ရန်ကုန် မှာ CDMမှာ ပါဝင် လို့ နေရေးစားရေး အခက်အခဲ ဖြစ်သွား တဲ့ ပြည်သူ့ဝန်ထမ်း အချို့ကို နေရာ ထိုင်ခင်း စီစဉ်ပေးသွား မယ့် Rဇာနည်

Posted on

ရန်ကုန်မှာ Civil Disobedience Movementမှာ ပါဝင်လို့ နေရေးစားရေ အခက်အခဲဖြစ်သွားတဲ့ ပြည်သူ့ဝန်ထမ်းအချို့ကို နေရာထိုင်ခင်းစီစဉ်၍ ပြင်ဆင်ဆောင်ရွက်ပေးနေပါပြီ။ ကြားဖြတ်ဝမ်းသာစရာ ပြောရမယ် ဆိုရင်

နေပြည်တော် မှာ အိမ်,ခြံ,တိုက် ၅လုံးထက်မနည်း စိတ်ကြိုက်သုံးဖို့ ပေးလှူလာကြပါတယ်။ မန္တလေးမှာလဲ အိမ် ၇လုံးထက်မနည်း ပေးလှူလာကြပါတယ်။ ပြီးတော့ မကွေးမှာလဲ အိမ်အလှူပေါ်လာပါတယ်။

ပြည်သူကို ပြည်သူက စောင့်ရှောက်တာ ဝမ်းသာမျက်ရည် ကျရပါတယ်။ အချို့ဝန်ထမ်းတွေကျတော့လဲ ကျနော်တို့ဝန်ပိမှာစိုးလို့ Civil Disobedienceလုပ်ပြီး အဆင်ပြေသလိုနေကြပါတယ်။

အလှူငွေ(ငွေကြေး)များကိုတော့ (လုံးဝ)လက်မခံ သေးပါ။ ကျနော်တို့ အိမ်,အခန်းတွေ ငှါးရင်သာ ဈေးလျှော့ပေးခြင်းဖြင့် ကူညီနိုင်ပါတယ်။ ဒီလှုပ်ရှားမှုဟာ ပြည်သူထဲကပြည်သူတွေဖြစ်တဲ့ အနုပညာသမားများ ပရဟိတအဖွဲ့များမှ

ဦးဆောင်တာဆိုပေမယ့် ပြည်သူ့အတွက် ပြည်သူက ဦးဆောင်တာပါ။ ”စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ အခန်းလွတ် အိမ်/ခြံများ၊ တိုက်ခန်းများ လ,အကန့်အသတ်ဖြင့် ပေးသုံးမယ်,လှူကြမယ်ဆိုရင်တော့

ဝမ်းသာစွာလက်ခံပါမယ်ခင်ဗျာ ကိုယ်ထူကိုယ်ထလုပ်ကြမယ် ဆိုရင်လဲ ကျနော်တို့ပါဝင်ဖို့ အသင့်ပါခင်ဗျာ” Civil Disobedience Movementမှာ မတရားမှုကိုဆန့်ကျင်သော ပြည်သူ့ဝန်ထမ်းများအား နိုင်ငံရေး၊ စီးပွားရေး

အနုပညာရေး အလွှာစုံမှပြည်သူများက ကူညီစောင့်ရှောက်ကြပါစို့ ”ဝန်ထမ်းတွေ နီးရာဓ.ါးကြောက်နေရရင် ဓါ.းမရှိတဲ့ဘက်မှာ ရပ်တည်လိုက်ပါ” ဒေါ်အောင်ဆန်းစုကြည်။ လေးစားစွာဖြင့် ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *