နှင့် နိုင်ငံ တကာမှနေပြီး မြန်မာ့ ဒီမိုကရေစီအရေး၊ တရားမျှတရေးအတွက် တိုက်ပွဲ ဝင်ကြသူ အမှန်တရား..

ဘက်တော်သား အပေါင်းလည်း ဘေးရန်ကင်း ကြပါစေလို့ ဆုတောင်း ပါတယ်”“Wifi ပြ တ် တော က်ခဲ့လို့ တချို့သတင်းတွေကို နောက်ကျမှ သိရတာတွေ ရှိပါတယ်။ ပထမဆုံးအနေနဲ့ကတော့ ကရင် စ စ် ဘေးရှောင် ပြည်သူများအချို့ကို ကူညီဖို့ ခွင့်ပြု ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့..

အိမနြီးခငွြးကောငြးပီသမှုကို ကွေးဇူးတငပြါတယြ။ တိုငြးရငြးသား ဒုကျခသညမြွားအတှကြ အကူအညီမွားစှာ နောကထြပြ ရရှိဖို့ မွှောလြင့ပြါတယြ”လို့ မငြးမောြ ကှနြးက ပှောပါတယြ။သရုပဆြောငြ ရဲတိုကြ အဖမြးခံရမှုမှာလညြး သကြ ေ သ လုံးဝ မရှိတာကှောင့ြ..

အမှန်တရား ပေါ်ပေါက် ရေးအတွက် ရဲတိုက် ကိုယ်တိုင် ရဲ့ ထွက်ဆိုချက်များကို သိခွင့်ရဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။“သရုပ်ဆောင် ရဲတိုက် အဖမ်းခံရမှုမှာ သက်သေ (လုံးဝ) မရှိခြင်း၊ ကာယကံရှင် အဖမ်းဆီးခံရသူရဲ့ ထွက်ဆိုချက်များကို မသိရှိရဘဲ..

အမည်မဖော်လိုသူ ရဲတယောက် ရဲ့ ပြောကြားချက် တခုတည်းဖြင့် မူ း ယ စ် ဆေး တွေ့ရှိမှုနှင့် ထပ်အမှုဖွင့်ခြင်းသည် တရားမျှတခြင်း မရှိဘူးလို့ ခံစားရပါတယ်။ ယူဆလို့ ရပါတယ်။ အလားတူ ဖြစ်ရပ်များ ရှိခဲ့ပါတယ်။ လှိုင်မှာ လူငယ် IT ပညာရှင် ၇ ယောက်ကို..

ဖမ်းတုန်းက Laptop တွေသာ မိခဲ့ပေမယ့် ဓာတ်ပုံ ရိုက် အမှုဖွင့်တော့ လ က် န က်တွေ ပါနေပါတယ် ”“အမြင်ကတ်ရင် ကတ်သလောက် တပ်ချင်တဲ့ ပုဒ်မ အပိုတွေ တပ်ပြီး မတရား အရေးယူမှုများ ရှိခဲ့ကြသလို နောက်ထပ် ဖြစ်ပွားလာနိုင်စရာ အကြောင်းလည်း..

ရှိနေပါတယ်။ အရေးကြီးပါတယ်။ အမှန်တရား ပေါ် ပေါက်ရေးအ တွက် ရဲတိုက် ကိုယ်တိုင်ရဲ့ထွက်ဆိုချက်များကို သိခွင့်ရဖို့ အရေးတကြီး လိုအပ်နေပါတယ်။ Speak out လုပ်ပေးကြပါဦး ခင်ဗျာ။ နောက်ထပ် ၅၀၅-ကနဲ့ အမှုဖွင့်ခံထားရတဲ့ The Myanmar Post..

ဂျာနယ် အယ်ဒီတာ ကိုဇင်သော်နိုင်ကိုလည်း ဧပြီ ၅ ရက်နေ့မှာ ထပ်မံ ဖမ်းဆီးထားပါတယ်”လို့ မင်းမော်ကွန်းက ပြောပါတယ်။လက်ရှိ ရန်ကုန် သပိတ်စစ်ကြောင်းများဟာ လက်နက်အင်အား၊ လူအင်အား အလွန်အကျွံသုံးပြီး မတရား ဖိနှိပ်ခံရတဲ့အတွက်..

အားနည်းနေတဲ့အချိန် ဖြစ်တယ်လို့ မင်းမော်ကွန်းက ဆိုပါတယ်။ “လက်ရှိ ရန်ကုန် သပိတ်စစ်ကြောင်းများ လ က် န က်အင်အား၊ လူအင်အား အလွန်အကျွံသုံးပြီး မတရားဖိနှိပ်ခံရတဲ့အတွက် အားနည်းနေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး စစ်ကောင်စီမှ..

ဖ မ်း ဆီးမှုတွေ ဆက်တိုက် လုပ်နေပါပြီ။ Defense Team လို့ အကြောင်းပြပြီး လူငယ် တော်တော်များများကို ဖမ်းနေပါတယ်။ သပိတ် ခေါင်းဆောင်များ၊ Defense team များ၊ CDM ဝန်ထမ်းများနှင့်ထောက်ပံ့သူများ၊ ပရဟိတ တက်ကြွ လှုပ်ရှားသူများ၊…

အလှူရှင်များ၊ ဝရမ်းထုတ်ခံထားရသူများ အားလုံး လုံခြုံရေးအတွက် အထူး ဂရုစိုက်ပြီး ရှောင်တိမ်းကြဖို့ သတိပေးပါတယ်”“မတတ်သာလို့ အဖမ်းခံရတော့မယ်ဆိုရင်တောင် လူမြင်သာအောင် သက်သေ၊ အထောက် အထားတွေ ကိုယ့်ဘက်က ခိုင်ခိုင်လုံလုံ ရှိအောင်..

ကြိုပြင်ဆင်ထားရမယ့် အခြေအနေပါ။ မဟုတ် ရင်တော့ နောက်ထပ် အမှုတွေ အများကြီး ထပ်တိုး လာနိုင်ပါတယ်။ အားလုံးပဲ ဂရုစိုက်ကြပါ။ ဘေးကင်းကြပါစေ။ WiFi ရရင်ရသလို ပြန်တွေ့ပါဦးမယ်။ အတာသင်္ကြန် အခါသမယကိုတော့ မတရားမှုတွေကိုဆန့်ကျင်ရင်းနဲ့ပဲ ဂုဏ်သိက္ခာရှိရှိ ဖြတ် ကျော်ပါ့မယ်”လို့ မင်းမော်ကွန်းက ဆိုပါတယ်။..

Leave a Reply

Your email address will not be published. Required fields are marked *