သရုပ်ဆောင် မင်းသမီးချောလေး ဖူးပွင့်သခင်ကတော့ သူမကို ကြည့် လိုက်ရင် အမြဲလန်းဆန်းတက်ကြွနေပြီး ချစ်စရာကောင်းလွန်းနေတာပါ။ ဗီဒီယိုဇာတ်ကားတွေကတစ်ဆင့် ရုပ်ရှင်ဇာတ်ကားကြီးတွေတိုင်အောင် အကောင်းဆုံး သရုပ်ဆောင်မှုတွေနဲ့ ကြိုးစား ရိုက်ကူးလေ့ရှိတဲ့ သူမက ပရိသတ်အချစ်တွေကို များစွာပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
ဖူးပွင့်သခင်က လက်ရှိ မှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ Photo shooting တွေနဲ့ ကြော်ငြာတွေကို ကြိုးစားရိုက်ကူးနေတာဖြစ်ပြီး အားလပ်ချိန်လေးတွေမှာလည်း အပျင်းပြေ Tiktok ဆော့ကစားလေ့ရှိတာပါ။ ပွင့်ပွင့်လင်းလင်းပြောဆို တတ်ပြီး ရိုးသားတဲ့ သူမရဲ့ အပြုအမူလေးတွေကို ပရိသတ်တွေကို ချစ်အားပိုမိစေတာဆိုလည်း မမှားနိုင်ပါဘူးနော်…။
ယနေ့မှာတော့ မင်းသမီးချောလေး ဖူးပွင့်သခင်က သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ ရိုးရှင်းလှပတဲ့ ဖက်ရှင်လေးနဲ့ အသည်းယားစရာကောင်းလောက်အောင် ပိုစ့်ပေးဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ ဖူးပွင့်သခင်ရဲ့ အလှပုံလေးတွေတိုင်းက ကြည့်မိသူတွေကို အချစ် ပိုစေပြီး ဆွဲဆောင်မှုရှိနေတာဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်…….။
Photo Credit – Phoo Pwint Tha Khin’s Fb account