ယောင်္ကျားထုကြီး နဲ့ အပြိုင် ရှေ့ကနေကြောက်ရွံ့ခြင် းမရှိဘဲ အင်တိုက် အားတိုက် ပါဝင်လှုပ်ရှား နေတဲ့ မိစန္ဒီ

Posted on

ခုဆိုရင် အရှိန်အဟုန်ကောင်းလျက် ရှိနေတဲ့ လှုပ်ရှားမှုကြီးဟာ အရင်လိုငြိမ်းငြိမ်း ချမ်းချမ်း မရှိတော့ဘဲ ပြည်သူတွေဟာ အန္တရာယ်တွေ အပစ်အခတ်တွေနဲ့ ဖြိုခွင်းခံရမှုတွေကိုရင်ဆိုင်ရလို့ အသက်ဆုံးရှုံးရသူတွေလည်း မနည်းတော့ပါဘူး ။ဒါပေမယ့်လည်း မိမိတို့ယုံကြည်ရာ မျှော်လင့်ချက်တွေ အတွက် နောက်မဆုတ်ဘဲ တစ်ယောက် နဲ့တစ်ယောက်ကူညီဖေးမရင်း ရှေ့ဆက်လှမ်းနေကြတာပါ။

ယောကျာ်းလေးတွေကလည်း ရဲရဲဝင့်ဝင့်ပါဝင်ကာကွယ်ကြသလို မိန်းကလေးတွေ က လည်း ယောင်္ကျားထုကြီး နဲ့အပြိုင်လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာလည်း တစ်ကယ်ကိုလေးစားစရာပါ။ပြည်သူအားလုံးက သူတို့တတ်နိုင်တဲ့ဘက်ကနေ ရသလောက်တီထင်ကြံဆကာ အစွမ်းကုန် ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။

အလွှာအသီးသီးက အနုပညာရှင်တွေပါမကျန်ပါဝင်အားဖြည့်ပေးနေတာကြောင့် ပြည်သူ တွေ ကလည်း အားတတ်ခဲ့ကြတာလည်းအမှန်ပါပဲ။ဒီအနုပညာရှင်တွေထဲမှာဆိုရင် မိစန္ဒီလည်းအပါအဝင်ပါပဲ။လှုပ်ရှားမှုတွေ စတင်ခဲ့ချိန်ထဲက လမ်းမပေါ်ထွက်ကာပြည်သူနဲ့အတူရပ်တည်ခဲ့တာဒီနေ့ထိဆိုတာအားလုံးသိရှိပြီးဖြစ်ပါတယ်။ အခုလည်း ယောင်္ကျားထုကြီးနဲ့အပြိုင် ရှေ့ကနေအန္တရာယ်တွေကိုမမုဘဲပါဝင်နေတာလေးစားလွန်းတာကြောင့် ပရိသတ်ကြီးအတွက် မိစန္ဒီရဲ့ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

Source & Photo Credit : Mi Sandi Facebook Page

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *