ဘေဘီမောင်ကတော့ အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာကြောင့် ပုရိသတွေရဲ့ဝန်းရံ အားပေးခြင်း ခံနေရသူပါ။ ကျရာဇာတ်ရုပ်တိုင်းကိုလည်း ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး အနုပညာလမ်းကြောင်းပေါ်မှာ ခြေလှမ်းမှန်မှန် နဲ့ လျှောက်လှမ်းနေသူလေးဖြစ်ပါတယ်။
ပရိသတ်ရဲ့အချစ်တော် သားဂန်း နဲ့လည်း အရမ်းချစ်ကြတဲ့ မနဲ့မောင်ဆိုပြီး ပရိသတ်တွေအားကျနေရလောက်အာင် သာယာတဲ့အချစ်ခရီးလမ်းကို လျှောက်လှမ်းနေပါသေးတယ်။ ပရိသတ်တွေရဲ့ဝေဖန်အကြံပေးမှုကိုလည်း အမြဲလက်ခံပြုပြင်လေ့ရှိသူမို့ ဝနေပြီပြောကြတဲ့ ပရိသတ်ကြီးကြောင့် အရင်ရက်ပိုင်းကတည်းက ဝိတ်ချနေခဲ့တာပါ။ ဒီနေ့မှာတော့ အရင်လိုပဲပြန်မိုက်နေပြီဖြစ်တဲ့ ခန္ဓာကိုယ် နဲ့ Tik Tok ဆော့ထားတဲ့ဗွီဒီယိုလေးတွေတင်ပေးရင်း “ဝိတ်တွေချထားတာပါနော်… ဘေဘီကိုချစ်တဲ့ အသည်းတွေ အတွက် ကပြတာပါနော်” လို့ဆိုကာ မျှဝေပေးခဲ့ပါတယ်။
အမိုက်စားခန္ဓာကိုယ်နဲ့ ဆွဲဆောင်မှု ရှိလွန်းတဲ့ ဘေဘီမောင်ရဲ့ Tik Tok ကိုတော့ ပရိသတ်တွေများစွာ အားပေးခဲ့ကြပါတယ်။ ခန္ဓာကိုယ်ကောက်ကြောင်းပေါ်လွင်တဲ့ အကျႌတွေနဲ့ မိမိုက်နေတဲ့ဘေဘီမောင်ရဲ့ Tik Tok လေးတွေကိုတော့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။
Source – Baby Maung
DW.shweyoe
zawgyi
Source – Baby Maung
DW.shweyoe