ရည်ရွယ်ချက် မပျောက်၊ သွေးမအေး သွား ဘဲ အချင်းချင်း တန်ဖိုး ထားကြဖို့ ပြည်သူတွေကို တိုက်တွန်း ပြောပြလာတဲ့ အောင်ထက်

Posted on

ပရိသတ်ကြီးရေ.. ဂီတလောကမှာ ဆွဲဆောင်မှု ရှိပြီး အသံပါဝါကောင်းကောင်း နဲ့ သီချင်းကောင်း တွေ သီဆို တတ်တာကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူကတော့ အဆိုတော်အောင်ထက်ပါပဲ..။

အောင်ထက်ကတော့ “အိပ်မက်စုံရာ” သီချင်းဆို ပြိုင်ပွဲကြီးနေ ပရိသတ်တွေရဲ့ အားပေးမှုတွေ ကို စတင်ရရှိကာ အောင်မြင်မှုလမ်းကြောင်းမှာ လျှောက်လှမ်းနေပြီး လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

လူထုလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက် ပြုလုပ်တာတွေကြောင့် ၅၀၅ က ဖြင့် အမှုဖွင့် အရေးယူထားခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်တဲ့ အောင်ထက်ကတော့ လတ်တလောက်မှာလည်း တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေတာလည်း ဖြစ်ပါတယ်..။

အောင်ထက်ကတော့ ရည်ရွယ်ချက်မပျောက်၊ သွေးမအေး သွားဘဲ အချင်းချင်း တန်ဖိုးထားကြဖို့ သူ့ရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြည်သူပရိသတ်တွေကို တိုက်တွန်းပြောပြလာပါတယ်..။

“ရည်ရွယ်ချက် မပျောက်ကြေး

သွေးမ ကွဲကြေး

အချင်းချင်း တန်ဖိုး ထားကြေး

မမေ့ကြေး

အရေးတော်ပုံ အောင်ရမည်✊✊✊

RejectMilitaryCoup

WeWantDemocracy

Civil_Disobedience_Movement

SaveMyammar. .” ဆိုပြီး ရေးသားပြောပြထားတာပါ..။

ပရိသတ်တွေကလည်း အရေးတော်ပုံအောင်မြင်ဖို့အတွက် အားလုံးနဲ့အတူ ကြိုးစား ပါဝင်နေကြတဲ့အကြောင်းတွေနဲ့အတူ အောင်ထက်ကိုလည်း အားပေးစကားတွေ အသီးသီးပြောထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Aung Htet’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *