ရိုးရိုးယဉ်ယဉ်လေး ဝတ်ထား ကာ ပါးမို့မို့ထက်က ရှက်ပြုံးတွေ နဲ့ ကလေး တစ်ယောက်လို အသည်းယား စရာကောင်းနေ တဲ့ ပန်းရောင်ခြယ်

Posted on

ပရိသတ်ကြီး ရေ ပန်းရောင် ခြယ်ကတော့ လူတိုင်း သိကြမယ် ထင် ပါတယ်။ စကားပြော ချိုသားပြီး အသံအေးအေး လေးနဲ့ စွဲဆောင်မှုရှိရှိ အလွမ်းသီချင်း တွေကို အဆွေးဓာတ်ခံပါပါ သီဆို နိုင်တဲ့ ပရိသတ် အချစ်တော်လေးတစ်ဦး ပဲဖြစ်ပါတယ်။ သူမ ကတော့ ဝါရင့် အဆို တော်ကြီး တစ်ဦး ဖြစ်တဲ့ ဂရေဟမ် ရဲ့ သမီးလည်း ဖြစ်ပြီး ဖခင်ရဲ့ လမ်းညွှန် မှုအောက်မှာ နေကာ ဂီတလမ်းကို ဆက်လက် လျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။ လူငယ် အဆိုတော်တစ်ဦး ဖြစ်ပင်မယ့် လည်း ဝါရင့် အဆိုတော်ကြီးတွေနဲ့ ပါ လိုက်ဖက်ညီညီ သီဆို နိုင်တဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။

ပန်းရောင်ခြယ်ရဲ့ သီချင်းတွေ ဟာလည်း လူငယ် ပရိသတ်တွေ အကြား ရေပန်း စားနေပြီးလူငယ်ပရိသတ်တွေ အားပေးဝန်းရံ မှုကိုလည်း အပြည့်အ၀ ရရှိထားတာပဲ ဖြစ်ပါတယ်။ သူမကတော့ သီချင်းသီဆိုတဲ့ ဂီတပိုင်းမှာ တွင်သာ မဟုတ်ပဲ သရုပ်ဆောင်ပိုင်း မှာပါ ကျွမ်းကျင် ပိုင်နိုင်တဲ့ အနုပညာ အရည်အချင်း ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း ဇာတ်လမ်းတွဲတွေ ရိုက်ကူးကာ ပရိသတ်တွေ နဲ့ အဆက်အသွယ် မပျက်ရှိနေတာပဲဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ တစ်နေ့တာ အပြင်ထွက် ဖြစ်တဲ့ ပုံလေးတွေ ကို လည်း ချပြလေ့ရှိပါသေးတယ်။

ယခုအခါမှာ လည်း အိမ်မှာနေရင်း အမှတ်တမဲ့ ရိုက်ထားတဲ့ ပုံလေးတွေကို ချပြလာတာပဲ ဖြစ်ပါတယ်။ ရိုးရိုးယဉ်ယဉ်လေး ဝတ်ဆင်ကာ ချစ်ဖို့ကောင်းနေတဲ့ သူမရဲ့ ပုံလေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ မှာဖော်ပြလာတာပဲဖြစ်ပါတယ်။ ဒီပုံလေးထဲမှာ ပန်းရောင်ခြယ် တစ်ယောက် ပါးမို့မို့ ဖောင်းဖောင်းလေးတွေပေါ် က ရှက်ပြုံးလေးတွေနဲ့ အတူ အသည်းယားစရာကောင်းနေတာပဲဖြစ်ပါတယ်။ သူမရဲ့ အပြုံးလေးတွေကတော့ မြင်သူတိုင်း ရင်ထဲအေးမြစေပြီး အချစ်ပိုစေ မှာ အမှန် ဖြစ်ပါတယ်။ ကဲ …..ပရိသတ်ကြီး တို့ အတွက် ပန်းရောင်ခြယ်ရဲ့ ချစ်စရာ အမူအရာ လေးနဲ့ ရိုက်ထားတဲ့ ပုံလေးတွေကို ပြန်လည် မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။

Photo Crd – Pan Yaung Chel Facebook Page

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *