ရုရှား နှင့် တရုတ် ထုတ် ကုန် နဲ့တင် လုံလောက်နေပြီဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြော

Posted on

အမေရိကန်ကြီးစိုးတဲ့ခေတ်ကုန်သွားပြီဖြစ်ပြီး ရုရှားနိုင်ငံလုပ်နဲ့ တရုတ်နိုင်ငံ လုပ် ထုတ်ကုန် တွေနဲ့ တင် လုံလောက်နေပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရုရှားသတင်းဌာန RIA နဲ့ အင်တာဗျုးမှာ ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံက ပြုလုပ်တဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုကြောင့် မြန်မာ လူမျိုး တို့ရဲ့ နေ့စဉ်လူနေမှုဘဝကို ထိခိုက်နေပါသလားလို့ ရုရှားသတင်းဌာနရဲ့ မေးမြန်းချက်ကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေကြားသွားတာဖြစ်ပါတယ်။

“ယခု ကမ္ဘာဟာ အမေရိကန်ကြီးစိုးတဲ့ ခေတ် မဟုတ်တော့ပါဘူး။ Made in Russia, Made in China ဆိုတဲ့ထုတ်ကုန်တွေလည်း ကမ္ဘာကို ပတ်နေကြပြီ ဖြစ်ပါတယ်။ ကျနော်တို့ အတွက် ဒီထုတ်ကုန် တွေနဲ့တင် လုံလောက်ပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ လက်ရှိစီးပွားရေး ကျဆင်းနေတာဟာ ဒီကန့်သတ်ပိတ်ဆို့မှုတွေကြောင့်ဆိုတာထက် ကူးစက် ရောဂါကပ်ဘေးကြောင့်က ပိုများပါတယ်။” လို့ ဖြေကြားသွားပါတယ်။

အနောက်နိုင်ငံတွေအနေနဲ့ အန်အယ်လ်ဒီပါတီဝင်တွေကတစ်ဆင့် မြန်မာပြည်သူတွေ အပေါ်မှာ တရုတ်မုန်းတီးရေးဝါဒတွေ ကို မှိုင်းတိုက်သွတ်သွင်းခဲ့ကြပြီး အန်အယ်လ်ဒီ ပါတီအနေနဲ့ ကျရှုံးသွားချိန်မှာ သူတို့ရဲ့ စိတ်ရင်းအမှန်တွေဟာ ထွက်ပေါ်လာခဲ့ပြီး တရုတ်မုန်းတီးရေးနဲ့ ရုရှားမုန်းတီးရေးတို့ကို ထုတ်ဖော် ဆောင်ရွက် လာခဲ့ကြတာလို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စွပ်စွဲပြောကြားသွားပါတယ်။

အခုလို အခွင့်အခါကြုံကြိုက်တုန်းမှာ ရုရှားနိုင်ငံသားအားလုံးနဲ့ တရုတ်နိုင်ငံသား အားလုံးကို မြန်မာနိုင်ငံအစိုးရအနေနဲ့ ကျေးဇူးအထူးတင်ရှိကြောင်း၊ ရုရှားနိုင်ငံကနေ စစ်လက်နက်ဝယ်ယူရေး စာချုပ်အသစ်တွေ ဇန်နဝါရီလတုန်းက ရုရှားကာကွယ်ရေးဝန်ကြီး Army General Shoiguရဲ့ ခရီးစဉ် အတွင်း ချုပ်ဆိုနိုင်ခဲ့ပြီး ထပ်မံချုပ် ဆိုတဲ့ စာချုပ် အသစ်တွေ မရှိသေးကြောင်းနဲ့ ရုရှားနိုင်ငံထုတ် Sputnik-V ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဝယ်ယူသွားဖို့ အစီအစဉ်ရှိကြောင်းလည်း ပြောပါတယ်။

Sputnik-V ကာကွယ်ဆေးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုးမထိုးနဲ့ ပတ်သက်လို့ တိတိကျကျ အဖြေမပေးနိုင်ကြောင်းနဲ့ ကိုယ်တိုင်တော့ ရုရှားကာကွယ်ဆေးမထိုးဘဲ အိန္ဒိယကာကွယ်ဆေးကိုပဲ ထိုးတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြော သွားပါတယ်။

crd

zawgyi

အေမရိကန္ႀကီးစိုးတဲ့ေခတ္ကုန္သြားၿပီျဖစ္ၿပီး ႐ုရွားႏိုင္ငံလုပ္နဲ႔ တ႐ုတ္ႏိုင္ငံ လုပ္ ထုတ္ကုန္ ေတြနဲ႔ တင္ လုံေလာက္ေနၿပီျဖစ္တယ္လို႔ အာဏာသိမ္း စစ္ေကာင္စီအၾကမ္းဖက္အဖြဲ႕ရဲ႕ ျပန္ၾကားေရး ဒုဝန္ႀကီး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ႐ုရွားသတင္းဌာန RIA နဲ႔ အင္တာဗ်ဳးမွာ ေျပာပါတယ္။

ျမန္မာႏိုင္ငံအေပၚ အေမရိကန္ႏိုင္ငံက ျပဳလုပ္တဲ့ ပိတ္ဆို႔ ဒဏ္ခတ္မႈေၾကာင့္ ျမန္မာ လူမ်ိဳး တို႔ရဲ႕ ေန႔စဥ္လူေနမႈဘဝကို ထိခိုက္ေနပါသလားလို႔ ႐ုရွားသတင္းဌာနရဲ႕ ေမးျမန္းခ်က္ကို ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျဖၾကားသြားတာျဖစ္ပါတယ္။

“ယခု ကမာၻဟာ အေမရိကန္ႀကီးစိုးတဲ့ ေခတ္ မဟုတ္ေတာ့ပါဘူး။ Made in Russia, Made in China ဆိုတဲ့ထုတ္ကုန္ေတြလည္း ကမာၻကို ပတ္ေနၾကၿပီ ျဖစ္ပါတယ္။ က်ေနာ္တို႔ အတြက္ ဒီထုတ္ကုန္ ေတြနဲ႔တင္ လုံေလာက္ပါတယ္။ က်ေနာ္တို႔ ႏိုင္ငံရဲ႕ လက္ရွိစီးပြားေရး က်ဆင္းေနတာဟာ ဒီကန႔္သတ္ပိတ္ဆို႔မႈေတြေၾကာင့္ဆိုတာထက္ ကူးစက္ ေရာဂါကပ္ေဘးေၾကာင့္က ပိုမ်ားပါတယ္။” လို႔ ေျဖၾကားသြားပါတယ္။

အေနာက္ႏိုင္ငံေတြအေနနဲ႔ အန္အယ္လ္ဒီပါတီဝင္ေတြကတစ္ဆင့္ ျမန္မာျပည္သူေတြ အေပၚမွာ တ႐ုတ္မုန္းတီးေရးဝါဒေတြ ကို မႈိင္းတိုက္သြတ္သြင္းခဲ့ၾကၿပီး အန္အယ္လ္ဒီ ပါတီအေနနဲ႔ က်ရႈံးသြားခ်ိန္မွာ သူတို႔ရဲ႕ စိတ္ရင္းအမွန္ေတြဟာ ထြက္ေပၚလာခဲ့ၿပီး တ႐ုတ္မုန္းတီးေရးနဲ႔ ႐ုရွားမုန္းတီးေရးတို႔ကို ထုတ္ေဖာ္ ေဆာင္႐ြက္ လာခဲ့ၾကတာလို႔လည္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက စြပ္စြဲေျပာၾကားသြားပါတယ္။

အခုလို အခြင့္အခါႀကဳံႀကိဳက္တုန္းမွာ ႐ုရွားႏိုင္ငံသားအားလုံးနဲ႔ တ႐ုတ္ႏိုင္ငံသား အားလုံးကို ျမန္မာႏိုင္ငံအစိုးရအေနနဲ႔ ေက်းဇူးအထူးတင္ရွိေၾကာင္း၊ ႐ုရွားႏိုင္ငံကေန စစ္လက္နက္ဝယ္ယူေရး စာခ်ဳပ္အသစ္ေတြ ဇန္နဝါရီလတုန္းက ႐ုရွားကာကြယ္ေရးဝန္ႀကီး Army General Shoiguရဲ႕ ခရီးစဥ္ အတြင္း ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီး ထပ္မံခ်ဳပ္ ဆိုတဲ့ စာခ်ဳပ္ အသစ္ေတြ မရွိေသးေၾကာင္းနဲ႔ ႐ုရွားႏိုင္ငံထုတ္ Sputnik-V ကိုဗစ္-၁၉ ကာကြယ္ေဆးကို ဝယ္ယူသြားဖို႔ အစီအစဥ္ရွိေၾကာင္းလည္း ေျပာပါတယ္။

Sputnik-V ကာကြယ္ေဆးကို တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ထိုးမထိုးနဲ႔ ပတ္သက္လို႔ တိတိက်က် အေျဖမေပးႏိုင္ေၾကာင္းနဲ႔ ကိုယ္တိုင္ေတာ့ ႐ုရွားကာကြယ္ေဆးမထိုးဘဲ အိႏၵိယကာကြယ္ေဆးကိုပဲ ထိုးတယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာ သြားပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *