ရေ အခက်အခဲ ဖြစ်နေတဲ့ ကရင်ပြည်နယ် ပလောတခေါ ရွာလေး အတွက် ရေလှောင်ကန် တည်ဆောက်ပေးမယ့် ထူးအယ်လင်း

Posted on

သီချင်းကောင်းတွေ များစွာထွက်ရှိထားကာ အဆိုတော် တစ်ယောက် အဖြစ် အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့အပြင် ပရဟိတအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသူကတော့ အဆိုတော်ထူးအယ်လင်းပဲ ဖြစ်ပါတယ်..။

လိုအပ်နေတဲ့ပြည်သူတွေအတွက် ကူညီလှူဒါန်းမှုတွေ ပြုလုပ်နေ တဲ့ ထူးအယ်လင်း ကတော့ လက်ရှိမှာလည်း ရေအခက်အခဲဖြစ်နေတဲ့ ပလောတခေါရွာလေးအတွက် ရေလှောင်ကန်တည်ဆောက်ပေးမယ့်အကြောင်းပြောလာပါတယ်..။

ကရင်ပြည် ဖားအံမြို့နယ် ပလောတခေါရွာလေးမှာ စစ်ဘေးရှော င်ပြည်သူတွေ ရေရရှိဖို့ အတွက် လှူဒါန်းကူညီမယ့်အပြင် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ကြော်တို့ကိုလည်း လှူဒါန်းခဲ့တာ တွေ့ရပါတယ်..။

စစ်ဘေးရှောင်ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတာတွေကို ဗီဒီယိုဖိုင်လေး နဲ့ ပြောပြထား တာဖြစ်သလို လောဘနည်းတဲ့ တိုင်းရင်းသားတွေရဲ့ချစ်စရာစိတ်ထားတွေကိုလည်း ထူးအယ်လင်းက ပြောပြထားပါသေးတယ်..။

“စက်ရေတွင်းတူးပေးဖို့ မဖြစ်နိုင်တော့ ရေလှောင်ကန်တည်ပေးဖို့ သာ ရည်ရွယ်တော့တယ်။

ကရင်ပြည် ဖါးအံမြို့နယ် ပလောတခေါရွာ..” ဆိုပြီး ဗီဒီယိုဖိုင်လေး နဲ့အတူ အသိပေး ပြောပြထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်အောက်မှာတော့ တကယ်လိုအပ်နေတဲ့ နေရာတွေမှာ ကောင်းမွန် မွန်မြတ်တဲ့ အလှူတွေ ပြုလုပ်နေတဲ့ ထူးအယ်လင်းတို့ အဖွဲ့ကို ပရိသတ်တွေကလည်း သာဓုခေါ် ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit – Htoo El Lynn’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *