ရောဂါအခံ ရှိပေမယ့် လူထု လှုပ်ရှားမှု ပွဲတွေမှာ အပင်ပန်းခံပြီး လိုက်ပါ ခဲ့ရာကနေ အခြေအနေဆိုးရွားကာ ကွယ်လွန် သွားခဲ့ရတဲ့ ကျောင်းသူတစ်ဦး

Posted on

ဖေဖော်ဝါရီလကတည်းက စတင်ပေါ်ပေါက်ခဲ့တဲ့ လူထု လှုပ်ရှားမှုပွဲတွေ ကတော့ ယခုဧပြီလအထိတိုင်အောင် နေရာတိုင်းမှာ နေ့စဥ်နဲ့အမျှ မြင်တွေ့နေရဆဲ ဖြစ်ပါတယ် ။ ပြည်သူတွေက သူတို့ရဲ့မျှော်လင့်ချက်ဆန္ဒတွေအတွက် ကြိုးစားပါဝင်နေကြတာဖြစ်ပြီး အန္တရာယ်တွေကြား ကနေ ရှေ့ဆက်နေကြတာပဲ ဖြစ်ပါတယ် ။ အခုလည်း တက္ကသိုလ်ကျောင်းသူ လေးတစ်ဦးက သူမမှာ ရောဂါအခံရှိမှန်းသိရက်နဲ့တောင် လူထုလှုပ်ရှားမှုပွဲတွေမှာ တက်တက် ကြွကြွပါဝင်ရင်းနဲ့ပဲ ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ်။

သူမကတော့ သမဝါယမတက္ကသိုလ် (သန်လျင်) မှာပညာသင်ကြားနေတဲ့ ပထမနှစ်ကျောင်းသူလေး မကေဇင်သွယ် ပဲ ဖြစ်ပါတယ် ။ မကေဇင်သွယ်က သွေးလေးဘက်နာရောဂါကို ခံစားနေရပေမယ့်လည်း လူထုလှုပ်ရှားမှုပွဲတွေမှာ အပင်ပန်းခံပြီး ကြိုးစား ပမ်းစား ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။ သူမရဲ့ရောဂါက နေပူခံလို့မရမှန်း သိရက်နဲ့တောင် ရှိသမျှခွန်အားလေးနဲ့ နောက်ဆုံး အချိန်အထိ တာဝန်ကျေပွန်ခဲ့တဲ့ မကေဇင်သွယ်ခမျာ စောစီးစွာပဲ ကြွေလွင့်သွားခဲ့ရတာ ဖြစ်ပါတယ် ။

ရောဂါအခြေအနေဆိုးရွားကာ ကွယ်လွန်သွားခဲ့ရတဲ့ မကေဇင်သွယ် အတွက် သမဝါယမ တက္ကသိုလ် (သန်လျင်) မှ ကျောင်းသူကျောင်းသားတွေကလည်း မိသားစုနဲ့ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။ ဒါကြောင့် ကျောင်းသူကျောင်းသားတွေက မကေဇင်သွယ်ရဲ့စိတ်ဓာတ်ကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ အလေးပြုပါတယ်ဆိုပြီး လူမှုကွန် ယက်စာမျက်နှာတစ်ဆင့် ရေးသားကြေညာခဲ့ကြတာ ဖြစ်ပါတယ် ။ မကေဇင်သွယ်တစ်ယောက် ကောင်းရာမွန်ရာဘုံဘဝမှာ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

zawgyi

ေဖေဖာ္ဝါရီလကတည္းက စတင္ေပၚေပါက္ခဲ့တဲ့ လူထု လႈပ္ရွားမႈပြဲေတြ ကေတာ့ ယခုဧၿပီလအထိတိုင္ေအာင္ ေနရာတိုင္းမွာ ေန႔စဥ္နဲ႔အမွ် ျမင္ေတြ႕ေနရဆဲ ျဖစ္ပါတယ္ ။ ျပည္သူေတြက သူတို႔ရဲ႕ေမွ်ာ္လင့္ခ်က္ဆႏၵေတြအတြက္ ႀကိဳးစားပါဝင္ေနၾကတာျဖစ္ၿပီး အႏၲရာယ္ေတြၾကား ကေန ေရွ႕ဆက္ေနၾကတာပဲ ျဖစ္ပါတယ္ ။ အခုလည္း တကၠသိုလ္ေက်ာင္းသူ ေလးတစ္ဦးက သူမမွာ ေရာဂါအခံရွိမွန္းသိရက္နဲ႔ေတာင္ လူထုလႈပ္ရွားမႈပြဲေတြမွာ တက္တက္ ႂကြႂကြပါဝင္ရင္းနဲ႔ပဲ ကြယ္လြန္သြားခဲ့ရတာ ျဖစ္ပါတယ္။

သူမကေတာ့ သမဝါယမတကၠသိုလ္ (သန္လ်င္) မွာပညာသင္ၾကားေနတဲ့ ပထမႏွစ္ေက်ာင္းသူေလး မေကဇင္သြယ္ ပဲ ျဖစ္ပါတယ္ ။ မေကဇင္သြယ္က ေသြးေလးဘက္နာေရာဂါကို ခံစားေနရေပမယ့္လည္း လူထုလႈပ္ရွားမႈပြဲေတြမွာ အပင္ပန္းခံၿပီး ႀကိဳးစား ပမ္းစား ပါဝင္ခဲ့တာ ျဖစ္ပါတယ္ ။ သူမရဲ႕ေရာဂါက ေနပူခံလို႔မရမွန္း သိရက္နဲ႔ေတာင္ ရွိသမွ်ခြန္အားေလးနဲ႔ ေနာက္ဆုံး အခ်ိန္အထိ တာဝန္ေက်ပြန္ခဲ့တဲ့ မေကဇင္သြယ္ခမ်ာ ေစာစီးစြာပဲ ေႂကြလြင့္သြားခဲ့ရတာ ျဖစ္ပါတယ္ ။

ေရာဂါအေျခအေနဆိုး႐ြားကာ ကြယ္လြန္သြားခဲ့ရတဲ့ မေကဇင္သြယ္ အတြက္ သမဝါယမ တကၠသိုလ္ (သန္လ်င္) မွ ေက်ာင္းသူေက်ာင္းသားေတြကလည္း မိသားစုနဲ႔ထပ္တူထပ္မွ် စိတ္မေကာင္းျဖစ္ေနၾကတာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ ေက်ာင္းသူေက်ာင္းသားေတြက မေကဇင္သြယ္ရဲ႕စိတ္ဓာတ္ကို ေလးစားဂုဏ္ျပဳတဲ့အေနနဲ႔ အေလးျပဳပါတယ္ဆိုၿပီး လူမႈကြန္ ယက္စာမ်က္ႏွာတစ္ဆင့္ ေရးသားေၾကညာခဲ့ၾကတာ ျဖစ္ပါတယ္ ။ မေကဇင္သြယ္တစ္ေယာက္ ေကာင္းရာမြန္ရာဘုံဘဝမွာ ၿငိမ္းခ်မ္းစြာ အနားယူႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။

Source & Photo Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *