ရန်ကုန် ပြန်လာတဲ့လမ်း မှာကားစစ်ခံရပြီး ဓားသုံးချောင်း မိသွားတဲ့ သူ့ ရဲ့ အဖြစ်ကို ပြန်လည်ပြောပြလာတဲ့ ထူးအယ်လင်း

Posted on

အဆိုတော် ထူးအယ်လင်း တစ်ယောက်လက်ရှိမှာ ပရဟိတအ လုပ်တွေကို အားကြိုး မာန်တက် လုပ်ကိုင် ဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါတယ်။ လတ်တလော အခြေအနေများကြောင့် စားဝတ်နေရေး ခက်ခဲနေကြသော ပြည်သူများကို ကိုယ်တိုင်သွားရောက်ကာ လှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်း လောက် ကလည်းကချင်ပြည်နယ်က စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာများ သွားရောက် ကူညီထောက်ပံ့ ပေးခဲ့တာလည်း ဖြစ်ပါတယ်။

မနေ့ညက ထူးအယ်လင်းရဲ့ လူမှုကွန်ယက်တွင် ရန်ကုန် ပြန်လာတဲ့ လမ်းမှာ ကားစစ်ခံရပြီး ဓားသုံးချောင်းမိသွားတဲ့သူ့ရဲ့အဖြစ်ကို ပြန်လည်ပြောပြလာတာ ဖြစ်ပါတယ်။ သူကတော့ ခေါင်လန်ဖူးဒေသတွင် သွားကူညီတုန်းက တောရှင်းဖို့အတွက် ဓားအရှည် သုံးချောင်းကို ပူတာအိုဈေးကနေ ဝယ်ထားတာ ဖြစ်ပြီး အကြောင်းကြောင်း ကြောင့် ကားထဲကနေ မထုတ်ထားမိတာ ဖြစ်ပါတယ်။ မိသွားတဲ့ အချိန်တွင် အကျိုးအ ကြောင်း ရှင်းပြလိုက်တာကြောင့် ကံကောင်း ထောက်မစွာ ပြန်လွှတ်ပေးခဲ့တာကိုလည်း အခုလို ပြောပြထားတာ ဖြစ်ပါတယ်။

” ခေါင်လန်ဖူးဒေသ သွားကူညီတုန်းက တောရှင်းဖို့ ဓားရှည်သုံးချောင်း ကို ပူတာအိုဈေးက ဝယ်ထားပြီး အလှူကိစ္စပြီးတော့ ရန်ကုန်အပြန် ဓားသုံးချောင်းကိုမေ့ပြီး ကားထဲထည့်ထားပြီး မထုတ်မိတာ ဂိတ်ကစစ်တော့ ၁၉/င နဲ့ ငြိတော့မလို့ ကံကောင်းထောက်မစွာနဲ့ပဲ အကြောင်းအကျိုးရှင်းပြ ပြောပြလိုက်တာ ပြန်လွှတ် လိုက်ပေးတယ်ကျေးဇူးပါဗျာ။ စစ်ခံထိတာ ထောက်ကြန့် အမှတ် ၃ လမ်းဆုံဂိတ် 😁အိမ်း လှသိ န်းတို့ သတိထား ကြပ်ကြပ်မေ့ ကြပ်ကြပ်မေ့ …အကုန် ရပ်ကုန်မယ်😆😆😆” ဆိုပြီး ​ သူကံကောင်းခဲ့ပုံကို ရေးသားထားတာ ဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကြောင့် နေရာမျိုးစုံတွင် စစ်ဆေးရေးတွေ များစွာ ရှိနေတာ ဖြစ်ပါတယ်။အကြောင်းတစ်ခုခုကြောင့် ခရီးထွက်ရမယ်ဆိုပါက အန္တရာယ်ဖြစ်စေမယ့် အရာမျိုးကို အိမ်တွင်သေချာစစ်ဆေးပြီးမှသာ စထွက်သင့်ကြောင်း သတိပေးလိုက်ပါရစေ။

Source and Photo Crd-Htoo El Lynn’s Facebook Account

zawgyi

အဆိုေတာ္ ထူးအယ္လင္း တစ္ေယာက္လက္ရွိမွာ ပရဟိတအ လုပ္ေတြကို အားႀကိဳး မာန္တက္ လုပ္ကိုင္ ေဆာင္႐ြက္ေနသူ တစ္ဦးျဖစ္ပါတယ္။ လတ္တေလာ အေျခအေနမ်ားေၾကာင့္ စားဝတ္ေနေရး ခက္ခဲေနၾကေသာ ျပည္သူမ်ားကို ကိုယ္တိုင္သြားေရာက္ကာ လႉဒါန္းေပးေနတာလည္း ျဖစ္ပါတယ္။ မၾကာေသးခင္ ရက္ပိုင္း ေလာက္ ကလည္းကခ်င္ျပည္နယ္က စစ္ေဘးေရွာင္စခန္းမ်ားသို႔ စားနပ္ရိကၡာမ်ား သြားေရာက္ ကူညီေထာက္ပံ့ ေပးခဲ့တာလည္း ျဖစ္ပါတယ္။

မေန႔ညက ထူးအယ္လင္းရဲ႕ လူမႈကြန္ယက္တြင္ ရန္ကုန္ ျပန္လာတဲ့ လမ္းမွာ ကားစစ္ခံရၿပီး ဓားသုံးေခ်ာင္းမိသြားတဲ့သူ႔ရဲ႕အျဖစ္ကို ျပန္လည္ေျပာျပလာတာ ျဖစ္ပါတယ္။ သူကေတာ့ ေခါင္လန္ဖူးေဒသတြင္ သြားကူညီတုန္းက ေတာရွင္းဖို႔အတြက္ ဓားအရွည္ သုံးေခ်ာင္းကို ပူတာအိုေဈးကေန ဝယ္ထားတာ ျဖစ္ၿပီး အေၾကာင္းေၾကာင္း ေၾကာင့္ ကားထဲကေန မထုတ္ထားမိတာ ျဖစ္ပါတယ္။ မိသြားတဲ့ အခ်ိန္တြင္ အက်ိဳးအ ေၾကာင္း ရွင္းျပလိုက္တာေၾကာင့္ ကံေကာင္း ေထာက္မစြာ ျပန္လႊတ္ေပးခဲ့တာကိုလည္း အခုလို ေျပာျပထားတာ ျဖစ္ပါတယ္။

” ေခါင္လန္ဖူးေဒသ သြားကူညီတုန္းက ေတာရွင္းဖို႔ ဓားရွည္သုံးေခ်ာင္း ကို ပူတာအိုေဈးက ဝယ္ထားၿပီး အလႉကိစၥၿပီးေတာ့ ရန္ကုန္အျပန္ ဓားသုံးေခ်ာင္းကိုေမ့ၿပီး ကားထဲထည့္ထားၿပီး မထုတ္မိတာ ဂိတ္ကစစ္ေတာ့ ၁၉/င နဲ႔ ၿငိေတာ့မလို႔ ကံေကာင္းေထာက္မစြာနဲ႔ပဲ အေၾကာင္းအက်ိဳးရွင္းျပ ေျပာျပလိုက္တာ ျပန္လႊတ္ လိုက္ေပးတယ္ေက်းဇူးပါဗ်ာ။ စစ္ခံထိတာ ေထာက္ၾကန႔္ အမွတ္ ၃ လမ္းဆုံဂိတ္ 😁အိမ္း လွသိ န္းတို႔ သတိထား ၾကပ္ၾကပ္ေမ့ ၾကပ္ၾကပ္ေမ့ …အကုန္ ရပ္ကုန္မယ္😆😆😆” ဆိုၿပီး ​ သူကံေကာင္းခဲ့ပုံကို ေရးသားထားတာ ျဖစ္ပါတယ္။ လက္ရွိ ျဖစ္ေပၚေနေသာ အေျခအေနမ်ားေၾကာင့္ ေနရာမ်ိဳးစုံတြင္ စစ္ေဆးေရးေတြ မ်ားစြာ ရွိေနတာ ျဖစ္ပါတယ္။အေၾကာင္းတစ္ခုခုေၾကာင့္ ခရီးထြက္ရမယ္ဆိုပါက အႏၲရာယ္ျဖစ္ေစမယ့္ အရာမ်ိဳးကို အိမ္တြင္ေသခ်ာစစ္ေဆးၿပီးမွသာ စထြက္သင့္ေၾကာင္း သတိေပးလိုက္ပါရေစ။

Source and Photo Crd-Htoo El Lynn’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *