ယုံကြည်မှု တွေ နည်း လာလို့ အဆောင် လက် ပတ် ပတ်ထား ရခြင်း နောက်ကွယ် နှင့် နောက်ဆက်တွဲ..

Posted on

ပရိတ်ကြိုးပတ်ရတဲ့အဆင့်ကို ရောက်နေပြီ ဆိုကတည်းက.. Belief System ယုံကြည်တဲ့ သူတွေ အပြော.. အတော့်ကိုကံမကောင်းဘူးလို့ ထင်နေလို့ ယုံကြည်ရာ အဆောင်တစ်ခုခု ထားရပါတယ် ဆိုတဲ့ အဖြစ်ဖြစ်လာတယ်။

Press Conference မဟုတ်တဲ့ တနေရာမှာ အခြား သတင်းသမားတွေမပါဘဲ သူ့မိန့်ခွန်း ခြွေနေရ တယ် ဆိုကတည်းက သူ့ Security အတွက်ပါ သူ မလုံတော့။ ဆိုကြပါစို့ ဂျိုးဘိုင်ဒန် အိမ်ဖြူတော်မှာ ပြောနေရင် အောက်မှာ Press တွေ ရှိပါတယ်။ သူ အိမ်ဖြူတော်က ပြောနေတယ်လို့ အတိအလင်း လူတိုင်း သိပါတယ်။ အခု မအလ လွှင့်ခဲ့တဲ့ ၂ ခုဟာ နေရာတခုတည်း မဟုတ်ပါ။ ဘယ်မှာ လည်းလို့ မပြောပါ။

Bulletproof Vest ဝတ်ပြီး ဘုန်းကြီးသွားကပ်တဲ့ ပုံနောက်ပိုင်း public areas တွေ မသွားတော့တာ သတိထား မိမှာပါ။ သွားလို့လည်း မရပါ။

လူမိုက်တွေ နယ်ကျဉ်းလာသလို.. ဆွဲထည့်တာများလေလေ သူ ယုံကြည်ရတဲ့ သူ့ capacity ဟာ နည်းလေလေပဲ။ ရှင်းပြမယ်။ အားလုံးဟာလည်း သူ့ network နဲ့ သူနေနေကြတာပါ။ အရင် Ex-General အသိုင်းအဝိုင်းက တယောက် ဖမ်းလိုက်ရင် အခြားသူတွေလည်း မျက်ခုံးလှုပ်သလို လက်မခံတဲ့ အဖြစ်ဖြစ်လာမယ်။ သက်ဆိုင်ရာ civilians တွေမှာ လည်း တပ်နဲ့ နွယ်တဲ့သူတွေ ရှိကြပါတယ်။ ဥပမာ နိုင်ငံရေးသမား ပေမယ့် အမျိုးထဲ Connection တွေထဲ စစ်တပ်ထဲမှာ လက်ရှိ တာဝန်ထမ်းနေတဲ့ အရာရှိ အရာခံ အကြပ်စစ်သည်တွေ တပုံကြီးပါ။ မြန်မာစကားရှိပါတယ်။ “လက်သည်းဆိတ် လက်ထိပ်နာ” ဆိုသလို အခုလို လုပ်တာ လက်မခံတဲ့သူတွေ တပုံကြီး။

အဲဒီတော့ ဆွဲထည့်လေလေ သူယုံကြည်ရမည့်သူ နည်းလေလေ သူတို့အချင်းချင်း အတွက်ပင်လျှင် ဘောင်ကျဉ်းလာလေလေ ဖြစ်လာတာ အားလုံး သိထားသင့်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ ထိုအကြောင်းကြောင်းတွေရဲ့ နောက်ဆုံးရလာဒ်ဟာ.. အချိန်မရွေး လူယုံကတောင် ပြန်ဆော်သွားနိုင်တဲ့ အဖြစ်ဖြစ်လာနိုင်တယ်။

မောင်ပိုင်စီး သတင်းဌာနတွေရဲ့ သတင်း ဖြတ်ညှပ်ကပ်တွေ၊ အရင်အဟောင်းတွေ ပြန်လွှင့်တာတွေ၊ သဏ္ဍာန်လုပ် သရုပ်ဖော် သတင်းတွေကို ဂျင်းသတင်းတွေမှန်း လူတိုင်းသိပါတယ်။ USDP အားပေးတဲ့ လူတွေတောင် ဟားနေကြတယ်။ ဆိုလိုတာက မီဒီယာတိုက်ပွဲမှာ စစ်အာဏာရှင်ဟာ ပြားပြားဝပ် ရှုံးပြီးသားပါ။ ဘယ်လိုမှ အဖတ်ဆယ်လို့ မရတော့ပါ။

အခု ညစဉ်ဆွဲကြတယ်။ သူတို့ ဘယ်လောက်ထိ ဆွဲနိုင်မှာလဲ။ အပေါ်ကပြောသလို ဆွဲလေလေ လက်သည်း စိတ် လက်ထိပ်နာ ငါ့အမျိုး ငါ့မိတ်ဆွေ ငါ့ connection ရဲ့ ရန်သူ အမုန်းကြီး မုန်းသူဟာ ငါ့ရန်သူလို့ ဖြစ်လာတာတွေများလေလေ စစ်အာဏာရှင် နိဂုံးချုပ်ဖို့ နီးလာလေလေပါပဲ။

ပန်တဂွန် သွားမယ် ဆိုတဲ့ မတိုင်ခင် အိန္ဒိယသမ္မတ မိုဒီ နဲ့ အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ မြန်မာ့အရေး ဖုန်းပြော ဖြစ်တယ် ဆိုကတည်းက အလကား မဟုတ်ပါ။ အိန္ဒိယဟာ တရုတ်နဲ့ နယ်နမိတ် ပြဿနာကြောင့် သူ့အတွက် ထောက်ခံမှု ရအောင် မြန်မာပြည်ကို အန်တီ့လက်ထက်မှာ အများကြီး မျက်နာရအောင် လုပ်ခဲ့တယ်။ ကိုယ်က သွားဖားရတာ မဟုတ်ဘူးနော်။ သူတို့ကိုယ်တိုင်က favor လာပေးတာ။ ရေငုပ်သင်္ဘော၊ ကိုဗစ်ဆေး လိုတာပြော ဆိုတဲ့ သဘောနဲ့ ။ အကုန်ပူဆာ အကုန်ရပါတယ်။ အောက်ကြေးတွေနဲ့ ပေးတယ်။

အခု မအလ လုပ်ရပ်ဟာ အိန္ဒိယ အတွက် အကြီးအကျယ် ဒေါသထွက်စေတယ်။ မိုဒီ နဲ့ ဘိုင်ဒန် ဖုန်းပြောတာ အလကား ပြောတာ မဟုတ်သလို.. ဘိုင်ဒန်က စစ်အာရှင်ကို အာဏာစွန့်ဖို့ ပြောတာ၊ ပန်တဂွန် သွားမယ် ဆိုတာတွေဟာ အလကား ပြောသွားတာ မဟုတ်ဘူး။

တချိန်က ပါကစ္စတန်ကို မျက်နှာသာပေးလို့ အိန္ဒိယဟာ အမေရိကန်ကို အမြင်ကတ်ပေမယ့် ပေးတဲ့လက် ပြန်ကိုက်တဲ့ ပါကစ္စတန် ကို အမေရိကန်တွေ မကျေနပ်လို့ အမေရိကန် နဲ့ ပါကစ္စတန် ဆက်ဆံရေးဟာ ပြောင်းလဲသွားသလို.. တရုတ်နဲ့ နယ်စပ်နယ်မြေ ကိစ္စကြောင့် အိန္ဒိယနဲ့ အမေရိကန် ဆက်ဆံရေးဟာ တိုးတက်လာပြန်ပါတယ်။

ခင်ဗျားအိမ်ဘေးမှာ ပထွေးက အိမ်သူ အိမ်သားတွေ အနိုင်ကျင့်ရင် သက်ဆိုင်ရာ ရဲစခန်းကို ခေါ်သလိုပေါ့။ အိန္ဒိယက ကမ္ဘာ့ပုလိပ် အမေရိကန်ကို လှမ်းပြောတာ မဆန်းပါ။ လတ်တလော တစ် ဘီလီယံ သိမ်းသွားပြီ။

အာဏာစွန့်ဖို့ ရာဇသံဟာ အလကား ပေးထားတာ မဟုတ်ပါ။ အမေရိကန် သမ္မတ အသစ်တက်လာတိုင်း သူတို့ ပါဝါကြီးကြောင်း Exercise လုပ်ပြတတ်ပါတယ်။

I am just reporting ပါ။ (Myo Han Htun)

Leave a Reply

Your email address will not be published. Required fields are marked *