ရန်ကုန် လေဆိပ် မှာ ထိန်း သိမ်း ခံလိုက် ရတဲ့ သရုပ်ဆောင် မျိုးသန္တာထွန်း

Posted on

ပရိသတ်ကြီးရေ.. သရုပ်ဆောင် အကယ်ဒီ မင်းသမီး မျိုးသန္တာထွန်း က တော့ ဒီကနေ့ ဧပြီလ(၁၉)ရက် နေ့ နေ့လည်ပိုင်းက ရန်ကုန် လေဆိပ်မှာ ဖမ်းဆီးသိမ်းထိန်းခံလိုက်ရတာ ဖြစ်ပါတယ်..။

သရုပ်ဆောင် မျိုးသန္တာထွန်း ဖမ်းဆီး ထိန်းသိမ်းခံ လိုက်ရတဲ့ စိတ်မကောင်း စရာသတင်း ကိုတော့ သားဖြစ်သူ နဲ့ တူဖြစ်သူတို့က သူတို့ရဲ့ဖေ့စ်ဘွတ် စာမျက်နှာကနေ အသိပေးပြောပြထားတာပါ..။

“ကျွန်တော့် အမေ ဒီနေ့(၁၉.၄.၂၀၂၁) နေ့လည်တွင် လေဆိပ် မှာ ဖမ်းခေါ် သွားပါတယ်..ဘာပုဒ်မ မှ မရှိပဲ ဖမ်းသွားတာပါ

Speak out လုပ်ပေးကြပါအုံး🙏🙏🙏..” ဆိုပြီး သား ဖြစ်သူက အကူအညီ တောင်းပြော ပြထားသလို တူဖြစ်သူကလည်း “ကျွန်တော့်ဒေါ်လေးမျိုးသန္တာထွန်းပါသွားပါပြီ😭😭😭…

ခုလေးတင်လေဆိပ်မှာပါသွားတာပါ…

Speak Outလုပ်ပေးကြပါအုံးနော်🙏🙏🙏…” ဆိုပြီး အသိပေးပြောပြထားတာပါ..။

အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောရတနာ နဲ့ မင်းသားဘုန်းဆက်သွင် တို့နှစ်ယောက်ကလည်း သူတို့ ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေ ပြောပြကာ စိတ်မကောင်းစွာနဲ့ ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

“🚨အန်တီမျိုး သန္တာထွန်း လေဆိပ်မှာ

အဖမ်းခံ လိုက်ရပါတယ် တဲ့ ခင်ဗျာ 😞🙏🙏🙏..” လို့ ဘုန်းဆက်သွင် စိတ်မကောင်းစွာ ပြာပြထားသလို ချောရတနာ ကလည်း “မမျိုး မမျိုးသန္တာထွန်း အမအမြန်ဆုံးအဆင်ပြေလွတ်မြောက်ပါစေ😔..” ဆိုပြီး ဆုတောင်းပေးထားတာ ဖြစ်ပါတယ်..။

အခြေအနေတွေမသိရသေးတဲ့ သရုပ်ဆောင် မျိုးသန္တာထွန်း ကျန်းကျန်းမာမာနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်လာဖို့အတွက် ပရိသတ်တွေ အားလုံးကလည်း ဆုတောင်းစကားတွေဆိုထားကြတာ တွေ့ရပါတယ်..။

Photo Credit – Miguel Mg Mg’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *