ရေပြောင်း မြေပြောင်းမှာ အသားရည်ရော လူရော စုတ်ပြတ်သတ်ပြီး စိတ်ဓာတ် မပြိုလဲအောင်တော့ ကြိုးစားနေတယ် ဆိုတဲ့ ခင်သဇင်

Posted on

ရုပ်ရှင် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ခင်သဇင် ကတော့ အနုပညာလောက တွင် ပရိသတ်တွေ ရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပြီး ဇာတ်လမ်းတွဲတွေ များစွာကိုလည်း ရိုက်ကူးထားနိုင်တဲ့ သူပဲဖြစ်ပါတယ်။ဖေဖော်ဝါရီလ ကစတင်ပြီး နိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာဆိုရင်လည်း ခင်သဇင်က ပြည်သူတွေ ဘက်ကနေ ရပ်တည်ပေးနေတာ ဖြစ်ပြီး အရေးတော်ပုံကြီး အောင်မြင်ရေးအတွက် နိုင်သလောက် ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ အသက်ပေး သွားရတဲ့ နိုင်ငံ့ သူရဲကောင်းတွေ အတွက်လည်း ဝမ်းနည်းကြေကွဲကာ ဆုတောင်းမေတ္တာပို့သပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်အချိန်ကတော့ သူမရဲ့လူမူကွန်ယက် စာမျက်နှာထက်တွင် လမ်းခရီးမှာ အစစ်ဆေးများတာ ဖြစ်လို့ ပို့စ်အဟောင်းတွေ ဖျက်ပစ်ရ၊Profile တွေ ဖျက်ရကြောင်းနဲ့ ရေပြောင်း မြေပြောင်းမှာ အသားရည်ရော လူရော စုတ်ပြတ်သတ် စိတ်ဆင်းရဲလေ အနာတွေက မပျောက်လေ စိတ်ဓာတ် ကတော့ မပြိုလဲ မစုတ်ပြတ်သတ်ရအောင် ဘုရားနေ့တိုင်းရှိခိုးနေပါတယ်ဆိုတာကို အခုလိုရေးသားဖော်ပြပေးလာတာ ဖြစ်ပါတယ်။

“အင်တာနက် လိုင်းရယ် အကောင့်ရယ် မရတာ အတော်ကြာ Gmail မှားဖွင့်နေတာ ကိုယ့်ကိုကိုယ် မသိရှာ လမ်းခရီးမှာ အစစ်ဆေးများလို့ ပို့စ်အဟောင်းတွေ ဖျက်ပစ်ရ၊Profile တွေ ဖျက်ရ ဝင်ငွေ မရှိတဲ့ ကာလပေမယ့် အတော်အလုပ်များစေတဲ့ ကာလ ပါ ရေပြောင်း မြေပြောင်းမှာ အသားရည် ရော လူရော စုတ်ပြတ် သတ် စိတ်ဆင်းရဲလေ အနာတွေက မပျောက်လေ စိတ်ဓာတ်ကတော့ မပြိုလဲ မစုတ်ပြတ်သတ်ရအောင် ဘုရားနေ့တိုင်းရှိခိုးပါတယ်..တရား ကြိုးစားပြီး ထိုင်ပါတယ် 🙏🏼အော်.. တချို့က ပြန်တောင်ပျော်နေကြပြီနော် မုဒိတာပွါးပေးပါတယ်လေ..ပြည်သူ စိတ်ချမ်းသာရင် ကိုယ်စိတ်ချမ်းသာပါတယ် အမြဲပျော်ရွှင်နေကြတာပဲ မြင်ချင်နေမိပါတယ် ပြည်သူတွေ ကျန်းမာ ချမ်းသာကြပါစေ..လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ 🙏🏼”ဆိုပြီး မျှဝေပေး လာတာပဲ ဖြစ်ပါတယ်။သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း အမြန်ဆုံး သက်သာပျောက်ကင်းအောင် ဆုတောင်း ပေးထားကြတာလည်း တွေ့ရပါတယ်။

Photo Credit -Khin Thazin FB Account

zawgyi

႐ုပ္ရွင္ သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္တဲ့ ခင္သဇင္ ကေတာ့ အႏုပညာေလာက တြင္ ပရိသတ္ေတြ ရဲ႕ အားေပးမႈကို ရရွိပိုင္ဆိုင္ထားတဲ့ မင္းသမီးတစ္လက္ ျဖစ္ၿပီး ဇာတ္လမ္းတြဲေတြ မ်ားစြာကိုလည္း ႐ိုက္ကူးထားႏိုင္တဲ့ သူပဲျဖစ္ပါတယ္။ေဖေဖာ္ဝါရီလ ကစတင္ၿပီး ႏိုင္ငံ အတြင္းမွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာဆိုရင္လည္း ခင္သဇင္က ျပည္သူေတြ ဘက္ကေန ရပ္တည္ေပးေနတာ ျဖစ္ၿပီး အေရးေတာ္ပုံႀကီး ေအာင္ျမင္ေရးအတြက္ ႏိုင္သေလာက္ ပါဝင္လႈပ္ရွားေနတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ေႏြဦးေတာ္လွန္ေရးမွာ အသက္ေပး သြားရတဲ့ ႏိုင္ငံ့ သူရဲေကာင္းေတြ အတြက္လည္း ဝမ္းနည္းေၾကကြဲကာ ဆုေတာင္းေမတၱာပို႔သေပးေနတာလည္း ျဖစ္ပါတယ္။ မၾကာေသးခင္အခ်ိန္ကေတာ့ သူမရဲ႕လူမူကြန္ယက္ စာမ်က္ႏွာထက္တြင္ လမ္းခရီးမွာ အစစ္ေဆးမ်ားတာ ျဖစ္လို႔ ပို႔စ္အေဟာင္းေတြ ဖ်က္ပစ္ရ၊Profile ေတြ ဖ်က္ရေၾကာင္းနဲ႔ ေရေျပာင္း ေျမေျပာင္းမွာ အသားရည္ေရာ လူေရာ စုတ္ျပတ္သတ္ စိတ္ဆင္းရဲေလ အနာေတြက မေပ်ာက္ေလ စိတ္ဓာတ္ ကေတာ့ မၿပိဳလဲ မစုတ္ျပတ္သတ္ရေအာင္ ဘုရားေန႔တိုင္းရွိခိုးေနပါတယ္ဆိုတာကို အခုလိုေရးသားေဖာ္ျပေပးလာတာ ျဖစ္ပါတယ္။

“အင္တာနက္ လိုင္းရယ္ အေကာင့္ရယ္ မရတာ အေတာ္ၾကာ Gmail မွားဖြင့္ေနတာ ကိုယ့္ကိုကိုယ္ မသိရွာ လမ္းခရီးမွာ အစစ္ေဆးမ်ားလို႔ ပို႔စ္အေဟာင္းေတြ ဖ်က္ပစ္ရ၊Profile ေတြ ဖ်က္ရ ဝင္ေငြ မရွိတဲ့ ကာလေပမယ့္ အေတာ္အလုပ္မ်ားေစတဲ့ ကာလ ပါ ေရေျပာင္း ေျမေျပာင္းမွာ အသားရည္ ေရာ လူေရာ စုတ္ျပတ္ သတ္ စိတ္ဆင္းရဲေလ အနာေတြက မေပ်ာက္ေလ စိတ္ဓာတ္ကေတာ့ မၿပိဳလဲ မစုတ္ျပတ္သတ္ရေအာင္ ဘုရားေန႔တိုင္းရွိခိုးပါတယ္..တရား ႀကိဳးစားၿပီး ထိုင္ပါတယ္ 🙏🏼ေအာ္.. တခ်ိဳ႕က ျပန္ေတာင္ေပ်ာ္ေနၾကၿပီေနာ္ မုဒိတာပြါးေပးပါတယ္ေလ..ျပည္သူ စိတ္ခ်မ္းသာရင္ ကိုယ္စိတ္ခ်မ္းသာပါတယ္ အၿမဲေပ်ာ္႐ႊင္ေနၾကတာပဲ ျမင္ခ်င္ေနမိပါတယ္ ျပည္သူေတြ က်န္းမာ ခ်မ္းသာၾကပါေစ..လိုရာဆႏၵေတြ ျပည့္ဝၾကပါေစ 🙏🏼”ဆိုၿပီး မွ်ေဝေပး လာတာပဲ ျဖစ္ပါတယ္။သူမကို ခ်စ္တဲ့ ပရိသတ္ေတြကလည္း အျမန္ဆုံး သက္သာေပ်ာက္ကင္းေအာင္ ဆုေတာင္း ေပးထားၾကတာလည္း ေတြ႕ရပါတယ္။

Photo Credit -Khin Thazin FB Account

Leave a Reply

Your email address will not be published. Required fields are marked *