ရုတ်တရက် အနမ်းပေးလိုက် တဲ့ ချမ်းမြေ့မောင်ချို ကြောင့် ရှက်သွေးဖြာ သွားတဲ့ အက်စတာဒေါ့သ်ချင်းဆုန်

Posted on

သီချင်းဆိုပြိုင်ပွဲရဲ့ ပရိသတ်အကြိုက်ဆုံး မိန်းကလေး တေးသံရှင် များဖြစ်ကြတဲ့ အက်စတာဒေါ့သ်ချင်းဆုန်နဲ့ ချမ်းမြေ့မောင်ချိုတို့နှစ်ယောက်စလုံးကတော့ အောင်မြင်တဲ့ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေကြသူများ ဖြစ်ကြပါတယ်။ နှစ်ယောက်စလုံးကတော့ ချစ်စရာကောင်းပြီး သီချင်းဆိုလည်းကောင်းကြတာမို့ အနုပညာလှုပ်ရှားမှုတွေ တော်တော်များများကိုလည်း လုပ်ကိုင်ခဲ့ကြပြီး ရှိုးပွဲတွေကိုလည်း အတူတူ တွဲဖက်သီဆိုကြတာကို တွေ့ရပါတယ်။ ချမ်းမြေ့မောင်ချိုနဲ့ အက်စတာဒေါ့သ်ချင်းဆုန်တို့ နှစ်ယောက်စလုံးကလည်း ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကို ချပြဖို့ ကြိုးစား နေကြသူလေးတွေ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း အက်စတာဒေါ့သ်ချင်းဆုန်နဲ့ ချမ်းမြေ့မောင်ချို တို့ ညီအစ်မ နှစ်ယောက်က ရှုတင်တစ်ခုမှာ အတူတူဆုံတွေ့ခဲ့ကြတာကို တွေ့ရပါတယ်။ အက်စတာ ဒေါ့သ်ချင်းဆုန်က မောင်ချိုနဲ့ အတူတူရှိခဲ့တဲ့ အမှတ်တရလေးကို ဗီဒီယိုလေးရိုက်နေတုန်း မျက်နှာကြီးဆူပုပ်နေပြီး ရုတ်တရက်ဆိုသလို အနမ်းလေးပေးဟန်ပြုလိုက်တဲ့ ချမ်းမြေ့မောင်ချိုကြောင့် လန့်သွားခဲ့ရတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ချမ်းမြေ့မောင်ချိုကတော့ အက်စတာဒေါ့သ်ချင်းဆုန်အပေါ် သူ့ရဲ့အစ်မရင်းလိုချစ်ပြီး အက်စတာဒေါ့သ်ချင်းဆုန်ကလည်း မောင်ချိုကို ညီမလေးတစ်ယောက်လို ချစ်ရှာသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အက်စတာဒေါ့သ်ချင်းဆုန်နဲ့ ချမ်းမြေ့မောင်ချိုတို့ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အသည်းယားနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

crd

zawgyi




crd

Leave a Reply

Your email address will not be published. Required fields are marked *