၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်မှာ ယူကရိန်း သမ္မတ ဗစ်တာ ယာနူကိုဗစ်ချ် ( Victor Yan u covych)က ဥရောပ သမဂ္ဂ ( European Union ) အဖွဲ့အတွင်း ပူးပေါင်း ဝင်ရောက် ရေးစာချုပ် လက်မှတ်ထိုးမယ့် ကိစ္စကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာလိုက်တဲ့အခါ ယူကရိန်းနိုင်ငံရဲ့ဒီမိုကရေစီ လမ်းကြောင်း နောက်ပြန်ဆုတ်သွားပြီလို့ အားလုံးက နားလည်လိုက်ပါတယ်။ ယူက ရိန်းအတိုက် အခံအမတ်တွေဟာ လည်း အထိတ် တလန့်ဖြစ်သွားသလို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင် တွေဟာလည်း အံ့အားသင့်သွားကြပါတယ်။ သမ္မတယာနူကိုဗစ်ချ်ဟာ ရုရှနိုင်ငံရဲ့ မိတ်ဖက် အဖြစ်ပဲ ရပ်တည်သွားတော့မှာ ဖြစ်သလို အာဏာရှင်စနစ်ဘက်ကို သွားတော့မယ်ဆိုတာ အထင်းသား မြင်နေရပြီ။
လူငယ် မျိုးဆက်သစ်တွေဟာ အစိုးရရဲ့လုပ်ရပ်ကို ဆန့်ကျင်ဖို့ ချ က်ချင်း ပြင်ဆင်ကြတယ်။ လူမှုကွန်ရက် စာမျက် နှာတွေပေါ်မှာ ချိတ်ဆက် စုစည်းကြတယ်။ညပိုင်းရောက်တော့ မြို့တော်ကီးယက် (Kiev) ရဲ့လွ တ်လပ်ရေး ရင်ပြင်မှာ ကျောင်းသား အများစုနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ စုစုပေါင်း ၁ ၅၀၀ လောက် စုမိကြတယ်။ သူတို့ဟာ ယူကရိန်းနိုင်ငံရဲ့ အလံတွေ ဥရောပသမဂ္ဂအလံတွေကို ကိုင်ဆောင်ဝှေ့ ရမ်းပြီး အစိုးရရဲ့ ဆုံးဖြတ်ချက်
ကို ပွနျရုတျသိမျးဖို့ တောငျးဆိုကွပါတယျ။ ဒီဆန် ဒပွပှဲကနေ ကမ်ဘာကြောျ ဂုဏျသိက်ခ ာတောျလှနျ ရေးကွီး ( Revolution of Dignity) မှေးဖှားလာပါတော့တယျ။ ကြောငျးသားလူငယျ ၁၅၀၀ ရဲ့ဆ န်ဒပွပှဲကနေ ယူကရိနျးပွညျသူပွညျသားသနျးနဲ့ခြီပွီးပါဝငျတဲ့ ဂုဏျသိက်ခာ တောျလှနျရေးကွီး အဖွစ်ကို ကြီးထွားလာရာမှာ အဆင့်သုံးဆင့်ကို ဖြတ် သန်းခဲ့တယ်လို့ သုံးသပ်ကြ ပါတယ်။(၁) ကျောင်းသားများ ဆန္ဒပြတောင်းဆိုတဲ့အဆင့်(၂) သပိတ်စခန်းဖွင့်ပြီး ခုခံတဲ့အဆင့် (၃)တွန်းလှန်တိုက်ပွဲဝင်တဲ့အဆင့် များဖြစ်ပါတယ်။
၂၀၁၃ နိုဝ င်ဘာ ၂၁ ညက မြို့တော်ကီးယက်ရဲ့ လွတ်လပ်ရေးရင်ပြင်မှာ စုရုံးဆန္ဒပြတဲ့အခါ ကျောင်းသား လူငယ်များနဲ့အတူ အတိုက်အခံနိုင်ငံရေးသမားတွေလည်း ပါဝင်ခဲ့ပါတယ်။ အတိုက်အခံပါတီရဲ့ ခေါင်းဆောင်တစ်ယောက်က နောက် သုံးရက်အတွင်း ကီးယက်မြို့တော်မှာ လူပေါင်းတသိန်းပါဝင်တဲ့ လူထုဆန္ဒပြပွဲကြီးတစ်ခုဆင်နွှဲဖို့လည်းအကြံပြုလိုက်တယ်။ တစ်ချိန်တည်းပဲ ယူကရိန်းရဲ့ တခြား မြို့ကြီးတွေမှာလည်း အလားတူကျေ ာင်းသားဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၂ ရက်မှာ ဒုတိယမြို့တော် လီဗစ် (Lviv)က ကျောင်းသားပြည်သူတစ်သောင်း ပါဝင်တဲ့ ဆန္ဒပြပွဲကြီးဟာ ယူကရိန်း တစ်နိုင်ငံလုံးကို လှုပ်နှိုးလိုက်ပါတယ်။ လီဗစ်မြို့မှာရှိတဲ့ စာသင် ကျေ ာင်း တွေ နဲ့ တက္ကသိုလ်က အုပ်ချုပ်ရေးအဖွဲ့တွေဟာ ကျောင်းတွေကိုတရားဝင်ပိတ်ပေးလိုက်ပြီး ဆရာဆရာမ တွေ လည်း ဆန္ဒပြပွဲကြီးအတွင်း ပါဝင်ခဲ့ကြတယ်။
လီဗစ်မြို့တော်ဝန်ကိုယ်တို င်လည်း ဆန္ဒပြပွဲကို ထောက်ခံပြီး သမ္မတယူနူကိုဗစ်ချ်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါတယ်။ ကျောင်းသား လူငယ်တွေ ဟာ လူထုတစ်သိန်းဆန္ဒပြပွဲကြီးဆင်နွှဲမယ့် ကီးယက်မြို့တော်ဆီကို လမ်းလျှောက်ချီတက် သွားကြတယ်။နိုဝင်ဘာ (၂၄) ကီးယက်မြို့တော်ဆန္ဒပြပွဲကြီးဟာ ဒီမိုကရေစီလိုလားတဲ့ ယူကရိန်းပြည်သူတွေရဲ့ ဆန္ဒကို ထင်ထင်ရှားရှားပြသနိုင်ခဲ့တဲ့ ပွဲကြီးဖြစ်ပါတယ်။ အနယ်နယ် က ကျောင်းသားတွေရဲ့ နိုင်ငံရေး စိတ်ဓာတ်ကို စုစည်းနိုင်ခဲ့ပါတယ်။ ကျောင်းသား တွေဟာ သပိတ်ကော်မတီ ဖွဲ့စည်းပြီး အစိုးရထံ တောင်းဆိုချက်တွေ ပို့ခဲ့ကြတယ်။
ဥရောပသမဂ္ဂနဲ့ ပူးပေါင်းရေးစာချုပ်ကိုလက်မှတ်ထိုးဖို့က အဓိက တောင်းဆိုချက်ပါ။ အစိုးရဘက်ကတော့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်ကို တစ်ခုမှ မလိုက်လျောခဲ့ပါဘူး။ နိုဝင်ဘာ ၂၂ ရက်ကတည်းက ဆန္ဒပြပွဲတွေကို တောက်လျောက်ဖြိုခွဲနေခဲ့ပါတယ်။ နိုဝင်ဘာ ၂၄ ရက် လူထုဆန္ဒ ပြပွဲကြီးကိုလည်း ရဲအင်အားအများ အပြားနဲ့ ဖြိုခဲ့ပါတယ်။ ဒါပေမဲ့ ရင်ပြင်ပေါ်က သပိတ်စခန်းကိုတော့ အပြီးအပြတ် မဖြိုခွဲနိုင်ခဲ့ပါဘူး။ အစိုးရဘက်က ဘာတောင်းဆို ချ က်ကိုမှ မလိုက်လျော တဲ့အခါမှာ တချို့က သပိ တ်စခန်းကနေ ထွက်သွားကြပါတယ်။ ကျေ ာင်းသား လူငယ်တွေ ငါးရာကျော်လောက်ပဲ တောင့်ခံရင်းကျန်ခဲ့တယ်။
နိုဝင်ဘာ ၃၀ ရက်နေ့ ညမှာ ရဲအင်အား ၂၀၀၀ လောက်က သပိတ်စခန်းကို အ ကြမ်းဖက် ဖြိုခွင်းပါတယ်။ရဲတွေကကျောင်း သားတွေကို ရက်ရက်စက် စက်ရိုက်နှက်နေတဲ့ဓာတ်ပုံတွေ နောက်ရက် ဒီဇင်ဘာ (၁) ရက်မှာ ပေါ်ထွက်လာပါတယ်။ ဒီဓာတ်ပုံတွေက ယူကရိန်းနိုင်ငံတွင်းမှာသာမက နိုင်ငံတကာကိုပါ ပလူပျံသွား ပါတယ်။ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ နေတိုး၊ နိုင်ငံတကာခရစ်ယာန်အသင်းတော်များ၊ နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းများက ယာနူကိုဗစ်ချ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချကြပါတယ်။ အစိုးရရဲ့ အကြမ်းဖက်မှုဟာ ဆန္ဒပြပွဲတွေကို မဖြိုခွဲနိုင်ရုံမက ကြီးမားတဲ့ နိုင်ငံရေးပေါက်ကွဲမှုကြီးကို ဖြစ်ပေါ် စေခဲ့ပါတယ်။ ကျောင်းသားလူငယ်အများစုဦးဆောင်တဲ့ ဆန္ဒပြလှုပ်ရှားမှုဟာ ပြည်သူလူထုရဲ့ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုကြီးအဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြည်သူ လူထု ငါးသိန်းဟာ ကီးယက်မြို့တော်ရဲ့ လမ်းမများနဲ့ ရင်ပြင်များပေါ်မှာ စုရုံးကြပါတယ်။

အ ကြမ်းဖက်မှု ကျူးလွန်တဲ့အစိုးရကို အာခံပြလိုက်တာပဲဖြစ်ပါတယ်။ ဒီအကြိမ် မှာ လူထုကြီးရဲ့ တောင်းဆိုချက်ဟာ ဥရောပသမဂ္ဂနဲ့ ပူးပေါင်းရေးမဟုတ်တော့ဘဲ အာဏာရှင်အစိုးရဖြုတ်ချရေး ဖြစ်လာပါတယ်။ လူထုကြီး ဟာလွတ်လပ်ရေးရင်ပြင်မှာ စုဝေးပြီး အစိုးရနုတ်ထွက်ပေးဖို့ တောင်းဆိုကြပါတယ်။ အစိုးရရဲ့ အထွေထွေ အုပ်ချုပ်ရေးရုံးကိုလည်း သိမ်းပိုက်လိုက်ပါတယ်။ အစိုးရဘက်ကလည်း ရဲအင်အားအများအပြားနဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေ ထပ်လုပ်ပါတယ်။ဒီဇင်ဘာ ၁၁ ရက်နေ့နောက်ပိုင်းမှာ လွတ် လပ်ရေးရင်ပြင်ဟာ သပိတ်စခန်းတစ်ခုထက် ခံတပ်တစ်ခုနဲ့ ပိုပြီး တူလာပါတယ်။ ရဲတွေ မဝင်နိုင်အောင် အရံအတားတွေ တည်ဆောက်ကြပါတယ်။
ခုခံရာမှာ ပိုပြီး စည်းလုံးလာသလို စနစ်လည်း ပိုကျလာပါတယ်။ ပြည်သူလူထုဟာ နိုင်ငံရေးအသိစိတ်လည်း အကြီး အကျယ်ပြောင်းလဲတိုးတက်သွားပါတယ်။ ဆန္ဒပြတာ၊ သပိတ် မှောက်တာလောက်နဲ့ မရတော့ဘူး ဆိုတာကို သဘောပေါက်သွားကြပါတယ်။ ယူကရိန်းနိုင်ငံကို တကယ့်အပြောင်းအလဲဖြစ်စေဖို့အတွက်၊ အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့အတွက်၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်စေဖို့အတွက်၊ လူဂုဏ် သိက္ခာအပြည့်အဝရှိတဲ့ လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲနိုင်ဖို့အတွက် တော်လှန်ရေးတစ်ခု ဆင်နွှဲရတော့ မယ်လို့ ပြတ်ပြတ်သားသားသိမြင်သွားကြပါတယ်။၂၀၁၄ ဇန်နဝါရီ ၁၆ ရက်နေ့မှာ အစိုးရက ဥပဒေအသစ် ထုတ်ပြန်ပါတယ်။ လူစုလူဝေးနဲ့ ဆန္ဒပြပွဲတွေကို တားဆီးပိတ်ပင်တဲ့ဥပဒေဖြစ် ပါတယ်။ အကြမ်းဖက်ဖြိုခွဲမှုတွေကိုလည်း ဆက်တိုက်လုပ်လာပါတယ်။ ဇန်နဝါရီ ၂၂ ရက်မှာတော့ မျက်ရည်ယိုဗုံးအပြင် သေနတ်နဲ့ပါ ပတ်ခတ်လာပါတယ်။
ဒါဇင်နဲ့ချီပြီး သေဆုံး ကြပါတယ်။အစိုးရဟာ တစ်ဘက်မှာ အကြမ်းဖက် ဖြိုခွဲမှုတွေနဲ့ ဖမ်းဆီးပစ်ခတ်မှုတွေကို လုပ်နေသလို တစ်ဘက်မှာလည်း အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံပြီး လူထုလှုပ်ရှားမှုကို အရှိန်လျော့ သွား အောင် ကြိုးစားပါတယ်။ နောက်တစ်နှစ်အကြာ ၂၀၁၄ ဒီဇင်ဘာလအတွင်းမှာ ရွေးကေ ာက်ပွဲ ထပ်လုပ်ပေးပါမယ်ဆိုပြီး အချိုသပ်ပါတယ်။ပြည်သူလူထုကတော့ အစိုးရရဲ့ ပရိယာယ်ကို သိနေပါတယ်။ အာဏာရှင်အစိုးရကို နောက်တစ်နှစ် ကြာ အောင် အသက်ရှင်ခွင့် မပေးချင်တော့ပါဘူး။ သူတို့အတွက် လက်ရှိအနေအထားနဲ့ ဆက်ပြီး တိုက်ပွဲ ဝင်တာဟာ အကောင်းဆုံးပဲလို့ မြင်နေပါတယ်။
ဒါကြောင့် အစိုးရကို တော်လှန်တိုက်ခိုက်တဲ့နည်းနဲ့ ဖြုတ်ချဖို့ပဲ ဆုံးဖြတ်လိုက်ကြပါတယ်။၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၈ ကနေ ၂၁ ရက်အထိ လူထုရဲ့ အပြင်းထန်ဆုံးတိုက်ပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အစိုးရ ဘက်ကလည်း အကြမ်းတမ်းဆုံးတုန့်ပြန်ခဲ့ပါတယ်။ အသံဗုန်းတွေအပြင်၊ AK74 လို စစ်မြေပြင် သုံးသေနတ်တွေရော၊ စနိုက်ပါ သေနတ်တွေရော အသုံးပြုခဲ့ပါတယ်။ရုရှဘက်က ထောက်ပံ့တဲ့ လက်နက် တွေဖြစ်ပါတယ်။
ယူကရိန်းရဲ့ ယူရိုငွေတိုက်စာချုပ် (Eurobond) တွေကို ဒေါ်လာ ၁၅ ဘီလျံဖိုး ဝယ်ယူဖို့ ရုရှားက စာချုပ်ချုပ်ပေးထားပါတယ်။ ယူကရိန်းနိုင်ငံမှာ အာဏာရှင်စနစ်အသက်ပြန်သွင်းဖို့ အတွက် ရုရှားနိုင်ငံက တစ်ဘက်လှည့်နဲ့ ကူညီလိုက်ခြင်းပါပဲ။ အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် ပြည်သူလူထုဘက်က လူတစ်ရာကျော် အသက်ဆုံးခဲ့ပါတယ်။ အစိုးရဘက်ကလည်း ရဲသား ၁၈ ယောက် သေဆုံးခဲ့ပါတယ်။ ပြည်သူလူထုကတော့ ဒီလိုအကြမ်းဖက်မှု တွေကြောင့် ကြောက်ရွံ့ပြီး နောက်မဆုတ်သွားခဲ့ပါဘူး။ အာဏာရှင်စနစ်ရဲ့ ဆိုးရွားမှုဟာ ဒီအကြမ်း ဖက်မှုထက် အဆများစွာကြောက်စရာကောင်းတာကို သိမြင်နေကြပါတယ်။
ဖေဖော်ဝါရီ ၂၁ရက်နေ့မှာ ပြည်သူလူထုက သမ္မတနန်းတော်ကို အတင်းဝင်ရောက်သိမ်းပိုက်ပါတယ်။ သမ္မတယာနူကိုဗစ်ချ်လည်း မိတ်ဆွေကြီးပူတင်ရှိရာ ရုရှားနိုင်ငံကို ထွက်ပြေးသွားပါတော့တယ်။ နောက်ရက်မှာ ယူကရိန်း လွှတ်တော်က သူ့ကို သမ္မတအဖြစ်က တရားဝင်ဖြုတ်ချလိုက်ပါတယ်။ ပြည်သူလူထုရဲ့ ဂုဏ်သိက္ခာ တော်လှန်ရေးကြီးဟာ ယူကရိန်းနိုင်ငံကို အနာဂတ်သစ်ဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ယူကရိန်းပြည်သူလူထုရဲ့ ဂုဏ်သိက္ခာတော်လှန်ရေးကြီးဟာ ကျောင်းသားလူငယ်တွေ ဦးဆောင်ခဲ့တဲ့ ဆန္ဒပြပွဲကနေ စပြီးရေတွက်ရင် ၉၂ ရက်တိတိ ကြာမြင့်ခဲ့ပါတယ်။ ဂုဏ်သိက္ခာတော်လှန်ရေးကြီးကို အောင်မြင်စေခဲ့တဲ့ အကြောင်းရင်းတွေထဲမှာ လူငယ်မျိုးဆက်သစ်တွေရဲ့ အခန်းကဏ္ဍက အလွန် အရေးကြီး ပါတယ်လို့ သမိုင်းပညာရှင်တစ်ယောက်က သုံးသပ်ပါတယ်။
A boy holds a poster during a memorial rally to commemorate people who were killed during the uprising on Maidan square a year ago, in Kiev February 22, 2015. REUTERS/Valentyn Ogirenko (UKRAINE – Tags: ANNIVERSARY CIVIL UNREST) – GM1EB2M1P2901
နိုဝင်ဘာ ၃၀ရက်နေ့ အကြမ်းဖက်ဖြိုခွင်းမှုဟာ သပိတ်စခန်းမှာ ကြံ့ကြံ့ခံနေတဲ့ ကျောင်းသားတွေကို အပြီးအပြတ်သုတ်သင်တဲ့ ပွဲပါ။ ရဲတွေက ကျောင်းသားတွေကို ရက်ရက်စက်စက်ရိုက်နှက်တဲ့ ဓာတ်ပုံ တွေဟာ အကြမ်းဖက်အစိုးရရဲ့ ရည်ရွယ်ချက်ကို ထင်ထင်ရှားရှားပြသနေပါတယ်။ ကျောင်းသားပေါင်း ၂၀၀ ကျော်ဟာ သပိတ်စခန်းနဲ့ တစ်ကီလိုလောက်ဝေးတဲ့နေရာက ခရစ်ယာန်ဘုန်းကြီးကျောင်းတစ်ခုကို ထွက်ပြေးပုန်းအောင်းခဲ့ရပါတယ်။ နောက်ရက်မနက်မှာ သူတို့ ပုန်းနေတဲ့နေရာကို အတိုက်အခံ နိုင်ငံရေး သမားတွေ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒဏ်ရာရနေတဲ့ ကျောင်းသားတွေက “ ကျွန်တော်တို့ လုံးဝအလျှော့မပေးဘူး ပြီးဆုံးတဲ့အထိ ဆက်ပြီး တိုက်ပွဲဝင်မယ်” လို့ ပြန်ပြောခဲ့ပါတယ်။ ကျောင်းသား လူငယ်တွေရဲ့ ဇွဲသတ္တိဟာ ပြည်သူလူထုဆီကို ကူးစက်သွားပြီး အားလုံးဟာ တစည်းတလုံးတည်း ဖြစ် သွားခဲ့ပါတယ်။ မိဘတွေနဲ့အတူ သက်ကြီးရွယ်အိုတွေ လည်း ပါဝင်လာကြပါတယ်။
အမျိုးသား တွေနဲ့အတူ အမျိုးသမီးတွေလည်း ပါဝင်လာကြပါတယ်။ အရွယ်ပေါင်းစုံ လူတန်းစားပေါင်းစုံပါဝင်တဲ့ တော်လှန်ရေးကြီးဖြစ်ပါတယ်။ ဒီစုစည်းမှုနဲ့ အောင်ပွဲခံခဲ့တာပါ။ယူကရိန်းပြည်သူလူထုရဲ့ တော်လှန်ရေးကို ခိုင်မာအားကောင်းစေတဲ့ ယုံကြည်ချက်တစ်ခုရှိပါတယ်။ “အာဏာရှင်စနစ်အောက်မှာ ဂုဏ် သိ က္ခာကင်းမဲ့တဲ့ဘဝမျိုးနဲ့ အသက်ရှင်မယ့်အစား အသက်နဲ့ရင်းပြီး တော်လှန်တာက ပိုပြီး ဂုဏ် သိ က္ခာရှိတယ်” ဆိုတဲ့ ယုံကြည်ချက်ဖြစ်ပါတယ်။ ဒီယုံကြည်ချက်ကြောင့် သူတို့ရဲ့ တော်လှန်ရေးဟာ ဂုဏ်သိက္ခာတော်လှန်ရေးဆိုတဲ့ အမည်ကို ရရှိခဲ့ခြင်းပါပဲ။