ရာ ထူး တက် ငွေကြေး အခ က် အ ခဲ ကို အောင်မြင်စေသော အစီ အရင်

Posted on

လိမ္မော် ရွှေထီး ဓာတ်ရိုက်ဓာတ်ဆင်

ရာထူးတိုးတက်လိုသူများ /ကံနိမ့်၍ စီးပွားရေး အဆင်မပြေသူများ /အိမ်တွင်းရေး အပူသောကများနေသူများ/ဈေးဆိုင်ရောင်းမကောင်းသူများ ပြုလုပ်နိုင်ပါတယ်။ကံတက်ပြီး လာဘ်ပွင့်စေသော အစီအရင် ဖြစ်ပါတယ်။

၁. ပြုလုပ်ရမည့် အချိန်က.တနင်္လာနေ့ နံနက် ၅နာရီ ၄၅မိနစ်ပါ။

၂. ပြုလုပ်ပုံကတော့ ကြွေပန်းကန်ပြားထဲ လက်ဖက်အစိုကိုအောက်က ခင်းပြီး လိမ္မော်သီး ၃လုံးမှာ ရွှေထီး ၃လက်စိုက်တာပါ။ လိမ္မော်သီးက မည်သည့်လိမ္မော်အမျိူးအစား မဆို ရပါတယ်။

၃. ဘုရားလှူရသည် မဟုတ်ပါ။ အိမ်ခေါင်းရင်းမှာ အမြင့်တစ်နေရာမှာ ထားပါ။

၄. စွန့်ရမည့်အချိန်က သောကြာနေ့ ည ၉နာရီ ဖြစ်ပါတယ်။ လက်ဖက်နဲ့ ရွှေထီးကို စွန့်ပစ်ပါ။ လိမ္မော်သီးကို ခွာ၍ အထဲမှ အမွှာလေးများကိုပါ တစ်ခုစီမွှာပါ။

အခွံများ အသီးမွှာများနှင့် အစေ့များ အားလုံးကို အိပ်တစ်လုံးတွင် စုထည့်၍ ချောင်း/မြစ်/ကန် တစ်ခုသို့ စွန့်ပါ။ နောက်တစ်နေ့ နံနက်မှ စွန့်လို့ရပါတယ်။

၅. ၃ကြိမ် ၃ပတ်ဆက်တိုက် ပြုလုပ်ပါ။

Credit:Apannpyay

Leave a Reply

Your email address will not be published.