ရန်ကုန်မြို့ မှာ တွေ့ခဲ့တဲ့ မြွေကြီး များ ရဲ့ နားခိုရာ (သို့) စိတ္တသုခ တပ်ဦး ကျောင်းတိုက်

Posted on

လူနေရပ်ကွက်တွေမှာ ဝင်နေလို့၊ နေအိမ်ထဲမှာ တွေ့လို့ စသဖြင့် အကြောင်းအရာ ပေါင်းစုံနဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သွားရောက် ဖမ်းဆီးပေးခဲ့ရတဲ့ မြွေတွေဟာ သဘာဝတောထဲကို မပြန်ခင် ခေတ္တခရီးတစ်ထောက်နားခိုတဲ့ နေရာတစ်ခု ရန်ကုန်မြို့မှာရှိနေပါတယ်။ အဲ့ဒီနားခိုရာ နေရာကတော့ ရန်ကုန်မြို့ ၊ ထောက်ကြံမြို့နယ် မှာ ရှိတဲ့ စိတ္တသုခတပ်ဦးကျောင်းတိုက်ပဲဖြစ်ပါတယ်။ စိတ္တသုခတပ်ဦးကျောင်းတိုက်ဆရာတော် ဥူးဝိလာသာဟာ ၂၀၁၅ ခုနှစ် မတိုင်ခင်ကတည်းက ကျောင်းမှာ ဘာသာရေးအယူအဆအရ ဘုရားမြွေလို့ဆိုပြီး မြွေ ၃ကောင်လောက် မွေးထားတာမျိုး ရှိဖူးတယ်လို့ သိရပါတယ်။

ဒီအတွက် ဘုန်းကြီးကျောင်းမှာ မြွေမွေးထားတယ်လို့ သတင်းကျော်ကြားပြီး အနီးပတ်ဝန်းကျင်မှာ ဖမ်းမိတဲ့ မြွေတွေကို လာပို့ရာကနေ အခုလို တစ်စတစ်စ မြွေတွေများလာတာဖြစ်တယ်လို့ ဆရာတော်ကမိန့်ပါတယ်။ မြွေတွေ သတ်စားခံရမယ့်အရေး နဲ့ မှောင်ခိုဈေးကွက်တွေဆီကို ရောက်မသွားအောင် စောင့်ရှောက် ပေးထားတာဖြစ်ကြောင်း ဆရာတော်က မိန့်ပါတယ်။ ဖမ်းမိတဲ့မြွေတွေကို လှောင်အိမ်တခုထဲ ထည့်ထားကာ တလနှစ်ခါ အစာကျေွးလေ့ရှိပြီး လှောင်အိမ်ထဲမှာလည်း ရေ ၊ နွားနို့ ၊ ကြက်ဥ တို့ကို အမြဲထည့်ထားကြောင်း၊ အကောင်ရေ များလာရင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး တောအစပ်တွေမှာ ပြန်သွားလွှတ်ပေးလေ့ရှိကြောင်း သိရပါတယ်။

၂၀၁၅ခုနှစ်ကတည်းကနေ ဒီနေ့အထိဆိုရင် ကျောင်းမှာ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တဲ့ မြွေအကောင်အရေအတွက် ဟာ ၅ဝဝကျော်ရှိခဲ့တယ်လို့ ဆရာတော် ဥူးဝိလာသက မိန့်ပါတယ်။ ဆရာတော်ကတော့ ဒီထက်ပိုပြီး ထိန်းသိမ်းစောင့်ရှောက်ပေးချင်ပုံပေါ်ပေမယ့် သံဃာအရေးကိစ္စတွေ လစ်ဟင်းမှာစိုးတဲ့အတွက် အခုလိုပဲ သူတတ်နိုင်သလောက် ထိန်းသိမ်းစောင့်ရှောက်သွားမှာဖြစ်တယ်လို့ မိန့်ပါတယ်။

