ရုပ်အလောင်း ပြန်မရခဲ့တာကြောင့် လမ်းပေါ်မှာ ကျန်ခဲ့တဲ့ ဦးနှောက်တွေကိုသာ အိုးထဲထည့်ပြီး မြှုပ်ပေးခဲ့ရတဲ့ မန္တလေးက သူရဲကောင်းလေးရဲ့ စျာပန

Posted on

လူငယ်လေးတွေက အသက်ငယ်ပေမယ့် လည်း ရဲစွမ်းသတ္တိအပြည့် ရှိကြပြီး ပြည်သူတွေ ကို ကာကွယ်ဖို့အတွက် ထိပ်ဆုံးကနေ နေရာယူနေကြတာ ဖြစ်ပါတယ် ။ အခုလည်း ကိုယ့်နိုင်ငံအတွက် တာဝန်ကျေပွန်ရင်းနဲ့ပဲ အသက်ပေးသွားခဲ့ရတဲ့ ကိုရဲနေမင်းရဲ့အကြောင်းကတော့ စိတ်ထိခိုက် ဝမ်းနည်းစရာကောင်းနေတာပဲ ဖြစ်ပါတယ် ။

ကိုရဲနေမင်းက အသက် (၁၉) နှစ်အရွယ်လေးနဲ့ ကြွေလွင့်ခဲ့ရတာ ဖြစ်ပြီး လူထုလှုပ်ရှားမှု မှာ ပါဝင် ချင်တာကြောင့် အိမ်ကိုတောင်မပြန်ဘဲ သူငယ်ချင်းအိမ်မှာနေခဲ့တာ ဖြစ်ပါတယ် ။

ကိုရဲနေမင်းက ဧပြီလ (၁)ရက်နေ့၊ မွန်းလွဲပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် စိန်ပန်း ရပ်ကွက်မှာ ဦးခေါင်းကျည်ထိမှန်ကာ ကျဆုံးခဲ့တာ ဖြစ်ပါတယ် ။ ကိုရဲနေမင်းရဲ့ရုပ်အလောင်းကို ပြန်မရခဲ့တာကြောင့် မိသားစုဝင်တွေခမျာ စျာပနပွဲ မကျင်းပနိုင်အောင်ဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ။ ဧပြီလ (၃) ရက်နေ့မှာတော့ လမ်းပေါ်မှာကျန်ခဲ့တဲ့ သူရဲကောင်းကိုရဲနေမင်းရဲ့ဦးနှောက်တွေကိုသာ အိုးထဲထည့်ပြီး မြှုပ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။

ရုပ်အလောင်းမပါဘဲ လိုက်ပါပို့ဆောင်ပေးခဲ့ရတဲ့ ကိုရဲနေမင်းရဲ့စျာပနခရီးက ပုံရိပ်တွေကတော့ တကယ့် ကို ကြေကွဲဝမ်းနည်းစရာကောင်းနေတာ အမှန်ပဲဖြစ်ပါတယ် ။

ပြည်သူတွေကလည်း ကိုရဲနေမင်းကျဆုံးခဲ့တဲ့နေရာမှာ ထီးလေးမိုးပေးထားပြီး ပန်းတွေ၊ ရေသန့်ဘူးတွေ နဲ့ အစားအသောက်ဘူးတွေ လာချပေးခဲ့တာပဲ ဖြစ်ပါတယ် ။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းလေး ကိုရဲနေမင်းရဲ့စျာပနပွဲက ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေး လိုက်ရပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *