အမိုက်စား ကောက်ကြောင်းအလှတရားတွေကြောင့် ပုရိသတွေရဲ့ တစ်ခဲနက် ထောက်ခံ အားပေးမှုတွေကို သိမ်းပိုက် ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး အေးဝတ်ရညါသောင်းပဲ ဖြစ်ပါတယ်။ သူမရဲ့ အမိုက်စားပုံရိပ်လေးတွေကလည်း မိန်းကလေးပရိသတ်များကပါ ချစ်ခင်အားပေးနေကြတာလည်း ဖြစ်ပါတယ်။ မအေးသောင်း ဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများ မှာလည်း ကျရာနေရာကနေ ပီပြင်အောင် သရုပ်ဆောင်နိုင်သူ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။
သူမဟာ လတ်တလောမှာတော့ အိမ်မှာနေရင်း ဗဟုသုတ ရစေမယ့် စာလေးတွေ ဖတ်ရှုလေ့လာမှတ်သားနေတာလည်း ဖြစ်ပါတယ်။ အားလပ်ချိန်များတွင်လည်း ပရိသတ်တွေအတွက် Tik Tok လေးတွေ ဆော့ကစားကာ တင်ပေးတတ်ပါသေးတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မအေးသောင်းရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ ရေကူးကန်လေးထဲမှာရေစိုစိုအလှတရားတွေက ညှို့အားပြင်းစွာ ထင်ဟပ်ပေါ်လွင်လွန်းနေတဲ့ မအေးသောင်းရဲ့ အမိုက်စား Video လေးပဲ ဖြစ်ပါတယ်။ ရေကူးကန်ထဲမှာတောင် လုံလုံခြုံခြုံဖက်ရှင်လေးနဲ့ မိုက်လွန်းနေတာပါ။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် မအေးသောင်းရဲ့ Tik Tok Video လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Aye Thaung’s Facebook and Tik Tok Account