crd

zawgyi

လူေနရပ္ကြက္ေတြမွာ ဝင္ေနလို႔၊ ေနအိမ္ထဲမွာ ေတြ႕လို႔ စသျဖင့္ အေၾကာင္းအရာ ေပါင္းစုံနဲ႔ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕က သြားေရာက္ ဖမ္းဆီးေပးခဲ့ရတဲ့ ေႁမြေတြဟာ သဘာဝေတာထဲကို မျပန္ခင္ ေခတၱခရီးတစ္ေထာက္နားခိုတဲ့ ေနရာတစ္ခု ရန္ကုန္ၿမိဳ႕မွာရွိေနပါတယ္။ အဲ့ဒီနားခိုရာ ေနရာကေတာ့ ရန္ကုန္ၿမိဳ႕ ၊ ေထာက္ႀကံၿမိဳ႕နယ္ မွာ ရွိတဲ့ စိတၱသုခတပ္ဦးေက်ာင္းတိုက္ပဲျဖစ္ပါတယ္။ စိတၱသုခတပ္ဦးေက်ာင္းတိုက္ဆရာေတာ္ ဥဴးဝိလာသာဟာ ၂၀၁၅ ခုႏွစ္ မတိုင္ခင္ကတည္းက ေက်ာင္းမွာ ဘာသာေရးအယူအဆအရ ဘုရားေႁမြလို႔ဆိုၿပီး ေႁမြ ၃ေကာင္ေလာက္ ေမြးထားတာမ်ိဳး ရွိဖူးတယ္လို႔ သိရပါတယ္။

ဒီအတြက္ ဘုန္းႀကီးေက်ာင္းမွာ ေႁမြေမြးထားတယ္လို႔ သတင္းေက်ာ္ၾကားၿပီး အနီးပတ္ဝန္းက်င္မွာ ဖမ္းမိတဲ့ ေႁမြေတြကို လာပို႔ရာကေန အခုလို တစ္စတစ္စ ေႁမြေတြမ်ားလာတာျဖစ္တယ္လို႔ ဆရာေတာ္ကမိန္႔ပါတယ္။ ေႁမြေတြ သတ္စားခံရမယ့္အေရး နဲ႔ ေမွာင္ခိုေဈးကြက္ေတြဆီကို ေရာက္မသြားေအာင္ ေစာင့္ေရွာက္ ေပးထားတာျဖစ္ေၾကာင္း ဆရာေတာ္က မိန္႔ပါတယ္။ ဖမ္းမိတဲ့ေႁမြေတြကို ေလွာင္အိမ္တခုထဲ ထည့္ထားကာ တလႏွစ္ခါ အစာေကြၽးေလ့ရွိၿပီး ေလွာင္အိမ္ထဲမွာလည္း ေရ ၊ ႏြားႏို႔ ၊ ၾကက္ဥ တို႔ကို အၿမဲထည့္ထားေၾကာင္း၊ အေကာင္ေရ မ်ားလာရင္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕နဲ႔ ပူးေပါင္းၿပီး ေတာအစပ္ေတြမွာ ျပန္သြားလႊတ္ေပးေလ့ရွိေၾကာင္း သိရပါတယ္။

၂၀၁၅ခုႏွစ္ကတည္းကေန ဒီေန႔အထိဆိုရင္ ေက်ာင္းမွာ ထိန္းသိမ္းေစာင့္ေရွာက္ေပးခဲ့တဲ့ ေႁမြအေကာင္အေရအတြက္ ဟာ ၅ဝဝေက်ာ္ရွိခဲ့တယ္လို႔ ဆရာေတာ္ ဥဴးဝိလာသက မိန္႔ပါတယ္။ ဆရာေတာ္ကေတာ့ ဒီထက္ပိုၿပီး ထိန္းသိမ္းေစာင့္ေရွာက္ေပးခ်င္ပုံေပၚေပမယ့္ သံဃာအေရးကိစၥေတြ လစ္ဟင္းမွာစိုးတဲ့အတြက္ အခုလိုပဲ သူတတ္ႏိုင္သေလာက္ ထိန္းသိမ္းေစာင့္ေရွာက္သြားမွာျဖစ္တယ္လို႔ မိန္႔ပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *