ရန်ကုန် မြို့ လမ်းမ ပေါ် က ATM တို က် ပွဲ များ

Posted on

စစ်အာဏာ သိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေကို မြို့လယ် ခေါင် အပါအဝင် ရန်ကုန်တမြို့လုံးနီးပါးမှာလူစုလို့မရအောင် စစ်ကောင်စီက အင် အား သုံး ပ စ် ခ တ်နှိ မ် န င်းထားတာပါ။ဒါပေမဲ့ ရန်ကုန်မြို့လယ်ခေါင်အပါ အဝင် မြို့ရဲ့နေရာတချို့မှာတော့ လူစုလူဝေးနဲ့ ..

တန်းစီစောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးတွေက သြင်္ကန်မတိုင်ခင်ကစလို့ ရန်ကုန်မြို့လမ်းမကြီးတွေပေါ်မှာ နေရာယူလာပါတယ်။ဒီလူတွေဟာ မိမိတို့ပိုင်ဆိုင်တဲ့ငွေကို အေတီအမ်စက်ထဲကနေ ပြန်ထုတ်ဖို့အတွက် နာရီပေါင်းများစွာ တန်းစီစောင့် ဆိုင်းနေကြသူတွေဖြစ်ပါတယ်။..

လူပုဂ္ဂိုလ်တွေ ကိုယ့်ဘဏ်ထဲမှာ အပ်ထားတဲ့ ငွေထုတ်ယူတဲ့အခါ အေတီအမ်ကနေ ငွေသားထုတ်ယူမှုကို တစ်ရက်ကို အများဆုံးကျပ် ၅ သိန်းနဲ့ ၊ ဘဏ်ကိုသွားပြီး ကိုယ့်ရဲ့ ဘဏ်စာရင်းတွေက ငွေထုတ်မယ်ဆိုရင်တော့ လူတစ်ဦးကို တစ်ပတ် အများဆုံး ကျပ် သိန်း..၂၀ အထိသာ ထုတ်ခွင့်ပေးဖို့ ဘဏ်တွေ ကို ဗဟိုဘဏ်ကနေ မတ်လ ၁ ရက်နေ့က စတင်ပြီး ကန့်သတ်ခဲ့ပါတယ်။စီးပွားရေး ကုမ္ပဏီတွေ၊ စီးပွားရေး ဆိုင်ရာ အဖွဲ့ အစည်းတွေကိုတော့ သီတင်းပတ် တစ်ပတ်မှာ အများဆုံးကျပ် သိန်း ၂၀၀ အထိ ထုတ်ယူနိုင်ကြောင်း..

ကန့်သတ်ခဲ့ပါတယ်။ငွေသားစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေ ဖို့အတွက် ဘဏ်တွေအနေနဲ့ မတ်လ ၁ ရက်နေ့က စတင်ပြီး လိုက်နာဆောင်ရွက်သွားဖို့ ဗဟိုဘဏ်ကနေ ညွှန်ကြားချက်ထုတ်တဲ့အထဲမှာ ပါပါတယ်။ ဘဏ်မှာစာအုပ်နဲ့ငွေထုတ်ဖို့ ဘဏ်တွေက ထုတ်ပေးတဲ့ တိုကင်တွေ..ရအောင် ညမထွက်ရ အမိန့်ထုတ်ထားတဲ့ အချိန် မနက် လေးနာရီမတိုင်ခင် သက်စွန့်ဆံဖျား စွန့်စားပြီး ထွက်လာတန်းစီသူတွေလည်း ရှိနေသလို ငွေလာဖြည့်တယ် လို့ သတင်းကြားတဲ့ အေတီအမ်စက်တွေရှေ့ မနက်မိုးမလင်းခင်တည်းက ရာနဲ့ချီစောင့်ဆိုင်းနေသူတွေလည်း..ရှိနေပါတယ်။ “နေ့တိုင်း ကိုယ့်ပိုက်ဆံကို ကိုယ် ဒီလို ဒုက္ခခံပြီးထုတ်နေရတာ။ နေကပူ၊ လူတွေကလည်းအရမ်းများတော့ တစ်နေကုန်တန်းစီရတာ နေပူမိ၊ ခေါင်းတွေကိုက် ၊ ခြေတွေတောင့်နေတာပဲ။ ခု ကိုဗစ်တွေကလည်း ပြန်ဖြစ်နေတော့ လူစုလူဝေးတွေနဲ့..

ခုလိုတန်းစီနေရင်းနဲ့ ကိုဗစ်တွေ ပြန်ဖြစ်နေတော့ ကိုဗစ်များ ကူးလာ မလား။ သောကတွေနဲ့ တကယ့်ကိုစိတ်ဒုက္ခရောက်ရတယ်။ ဒီကိစ္စကလည်း အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကြုံရတဲ့အထဲက တို က် ပွဲ တစ်ခုပဲ” လို့ ရန်ကုန်မြို့က အေတီအမ်စက်တွေမှာ..

‌တန်းစီငွေထုတ်သူတစ်ဦးက ပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ စစ်ကောင် စီဘက်က မေလ ၃ ရက်က စလို့ အကောင့်သစ်ဖွင့်တဲ့သူတွေအနေနဲ့ အကန့်အသတ်မရှိ ငွေထုတ်ယူခွင့်ပြုမယ်လို့ ထုတ်ပြန်ထားပါတယ်။ဒါ က လက်ရှိကြုံနေရတဲ့ ငွေကြေးထုတ်ယူတဲ့..အခက်အခဲ ကို ဘယ်လောက်ထိ လက်တွေ့ကျကျ ဖြေရှင်းနိုင်မလဲ ဆိုတာလည်း မေးခွန်းတွေက ရှိနေဆဲဖြစ်ပါတယ်။..

crd

Leave a Reply

Your email address will not be published. Required fields are marked *