မန္တလေးမြို့၊ လမ်း၉၀ ၃၁လမ်းနဲ့ ၃၂လမ်းကြားမှာ မတ်လ ၁၁ ရက်နေ့ ပစ်ခတ်မှု ဖြစ်စဉ် အတွင်း သေဆုံးသွားတဲ့ အသက် ၁၉ နှစ် အရွယ်
ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုလင်းထက်ရဲ့ နာရေးအခမ်းအနားကို ဒီက နေ့ပိုင်း က ရုပ်အလောင်း မပါဘဲ အေးရိပ်ငြိမ်သုဿာန်မှာ ပြုလုပ်ခဲ့ပါတယ်။ သေဆုံးသူ ရုပ်အလောင်းကို ရဲနဲ့စစ်တပ်က သေဆုံးမှုဖြစ်စဉ်နေရာမှာပဲ သယ်ဆောင် သွားပြီး
သင်္ဂြိုလ်လိုက်တာဖြစ်တဲ့အတွက် မိသားစုဝင်တွေဟာ ရုပ်အလောင်း မပါဘဲ နေအိမ် ကနေ သုဿာန် အထိ နာရေးအခမ်းအနားကို ပြုလုပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။
crd
zawgyi
crd