ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ (Convocation Hall ) အပြင်ဖက် ကို ဘာ့ကြောင့် ဆေးမ သုတ် ကြတာလဲ။
၁၉၆၂ ခုနှစ် တွင် ပထမတခါဆေးသုတ်ခဲ့သည်။ ထိုနှစ် 7 July တွင် ကျောင်းသား အရေး အခင်းဖြစ် ပြီး၊
သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ Rangoon University Student Union (RUSU) အဆောက်အဦးကိုလည်း ဖျက်စီး ပစ်ခဲ့၍ ကျောင်းသားအများအပြားကြွေလွင့်ခဲ့ရသည်။ထိုနောက် ၁၃ နှစ်အကြာ ၁၉၇၅ ခုနှစ်တွင် ဒုတိယအကြိမ်ထပ်၍ ဆေးသုတ်ခဲ့သည်။ ထိုအကြိမ်တွင် ဦးသန့် အရေးအခင်း နှင့် ပတ်သက်၍ ကျောင်းသားများ ဖိတ်ဆင်ခဲ့ပြီး လူထုအုံကြွမူတခု ဖြစ်ခဲ့ပြန်သည်။
ထိုနောက် မယုံတဝက် ယုံတဝက်နှင့် တိုက်ဆိုင်မူ တခုသာ သဘောထားပြီး နောက်ထပ် ၁၃ နှစ်အကြာ ၁၉၈၈ ဖေဖော်ဝါရီလ တွင် တတိယအကြိမ်ဆေးထပ်သုတ်ခဲ့ ကြသည်။
ဤတွင်လည်း ရှေးကနည်းတူ လူထုအုံကြွ ကျောင်းသား အရေးအခင်းကြီး ထပ်ဖြစ်ကာ ကျောင်းသားများ အသက်စတေးခဲ့ရလေသည်။ တိုက်ဆိုင်မူ တခုလား။ ယုံချင် ယုံ မယုံချင်နေ ပါ။
သို့ပေမယ့် နှစ်ကြိမ်မြောက် ဖြစ်ပျက်ခြင်း ကို တိုက်ဆိုင်မူ ဟု ခေါ်သော်ငြားလည်း သုံးကြိမ်မြောက် သွေးထွက်သံယို နှင့် ရှေးက အဖြစ်အပျက်နည်းတူ မြန်မာ့နိုင်ငံရေး ကို ကြီးမားစွာ ပြောင်းလဲခြင်းကို တော့ လက်မခံ၍ မရတောပေ။
ထိုအချိန်မှစတင်ကာ ကျောင်းမှတာဝန်ရှိ သူတို့သည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ မှ လွဲ၍ ကျောင်းတဝန်းလုံး ရှိ အဆောက်အဦးမှန်သမျှကိုသာ ဆေးသုတ်ခြင်းများသာ ပြုလုပ်ကြတော့သည်။
(နောက်ထပ်လည်း မစမ်းသပ်သင့်ပေ) ဘယ်လိုပဲ ဖြစ်ဖြစ် ဆေးမသုတ် ပဲ မူလအတိုင်းထားရှိသော ရန်ကုန် တက္ကသိုလ် (Convocation Hall )သည် ပို၍တည်ငြိမ် ရင့်ကျက် ခန့်ငြားမူရှိသော သဘောကို ဆောင်နေသည်ဟု ထင်မြင်မိပါသည်။
ထို့အတူ ဆေးသုတ်ခြင်း မသုတ်ခြင်းထက် အနာဂတ်ရဲ့အားကိုးရမည့် မျိုးဆက်သစ် လူငယ်များကို အမြဲတန်းထာဝရ မွေးထုတ်ပေးနေမှာ ဧကန်မလွဲ ဖြစ်ပါတော့သည်။
အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
Crd-Original Post