ရေကူး ဝတ်စုံ လေး နဲ့ လုံးဝ ကို အပြတ် လန်းနေ ပွင့်နဒီမောင်

Posted on

သရုပ်ဆောင် မင်းသမီးချော ပွင့်နဒီမောင် ကတော့ ပြင်ဆင်ခြယ်သမှုတွေ မရှိရင်တောင် သဘာဝအတိုင်း လှသွေးကြွယ်နေသူလေး ဖြစ်ပါတယ် ။ တစ်ခေတ်တစ်ခါတုန်းက ပုရိသတွေရဲ့အသည်းစွဲဖြစ် ခဲ့ တဲ့ ပွင့်နဒီမောင်က အခုချိန် အထိတိုင်အောင် ပျိုမျစ်နုနယ်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ် ။ ပွင့်နဒီမောင်က အနုပညာ လှုပ်ရှားမှုတွေနဲ့ အနည်းငယ်ဝေးကွာနေပေမယ့် ပရိသတ်တွေရဲ့အားပေးမှုကို ရ ရှိနေသေးတာ ဖြစ်ပါတယ် ။

ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျော ညီထွေစွာ ဝတ်စား ဆင်ယင်တတ်တဲ့ ပွင့်နဒီမောင်ကတော့ အမြဲတမ်းလူငယ်လေးတစ်ယောက်လို လန်းဆန်းနုပျိုနေတာ ဖြစ်ပါတယ် ။ လက်ရှိ မှာတော့ ပွင့်နဒီမောင်က သရုပ်ဆောင်ထူးခြားတို့ဇနီးမောင်နှံနဲ့အတူ နေပြည်တော်ကို ရောက်ရှိလို့နေတာ ဖြစ်ပါတယ် ။ ပွင့်နဒီမောင်ကတော့ အလုပ်ကိစ္စနဲ့ ခရီးထွက်လာရင်း အားလပ်ချိန်လေးမှာ အပန်းဖြေခဲ့ တာလည်း ဖြစ်ပါတယ် ။

ပွင့်နဒီမောင် က ရေကူးဝတ်စုံလှလှလေးဝတ်ပြီး ရေကူးကန် ထဲမှာရေစိမ်နေတဲ့ သူမရဲ့အမိုက်စားပုံရိပ်လေးတွေကို မျှဝေထားတာ ဖြစ်ပါတယ် ။ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ပွင့်နဒီမောင်ကတော့ ရေကူးဝတ်စုံလေးနဲ့ လုံးဝကို အပြတ်လန်းနေပြီး ညို့အားပြင်းနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေ အတွက် မင်းသမီးချော ပွင့်နဒီမောင် ရဲ့ရေကူးကန်ထက်က အလှပုံရိပ်တွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

crd

Leave a Reply

Your email address will not be published. Required fields are marked *